ဤကြော်ငြာမှာ သက်တမ်းကုန်သွားပါပြီ။
ရှမ်းပြည်နယ် တောင်ပိုင်း ရွာငံမြို့တွင် မြေကွက်တကွက်ရောင်းချင်ပါတယ်။ ရွာငံမြို့ကတော့ မန္တလေး-တောင်ကြီးဆက်သွယ်ထားသည့် အာဆီယံလမ်းမကြီးပေါ်တွင်တည်ရှိပါတယ်။ မန္တလေးမြို့မှ ၃နာရီ၊ တောင်ကြီးမှ ၃နာရီိခန့် ကားမောင်းချိန်အကွာအဝေးမှာရှိပါတယ်။ အောင်ပန်းမြို့မှ ၁နာရီ အကွားဝေးတွင်ရှိပါတယ်။ အိမ်ပါပါတယ်။ အိမ်ကတော့ ပေ ၃၀ ပတ်လည်လောက်ရှိပါတယ်။ ရေချိုးခန်း၊ အိမ်သာ ကြွေပြားကပ်၊ ရေစင်ပါပြီး။ ကိုယ်ပိုင်မီတာ၊ Jica ရေပိုက်သွယ်ထားပြီး ဈေးနီး၊ ဆေးရုံနီး၊ ကျောင်းနီး၊ မြို့လယ်ဘုန်းကြီးကျောင်းနီးပြီး မြို့လယ်ခေါင်တွင်ရှိပါတယ်။ မြေကွက် အကျယ်အဝန်းက မျက်နှာစာ ပေ ၁၀၀ ကျော်၊ အနောက်ကိုတော့ ၂၂၀ ပေ အကျယ်ရှိပါတယ်။ ခြံထဲတွင် ထောပတ်ပင်(လက်ရှိသီးနေ) နှင့် ပျိုးပင်များအပြင် ဒညင်း၊ ချယ်ရီ၊ နှင့် ဝါးပိုးဝါးရုံအပြင် အခြားဝါးအသေးရုံများလဲရှိပါတယ်။ ငှက်ပျောပင်များလည်း ပါဝင်ပါတယ်။ မြေကွက်က အရှုပ်အရှင်းကင်းပါတယ်။ ဂရမ်မြေပါ။ ရွာငံမြို့မှထွက်သည့် ကော်ဖီများမှာ နာမည်ကြီးပါတယ်။ Genius coffee, ရွှေရွာငံကော်ဖီတို့သည်လည်း ရွာငံမြို့မှ ထုတ်လုပ်သည့် ကော်ဖီများဖြစ်ပါတယ်။ အနီးနားရွာများတွင်လည်း စတော်ဘယ်ရီခြံ၊ လိမ္မော်ခြံများလည်းရှိသည့်အတွက် ကိုယ်တိုင်သွားရောက်ခူး၍ ဝယ်ယူနိုင်ပါတယ်။ ယခုလက်ရှိအချိန်တွင် အပူချိန်ကို ရှောင်ရန် အကောင်းဆုံးနေရာလည်းဖြစ်ပါတယ်။ နွေရာသီယခုလိုအချိန်မျိုးမှာတောင် ညနေဘက်ဆို အနွေးထည်ဝတ်ရပါတယ်။ Facebook တွင်နာမည်ကြီးနေသည့် မြသပိတ်ရေပြာအိုင်၊ မိန်းမရဲသခင်မတောင်၊ တောကျယ်ရေတံခွန်၊ အလယ်ချောင်ရေတံခွန်၊ ရေဝင်ဂူတို့နှင့် နာရီပိုင်းအကွာအဝေးရှိပါသည်။ စိတ်ဝင်စားခဲ့သည်ဆိုပါက ၀၉၄၃၀၉၈၉၄၄၊ ၀၉၇၉၈၈၁၄၈၁၇ ကို ဆက်သွယ်နိုင်ပါသည်။
ဤကြော်ငြာကို နှစ်သက်သူများ => (1) ဦး