#CodeZp132
ဓာတ်လှေကားပါ ပြင်ဆင်ပီးသား အသင့်နေတိုက်ခန်းကျယ် အရောင်း
သစ္စာလမ်းမကြီးနှင့်အနီး ပေကျယ်လေးနှင့် တတိယထပ်(၄လွှာ)ကို BCC လဲရှိပီး၊
lift ပါတဲ့အတွက် သက်ကြီးရွယ်အိုများအဖို့ အတက်အဆင်း အဆင်ပြေပီး (၄လွှာ)ဖြစ်လို့ လေကောင်းလေသန့်လဲရပါတယ်၊
အိပ်ခန်းကျယ်ကျယ်လေးနဲ့မှ နေချင်တဲ့မိသားစုတွေအတွက် ပုံမှန်တိုက်ခန်းတွေရဲ့အိပ်ခန်းထက် ပိုကျယ်တဲ့ MBR (၁) ခန်းကို Aircon (၁လုံး)နဲ့၊ SBR (၁) ခန်း ပါပါတယ်၊
အိပ်ခန်းတွေနှင့်ဧည့်ခန်းတွင်လဲ ပါကေးအပြည့်ခင်းထားပီး၊
မီးဖိုခန်းကြမ်း ကြွေပြားများနှင့် မီးဖိုခုံပေါ်လေးကိုလဲ Grinetလေးနဲ့ အလှဆင်သုံးထား၊
မီးဖိုချောင်သုံး ပစ္စည်းတွေအများကြီးဆံ့တဲ့နံရံကပ်ဘီဒို၊
ဘိုထိုင်အိမ်သာ ရေချိုးခန်း (၂)ခန်းကို ကြွေပြားအပြည့်ပြင်ဆင်ထားရုံမက ရေတိုင်ဂီကိုလဲ ရေဂါလံအများကြီးဆံ့အောင် customized steelရေတိုင်ဂီ size အကြီး အသုံးပြုထားပါတယ်၊
မှန်တင်ခုံနှင့်တွဲရက်အဝတ်ဘီဒိုကြီး၊ နံရံကပ်စာအုပ်စင်နှင့် ဘုရားစင် ပါ၊
ကိုယ်ပိုင်မီတာနှင့် ကိုယ်ပိုင် ရေမော်တာအပြင်၊ pressure pump ပါ တပ်ဆင်ပေးထားပါတယ်၊
Sunshade နှင့် သံပန်းအပြည့်တပ်ဆင်ပီး၊
နေရာကောင်း ပတ်ဝန်းကျင်သန့်ပီး တိတ်ဆိတ်လို့် အေးအေးဆေးဆေးနေချင်သူများအတွက်အရမ်းကောင်းပါတယ်
အရှေ့တောင်အရပ်လှည့်ဖြစ်လို့ နေလဲမထိုးပါဘူး၊
ပဒေသာဈေးကြီးနဲ့နီးနီးလေးမို့ ၁၀မိနစ်လောက်လမ်းလျှောက်ရုံနဲ့ရောက်၊ ကျောင်းနီး၊ ကားမှတ်တိုင်နီးလို့ သွားရေးလာရေးကလဲ လွယ်ကူပါတယ်၊ အနီးအနားမှာ ဆေးရုံဆေးခန်းတွေလဲ ရှိလို့ တော်ရုံ နေထိုင်မကောင်းဖြစ်ရင်လဲ အရမ်းအဆင်ပြေပါတယ်၊
ထောင့်တိုက်ဖြစ်ပီး တိုက်ရဲ့ ရှေ့၊နောက်နှင့်ဘေးတွင် ကပ်ရပ်တိုက်မရှိလို့ လေဝင်လေထွက်နှင့် အလင်းရောင်ကောင်းပီး ဥက္ကလာဘုရားကြီးကိုလဲ လှမ်းဖူးမျှော်မြင်ရပါတယ်၊
ကားပါကင်လဲ အဆင်ပြေ၊ လမ်းသာပီး မိုးတွင်းဆိုရင်လဲ လမ်းပေါ်ရေမတင်ပါဘူး
အားလုံးအစုံပါပီးသား တိုက်ခန်းလေးမို့ အဆင်သင့်အထုပ်ဆွဲပီး တက်နေရုံလေးပါပဲ။
ဤကြော်ငြာကို နှစ်သက်သူများ => (0) ဦး
လစဉ် ငွေပေးချေမှု | 2,156,575 |
ချေးငွေ ပမာဏ | 101,500,000 |
စုစုပေါင်း ပေးချေရမည့်ငွေ | 129,394,500 |
အတိုးနှုန်း | 10% |
ချေးယူမည့် နှစ်ပမာဏ | 5 years |