ဤကြော်ငြာမှာ သက်တမ်းကုန်သွားပါပြီ။
တောင်ဥက္ကလာမြို့နယ်၊ (5) ရပ်ကွက်
(ပါရမီလမ်းမကြီးကျောကပ်လမ်း)
တကောင်းလမ်းသွယ်အတွင်းရှိ
18 - 54 ပေ ကျယ်သော တိုက်ခန်း
မြေညီအပါ (5)လွှာ { ဒါဘာ }
အိမ်ရှေ့ခန်း ဆန်းရှိတ်အပြည့်ထုတ်ပြီး
မှန်ကာထားပြီးဖြစ်၍
ဧည့်ခန်းအဖြစ်အသုံးပြုနိုင်သည်။
ကျန်အခန်းများ မပြင်ဆင်ထား
ပုံမှန်အတိုင်းသာရှိသည်။
ရေချိုးခန်းအိမ်သာကြွေပြားကပ်ပြီး
ဘိုထိုင် အိမ်သာ ထည့်သွင်းထားသည်။
အနောက်ဝရံတာ နှစ်ကန့်ပါသည်။
အနောက်တောင်ဘက်လှည့်သောတိုက်
ကိုယ်ပိုင်မီတာ၊ မော်တာတပ်ဆင်ပြီး
2012ခုနှစ်က ဆောက်လုပ်သောတိုက်ဖြစ်သည်။
ဝယ်ယူသူစာရွက်စာတမ်းခိုင်မာစေရန်အတွက်
အပြည့်အ၀ အာမခံဖြင့် ချုပ်ဆိုပေးမည်ဖြစ်ပြီး
ရပ်ကွက်ရုံးတွင်လည်းစာရင်းသွင်းပေးမည်။
အားသာချက်အနေဖြင့်........
မိုးတွင်းဘက်ရေမတင်သောလမ်းဖြစ်သည်။
သင့်တင့်သောဈေးဖြင့်အခန်းကျယ်ရမည်။
တောင်ဥက္ကလာ တွင်
နှစ်ခါပြန်မရနိုင်သောဈေးဖြစ်သည်။
လွှာခြင်းတိုက်ဖြစ်၍ အလင်းရောင်
လေဝင်လေထွက်လည်းကောင်းသည်။
နောက်ဝရံတာပါသဖြင့်
အဝတ်လှမ်းရန်အဆင်ပြေသည်။
ဘေးဘက်၊ အနောက်ဘက်တိုက်အမြင့်မရှိပါ။
လမ်းကျယ်၍ကားပါကင်လည်းအဆင်ပြေသည်။
အခန်းပြည့်လူနေထိုင်ပြီး
မီတာတပ်ဆင်ပြီးဖြစ်၍
အရှုပ်ရှင်းဖြစ်မှာလည်းပူရန်မလိုပါ။
နန္န၀န်ဈေးနှင့်နီးပြီး...
တကောင်း ကားမှတ်တိုင်သို့
သုံးမိနစ်သာလမ်းလျှောက်ရမည်။
ဆေးရုံဆေးခန်း၊ ကျောင်း၊
ဘုန်းကြီးကျောင်းများလည်းနီးပြီး..
လူစည်ကားသောရပ်ကွက်ဖြစ်သည်။
အားနည်းချက်အနေဖြင့်
5လွှာဖြစ်နေသောကြောင့်
အထပ်မြင့်မတက်နိုင်သူများ
လူကြီးပိုင်းများနေရန် အဆင်မပြေနိုင်ပါ။
အနောက်တောင်လှည့်ဖြစ်၍
အယူရှိသူများအတွက်အဆင်မပြေပါ။
2012 ခုနှစ်က ဆောက်ထားသောတိုက်ဖြစ်၍
ဝယ်ယူပြီးပါက နံရံဆေးများပြန်သုတ်ရမည်။
မျက်နှာကြက်ကို Composite ပြားများဖြင့်သာ
့်ကာထားသဖြင့် အမြင်မလှပါ။
ဝယ်ယူပြီးမှသာစိတ်တိုင်းကျ ပြုပြင်နိုင်ပါသည်။
အားသာချက် အားနည်းချက်များကိုချိန်ဆ၍
မိမိတို့လိုအပ်ချက်နှင့်ကိုက်ညီမှုရှိမရှိကိုကြည့်ပြီး
ပြတ်ပြတ်သားသားဆုံးဖြတ်နိုင်သူများသာလာပါ။
ကိုယ်တိုင်မဆုံးဖြတ်လိုပါကလည်း
တိုင်ပင်လိုသောမိသားစုဝင်များအားလုံးကို
ခေါ်ဆောင်လာပြီးမှဆုံးဖြတ်ပါရန်ကြိုတင်၍
မေတ္တာရပ်ခံအပ်ပါသည်။
အများပြည်သူရုံးပိတ်ရက်ဖြစ်သော
စနေ၊ တနင်္ဂနွေနေ့များတွင်
ယခုတင်ပြထားသောအခန်းကို
အဆင်ပြေချောမွေ့စွာကြည့်ရှုနိုင်ရန်
စီစဉ်ထားပါသည်
စိတ်ပါဝင်စားသူများကြိုတင်ဖုန်းဆက်ချိန်းဆိုပြီး
လာရောက်ကြည့်ရှုနိုင်ပါသည်။
အမှန်တစ်ကယ်ဝယ်ယူရန်ဆုံးဖြတ်ထားသော
ဝယ်လက်များကို ...
နေရာကောင်းဈေးတန်တိုက်ခန်းများ
ပိုင်ဆိုင်နိုင်စေရန် ...
Millionaire မှ အကျိုးဆောင်ပေးပါမည်။
Millionaire မှ အကျိုးဆောင်ပေးထားသော
အိမ်၊ ခြံ၊ မြေ များကို
နားလည်တတ်ကျွမ်းသူ
မည်သူနှင့်မဆိုတိုင်ပင်၍
ဈေးအနေအထား သင့်မသင့်
အချိန်မရွေး စုံစမ်းပြီး ချိန်ဆကြည့်နိင်သည်။
မှန်ကန်သောပေါက်ဈေးဖြင့်သာ
အာမခံ၍ ရောင်းပေးသည်။
ဤကြော်ငြာကို နှစ်သက်သူများ => (1) ဦး