ဤကြော်ငြာမှာ သက်တမ်းကုန်သွားပါပြီ။
အလုံမြို့နယ် အောင်ဇေယျလမ်းတွင် ရှိပြီး ရှေ့လမ်းကျယ် ဈေးနီး ကျောင်းနီး ကားမှတ်တိုင်နီး၍ သွားလာရေး အလွန်အဆင်ပြေသော နေရာကောင်းလေးဖြစ်ပါသည်။ 15’x60’ သုံးလွှာ ဒုတိယထပ်ဖြစ်ပြီး ရှေ့ဝရန်တာ ကြွေပြားခင်းကပ်ထားပါသည်။
မိသားစုအိပ်ခန်းတစ်ခန်း နှစ်ယောက်အိပ်ခန်းတစ်ခန်း နှစ်ခန်းဖွဲ့ထားပြီး အိပ်ခန်းနှစ်ခန်းကြားတွင် စတိုခန်းတစ်ခန်းပါ ဖွဲ့ထားပါသည်။
ဧည့်ခန်းကျယ် ဘုရားခန်းနှင့် အိပ်ခန်းများတွင် ကျွန်းပါကေးခင်းထားပါသည်။ ဧည့်ခန်းတွင် တစ်ကောင်ခွဲ Aircon တစ်လုံးနှင့် မိသားစုအိပ်ခန်းတွင် တစ်ကောင် Aircon တစ်လုံး တပ်ဆင်ထားပါသည်။ မီးဖိုခန်း ရေချိုးခန်းနှင့် အိမ်သာခန်းများတွင် ကြွေပြားခင်းကပ်ထားပါသည်။ မီးဖိုခုံအထက်တွင် အနံ့စုပ်စလောင်းနှင့်မော်တာတပ်ဆင်ထားသည်။ အိမ်သာ ဗိုလ်ထိုင်ဖြစ်ပြီး ကိုယ်ပိုင် မော်တာ မီတာ တပ်ဆင်ထားပါသည်။
အိပ်ခန်းနှင့် စတိုခန်းများတွင် ပစ္စည်းတင်ရန် တန်းများတပ်ဆင်ထားပါသည်။ အိမ်ရှေ့ဝရန်တာ သံပန်း Sun Shade နှင့် မိန်းတံခါး ပြူတင်းများအားလုံး သံပန်းတပ်ဆင်ထားပြီးဖြစ်ပါသည်။ ရပ်ကွက်တွင်း လူနေသန့်၍ ဆိပ်ငြိမ်သော ပတ်ဝန်းကျင်ကောင်းရှိပြီး အိမ်ရှေ့လမ်းကျယ်ဖြစ်ပြီး နှစ်ဖက်လမ်းများမှာလည်း လမ်းကျယ်ဖြစ်ခြင်းကြောင့် အချိန်မရွေး ကားပါကင် ပူစရာမလိုပါ။
အစစ အရာရာ အဆင်ပြေသော နေရာကောင်းတိုက်ခန်းလေးအား ပိုင်ရှင်ကိုယ်တိုင်ရောင်းမည်ဖြစ်၍ စိတ်ဝင်စားပါက အချိန်မရွေး ဆက်သွယ်နိုင်ပါသည်။ ၀၉၉၆၃၆၂၃၈၆၀၊ ၀၉၇၉၉၁၁၁၂၅၈
ဤကြော်ငြာကို နှစ်သက်သူများ => (2) ဦး