ဤကြော်ငြာမှာ သက်တမ်းကုန်သွားပါပြီ။
အဆင့်မြင့်ပြင်ဆင်ပြီး အသင့်နေထိုင်နိုင်သော လုံးချင်းအိမ်နှင့်ခြံ
ခြံအကျယ် ပေ ၁၀၀ ပါတ်လည်
အိမ်အကျယ် - ပေ(၄၀) x ပေ(၃၀) (Bungalow type)
အိမ်အတွင်း - ဧည့်ကြိုဧည့်ခန်း၊ ဧည့်ခန်း၊ ဝရံတာ၊ မီးဖိုခန်း ၊ အိမ်သာ ရေချိုးခန်းတွဲလျက်ပါသော (Master Bedroom) အိပ်ခန်း (၂) ခန်း၊ စတိုခန်း (၁)ခန်း၊ ကားပေါ်တီကို၊ ခြေလက်နှင့်ပန်းကန်ဆေးရန် အိမ်နောက်အဖီနှင့်ရေသုံးရန်နေရာ
ခြံခတ်ပြီး၊ ရေမီးစုံ၊ရေတွင်းနှင့် ရေလျှံတွင်းရိုက်ပြီး
ထိန်းသိမ်းထားသော မြက်ခင်း၊ ယိုးအယား အလှပန်းပင်မျိုးစုံ ပါဝင်သောပန်းခြံနှင့် သီးပင်စားပင်များ
မိုးရာသီတွင် ခြံအတွင်းဖြတ်သန်းစီးဆင်းသော သဘာဝစမ်းချောင်းငယ်အား ရေကူးနိုင်စေရန် အုတ်ဘောင်စီထားပါသည်။
သထုံမြို့လည်ခေါင်မှ ၅ မိနစ်ခန့်ကားမောင်းလျှင် ရောက်ရှိနိုင်သော သုဓမ္မဝတီမြို့သစ်ရှိ အချက်အချာကျသော (AH-1 အာရှလမ်းမကြီး နှင့် ကပ်လျက်လမ်း) အလွန်သန့်သော ရပ်ကွက်တွင် တည်ရှိသောကြောင့် ရင်းနှီးမြှုတ်နှံလိုသူများ၊ မြို့ပြရဲ့မွန်းကျပ်မှုများမှ ကင်းဝေးရာတွင် အနားယူလိုသူများအတွက်သာမက သထုံမြို့တွင်းရှိနေထိုင်လိုသူများအတွက်ပါ အလွန်သင့်တော်သောနေရာဖြစ်ပါသည်။
ရန်ကုန်မြို့မှ ၅ နာရီခန့်မောင်းရုံမျှဖြင့် ရောက်ရှိနိုင်သောကြောင့် ပိတ်ရက်တွင်မိသားစုများလာရောက်အနားယူအပမ်းဖြေဖို့ရာ အလွန်သင့်တော်သော နေရာတွင်ရှိပါသည်။
အနီးတဝိုက်တွင် သဘာဝထုံးကျောက်ဂူများ၊ ရေပူစမ်းများ၊ ရေတံခွန်များ၊ ဇွဲကပင်တောင်၊ မြန်မာနိုင်ငံ၏ ပထမဆုံး နိုင်ငံတကာအဆင့်မီပန်းခြံဖြစ်သော ချစ်သူ့မြိုင်ပန်းခြံ၊ ရွှေစာရံဘုရား၊ မြသပိတ်တောင် အစရှိသဖြင့် အထင်ကရနေရာများစွာရှိပါသည်။
မြေအမျိုးအစား - ဂရမ်မြေ (အမည်ပေါက်လျှောက်၍ရ)
အရှုတ်အရှင်းလုံးဝကင်း
ဈေးနှုန်း - သိန်း ၉၅၀
(မကြာခင် ဈေးတက်ရန်ရှိပါသည်)
▀▀▀▀▀▀▀▀▀▀▀▀▀▀▀
အဓိကမြို့ကြီးများမှ အကွာအဝေးများ
.
သထုံမြို့လည်ခေါင်မှ - ၅ မိနစ်ခန့်
ဘားအံမြို့မှ - ၃၀ မိနစ်ခန့်
မော်လမြိုင်မြို့မှ - ၁ နာရီခန့်
ရန်ကုန်မြို့မှ - ၅ နာရီခန့်
▀▀▀▀▀▀▀▀▀▀▀▀▀▀▀
ဤကြော်ငြာကို နှစ်သက်သူများ => (0) ဦး