ဤကြော်ငြာမှာ သက်တမ်းကုန်သွားပါပြီ။
ရောင်းဈေး သိန်း ၁၃၀၀၀ (ယခင် သိန်း ၁၅၀၀၀ မှ ဈေးလျှော့လိုက်ပါပြီ တေ့တေ့ဆိုင်ဆိုင်ဆိုထပ်လျှော့ပါဦးမည်)
မရမ်းကုန်းမြို့နယ် ၉မိုင်၊ ပြည်လမ်းမကြီးအနီး Ocean super market နှင့်လည်နီးသော မြေအကျယ်အဝန်း ၆၅၀၀ sqft ပေါ်တွင် အဆောက်အဦးနှစ်လုံးပါရှိသော ယခင်ကဟိုတယ်အသေးစား/တည်းခိုခန်း လုပ်ငန်းလုပ်ကိုင်ခဲ့ပြီး ပိုင်ရှင်မှအသက်ကြီးအငြိမ်းစားယူပြီး နိုင်ငံခြားတွင် အပြီးတိုင်သွားရောက်အခြေချတော့မည်ဖြစ်ပါ၍ အမြန်ရောင်းလိုပါသည်။ ပိုင်ဆိုင်မှုခိုင်မာသော ဘိုးဘွားပိုင်မြေဖြစ်ပြီး အိမ်အနောက်ကပ်ရပ်ခြံတွင်လက်ရှိနေထိုင်နေသော မြေပိုင်ရှင်ကိုယ်တိုင် လက်မှတ်ထိုးပေးပါမည်။ အရှုပ်အရှင်းလုံးဝ(လုံးဝ) မရှိပါ။
အဆောက်အဦးနှစ်လုံးတွင် အကြီးတစ်လုံးမှာ ခြံအရှေ့ဘက်တွင်ရှိပြီးနှစ်ထပ်အဆောက်အဦးဖြစ်ပြီး ရေချိုးခန်း၊အိမ်သာတွဲရက်ပါဝင်သောအိပ်ခန်းပေါင်း ၁၁ခန်းနှင့် ဧည့်ခန်း အရှည်အကြီးတစ်ခုပါရှိပါသည်။ အိပ်ခန်းတိုင်း တွင် လေအေးစက်ပါရှိပြီး မီးပျက်ခဲသောနေရာဖြစ်ပါသည်။ ပါဝါမီတာတစ်လုံး၊ ရိုးရိုးမီတာတစ်လုံးနှင့် လိုင်းဖုန်း တစ်လုံးပါရှိပါသည်။ ခြံ၏အရှေ့မှ အနောက်သို့အရှည်လိုက် နေရာတွင် ရေကူးကန်တည်ရှိပြီး ရေကူးကန်ကို မျက်နှာပြုပြီး ခြံအနောက်ဖက်ကပ်ရက်တွင်တည်ဆောက်ထားသောနှစ်ထပ်အိမ် အပေါ်ထပ် တွင်ဘားကောင်တာရှည်နှင့် ကျယ်ပြန့်သော ဝရံတာရှိပါသည်။ အောက်ထပ်မှာ အဖွင့်ပုံစံမှန်တခါးရှည်များနှင့်ဖြစ်ပြီး ထမင်းစားခန်းအဖြစ် အသုံးပြုနိုင်ပါသည်။ဘားအဆောက်အဦး၏အပြင်ဘက်တွင်လည်း ရေအိမ်လုံးနှင့် ရေချိုးခန်းတစ်ခန်း အပိုပါရှိပါသည်။ ပစ္စည်းများသိုလှောင်ရန် အတွက်အိမ်မကြီး၏အနောက်ဖက်ခြမ်းတွင် ကျယ်ပြန့်သောမြေအောက်ခန်းရှိပါသည်။ လာရောက်ကြည့်ရှုလိုပါကဖုန်းဆက်ပြီး ဆက်သွယ်နိုင်ပါသည်။
ဖုန်း -- 09251035234
ဤကြော်ငြာကို နှစ်သက်သူများ => (1) ဦး