တိုက်ခန်းရောင်းရန်ရှိသည်

ပုံကြီးချဲ့ရန် နှိပ်ပါ

  • တိုက်ခန်းရောင်းရန်ရှိသည် - ရောင်းရန် - သာကေတ (Thaketa) - ရန်ကုန်တိုင်းဒေသကြီး (Yangon Region) - 300 သိန်း (ကျပ်) - S-4633233 | iMyanmarHouse.com

20 Feb 2018 11:38 am တွင်ကြော်ငြာတင်ခဲ့သည်437 ကြိမ် ကြည့်ရှု့ပြီးကြော်ငြာနံပါတ် S-4633233

သာကေတ | ရန်ကုန်တိုင်းဒေသကြီး

တိုက်ခန်း

အိပ်ခန်း 1 ခန်း ရေချိုးခန်း 1 ခန်း

ဈေးနှုန်း 300 သိန်း (ကျပ်)

#အခန်းကျယ် အလွှာနိမ့်ကို ဈေးတန်တန်နဲ့ရမယ့်အခွင့်အရေး။

#နေရာ - သာကေတ၊ ၄ ရပ်ကွက်၊ မြို့မလမ်းသွယ်။
#အလွှာ - တတိယထပ်
#အကျယ်အဝန်း - ၁၈ ပေ ၅၄ ပေ

သာကေတမြို့နယ်၊ ၄ ရပ်ကွက်၊ မြို့မလမ်းသွယ်၊ မြင်တော်သာလမ်းမကြီး အနီးက အကျယ်အဝန်း ၁၈ ပေ ၅၄ ပေ အကျယ်ရှိတဲ့ တိုက်ခန်းရဲ့ တတိယထပ် တိုက်ခန်းလေးကို ဈေးတန်တန်နဲ့ မိတ်ဆွေတို့လက်ထဲအရောက်ပို့ပေးပါရစေ။

ကားဂိတ်နီး ဈေးလဲမဝေးတဲ့အပြင် အလွှာကလဲအနိမ့်၊ အိမ်ရှေ့ဝရံတာနဲ့နောက်ဖေးမီးဖိုခန်းကို ကြွေပြားခင်းထားတယ်။အတွင်းခန်းအနေအထားတွေကတော့ ပုံမှန်အနေအထားအတိုင်းပါပဲနော်။ အခန်းတခန်းဖွဲ့ထားသေးတယ်။

သွားလာရေးဆိုလဲ ရှုခင်းသာလမ်းမကြီးကနေသွားမလား။ မြင်တော်သာလမ်းမကြီးကနေသွားမလား။ အဆင်ပြေတယ်။ မြို့ထဲနဲ့ဆို ၁၀ မိနစ်လောက်နဲ့ရောက်တဲ့အနေအထား။ကားပါလို့လဲစိတ်မပူနဲ့ ကားပါကင်အဆင်ပြေမှပြေ။ပေးရတဲ့ဈေးနဲ့တန်တဲ့အနေအထားဖြစ်တာကြောင့် ချစ်မိတ်ဆွေတွေလက်မလွတ်စေနဲ့နော်။

အားသာချက်အရင်ပြောပြမယ်။ တလွှာတထပ်ဆောက်ထားတာကြောင့် လေဝင်လေထွက်အလင်းရောင် အရမ်းကောင်းတယ်။ အလွှာကလဲ ကလေး လူကြီးမရွေးတက်နိုင်တဲ့အလွှာဖြစ်တာကြောင့် အိုစကေပဲ။

အားနည်းချက်လား။ ဝယ်သူရဲ့စိတ်အပေါ်မှာမူတည်ပါတယ်။

နေထိုင်ခွင့်ကျပီးသားဖြစ်တဲ့အပြင် ကိုယ်ပိုင်မီတာ တယောက်တလုံးစီဆိုတော့ ပိုင်ဆိုင်မှုလဲအေးဆေးပေါ့။ကဲ အသေးစိတ်သိချင်ရင် CB သို့မဟုတ် PH ဆက်ပါ။ အသေးစိတ်ဖြေကြားပေးပါ့မယ်။ တကယ်လိုချင်တဲ့ဆန္ဒရှိတယ်ဆိုရင် ဆုံးဖြတ်နိုင်မဲ့ မိသားစုဝင်တွေပါ ခေါ်လာခဲ့နော်။

အချိန်ကပ်ပီး အခန်းကြည့်ချင်သည် ဆိုပါက လိုက်မပြပေးနိုင်ပါ။ အခန်းကြည့်ချင်လျှင် #၃ နာရီ ဖုန်းကြိုဆက်ပီးချိန်းပေးပါ။ လာကြည့်ဖြစ်ဖို့ သေချာမှ ဖုန်းဆက်ပေးပါနော်။ တန်ဘိုးသင့်အခန်းများဖြစ်တာကြောင့် အကျိုးတူလက်မခံပါဘူးနော်။

ဖုန်းဖြင့် ဆက်သွယ်နိုင်ပါသည်။

အချက်အလက်များ

  • ဆောက်လုပ်ပြီး
  • မပြင်ဆင်ရသေး
 ကြော်ငြာပိုင်ရှင်သို့ ဖုန်းဖြင့် ဆက်သွယ်ရန်
 ကြော်ငြာပိုင်ရှင်နှင့် Chatting စကားပြောရန်
နှိုင်းယှဥ်ရန် နှစ်သက် မျှဝေရန် Report

အခြား ရောင်းရန် အိမ်ခြံမြေများ

Featured AdWanted Listing

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store

သာကေတမြို့နယ် ရောင်းရန် အိမ်ခြံမြေများ