#အကျိုးတူ ok
တောင်ဥက္ကလာ (၉) ရပ်ကွက် ၊ VIP ရပ်ကွက်လေးပါ တိုက်ခန်း ရောင်းမည်
ရပ်ကွက်သန့် ၊ လမ်းသန့်၊ လမ်းက ထွက်လိုက်တာနဲ့ ပဒေသာမုန့်ခါးဆိုင်၊ စားသောက်ဆိုင်တွေ အများကြီး နဲ့လဲနီး၊ ပဒေသာစျေးနဲ့လဲ နီးပါတယ်
- ၅လွှာ (အပေါ်ဆုံးထပ်လေးပါ) (၁၈’ ၅၄’)
- အပေါ်ဆုံး အထပ်ဖြစ်လို့ လှေကားခွင်ကို အကုန်လုံးယူပြီး သံပန်းပတ်လည် ခတ်ပေးထားတာကြောင့် safety အရမ်းဖြစ်
- တိုက်သက်တမ်း (၅)နှစ်လောက်ရှိပါပြီ
- ထပ်ခိုး တစ်ခုလုံးပါ ပါတော့ နှစ်ထပ်ရလိုက်သလိုပါပဲနော်
- အခန်းကို mini condo ပုံစံလေး ဖွဲ့စည်းပေးထားပါတယ်
- တစ်လွှာခြင်းဆီဆို တော့ privacy ဖြစ်တာပေါ့
- ဘေး နှစ်ဘက်လုံး တိုက်မရှိလို့ အလင်းရောင်အားကောင်းပြီး လေတစ်ဖြူးဖြူးလေးနဲ့ဆိုတော့ မီးပျက်လည်း အေးနေတာပဲနော်
- အခန်းအကုန်လုံး ကျွန်းပါကေးတွေ ခင်းပေးထားပါတယ်
- အိပ်ခန်း (၂) ခန်း၊ Double Bed room နှင့် Single Bed room (တံခါးတွေ ကို ကျွန်းတံခါးတွေသုံးပေးထား)
- Kitchen ကို ကြွေပြားတွေခင်းထားပြီး၊ နံရံ ကိုလည်းကြွေပြား တွေ ပတ်လည် ကပ်ပေးထားပါတယ်
- Kitchen မှာ Kitchen Counter နဲ့ Wall Cabinets တွေပတ်ချာလည် တပ်ပေးထား
- အိမ်ရှေ့ဝရံတာ ကို sun shade နှင့် သံပန်းပတ်လည် လုပ်ပေးထားပါတယ်
- အိမ်နောက်ဘက် ဝရံတာ ကိုလည်း သံပန်းပတ်လည် လုပ်ပေးထားတဲ့အတွက် safety အရမ်းဖြစ်ပါတယ်
- အိမ်တံခါးမကြီးမှအစ ပြတင်းပေါက်အားလုံးနှင့်အိမ်
နောက်ဘက်တံခါးမကြီးအထိ Mr. Screen ခြင်လုံဇကာတွေတပ်ပေးထားပါသေးတယ်။ ထပ်ခိုး တံခါးပေါက်ကိုလည်းပဲ ခြင်လုံဇကာတပ်ပေးထားသေးတယ်နော်
- ပြတင်းပေါက်အားလုံး sun shade တပ်ပေးထား
- အဲယားကွန်း (၄)လုံး (ထပ်ခိုးမှာလည်းထည့်ပေးထားပါတယ်)
- ရေချိုးခန်းအတွက် ရေတိုင်ဂီ(၂) လုံးတောင် ထပ်ခိုးပေါ်တင်ထားတာကြောင့် ရေမလုံလောက်မှာစိတ်ပူစရာမလိုဘူးနော်
- Toilet ကလည်း ဘိုထိုင်နဲ့
- မီးကြိုး အားလုံးကိုလည်း နံရံတွေမှာမြှုပ်ထားပေးတယ်နာ်
- မီးပျက် ရင်လည်း Inverter ရှိတဲ့အတွက် စိတ်ပူစရာမလိုဘူးနော်
ဒီလို ရှယ်ပြင်ထားတဲ့အတွက် စဉ်းစားနေရင်
လက်လွတ်သွားရမယ်နော်
အိမ်လာကြည့်မည်ဆိုလျှင် (စနေ၊ တနင်္ဂနွေ) သာ လာကြည့်လို့ရပါမည်။
စျေးနှုန်း- သိန်း ၉၅၀ (ညှိနှိုင်း)
ဤကြော်ငြာကို နှစ်သက်သူများ => (0) ဦး