ဤကြော်ငြာမှာ သက်တမ်းကုန်သွားပါပြီ။
ရန်ကုန်မြို့တဖတ်ကမ်း ဒလမြို့မှ မိနစ်၂၀အကွာအဝေးတွင်တည်ရှိပါသည် တောင်မြေအမျိုးအစားဖြစ်ပါသည် တဧကတိတိကျယ်ဝန်းပါသည်။ ခြံပါတ်လည် အုတ်တိုင်များစိုက်ထားပါသည် ခြံကိုလဲရှင်းထားပါသည် ။ရွာမြေဖြစ်ပါသည်။အခွန်ဆောင်စလစ် ရရှိထားပါသည်။ ရေမီးထည့်ပေးပါမည်။မီးတိုင်မှာ တခြံကျော်တွင်တည်ရှိပါသည်။ နွေမိုးဆောင်းကားရောက်ပါသည်။မြေကောင်းရေကောင်း သောကြောင့်ကြိုက်နှစ်သက်ရာအသီးအပင်များစီးပွားဖြစ်စိုက်ပျိုးနှိုင်ပါသည်။ရဲစခန်းစစ်တပ်စာသင်ကျောင်း အမျိုးသမီး စင်တာ နှင့် နိုင်ငံခြားသားများအမြဲမပျက်လာရောက်လည်ပါတ်လျက်ရှိသော ဗောင်းတော်ချုပ် ဘုရား၊ မြွေများမျောက်များစွာရှိသော ရေလည်ကန်တော်ဘုရား၊ ကြိုက်ဖူးကြိုက်ပါ ဘုရား အစရှိသော နာမည်ကြီးဘုရားပုထိုးများဝန်းရံနေပါသည်။ သိန်း၁၅၀၀တန် မြေ ပေါ်တွင် သိန်း၅၀၀တန် အိမ်တလုံးဆောက်၍ သိန်း၂၀၀တန်ကားလေးတစီးနှင့်အတူ နိုင်ငံခြားဆန်ဆန်ခြံကျယ်ကျယ်လေး မှာ သင်နေထိုင်နှိုင်ပါသည်။တွံတေးနှင့်ဒလကြားတွင်တည်ရှိပါသည်။ ကျွဲကောပင် ၅၀ စိုက်ပျိုးထားပါသည်။နွေရာသီ ရေပေးသွင်း၍စပါးစိုက်ပျိုးမှုများကြောင့် တနှစ်ပါတ်လုံး စိမ်းစိုနေသော ဒေသဖြစ်ပါသည်။တွံတေးမြို့သို့ ၁၀မိနစ် ဒလမြို့သို့ ၂၀မိနစ် အကွာတွင်တည်ရှိပါသည် ။YBS နှင့် ယာဉ်ငယ်များလည်းပြေးဆွဲလျက်ရှိပါသည်။ ရန်ကုန်မြို့တွင် သိန်း၁၅၀၀ပေး၍ တိုက်ခန်းကျဉ်းအတွင်းနေထိုင်လျှက် ကားပါကင်မရှိ လူပေါင်းစုံနှင့်လုံခြုံမှုကင်းမဲ့ပြီး မသန့်ရှင်းသော အစားအသောက်များနှင့်နေထိုင်နေရသော ရန်ကုန်လူနေမှုစနစ်မှကင်းဝေးပြီး သန့်ရှင်းလက်ဆက်သောသားငါးများအသီးအရွက်များနှင့်လေကောင်းလေသန့်များရှူရိုက်ပြီး ရန်ကုန်မြို့နှင့်မိနစ်၂၀ခန့်အကွာအဝေးတွင် အေးခြမ်းတိတ်ဆိတ်စွာသင့်မိသားစုဘဝကို စတင်နှိုင်ပါပြီ။ ဒလတံတား မှာလည်း လျှင်မြန်စွာဆောက်လုပ် နေပါသည်။ သိန်း၁၅၀၀ တန် ကားတစီးစီးနှင့်လည်း အလဲအထပ်လုပ်နှိုင်ပါသည်။40/60 အကွက်ပေါင်း၂၀ခန့်နှင့်ညီမျှသော တဧကအကျယ် မြေကွက်ဖြစ်ပါသည်။
ဤကြော်ငြာကို နှစ်သက်သူများ => (1) ဦး