980 MMK(LAKHS)
တောင်ဥက္ကလာပမြို့နယ် ၆ ရပ်ကွက်ရှိ ၄လွှာတိုက်ခန်းအရောင်းလေးပါ
ပြင်ဆင်ပြီး တိုက်ခန်းရောင်းမည်။ တောင်ဥက္ကလာမြို့နယ် ရပ်ကွက်ကောင်း လမ်းကောင်းသော (၆) ရပ်ကွက်တွင် တည်ရှိပါသည်။ ဘဏ်ချိတ်ဖြင့် ၀ယ်ယူနိုင်ပါသည်။ သစ္စာလမ်းမကြီးနှင့် အလွန်နီးပြီး သုမင်္ဂလာလမ်းမကို ဒဲ့ပေါက်သောလမ်းသွယ် အကျယ်ရှိပါသည်။ နန္ဒဝန်စျေးအနီး၊ ကျောင်းနီး၊ ဆေးရုံနီး၊ ဒေသန္တရအနီး၊ ဘဏ်နီး၊ မှတ်တိုင်အနီး၊ သွားလာရ အလွန်အဆင်ပြေပါသည်။ စတုတ္ထထပ် (တစ်မိုးအောက်) ဖြစ်ပြီး၊ တိုက်ခန်းအကျယ် ၁၉’ ၅၄’ ရှိပါသည်။ ရင်ကွဲတိုက်ဖြစ်သောကြောင့် ဧည့်ခန်းနေရာ အလွန်ကျယ်ဝန်းခြင်း (၁၇’၁၅’) ၊ အိပ်ခန်း (၂) ခန်းဖွဲ့ ပြင်ဆင်ပြီး Air con (2) လုံး၊ ပါကေးခင်း၊ မီးဖိုခန်း ကြွေပြားကပ်၊ ဘိုထိုင် ရေတွန်းစက် နှင့် ရေပူရေအေး ပါရှိပြီး BCC ကျပြီး ဖြစ်ပါသည်။ မီးအားပြည့်၊ မီးမှန်ပြီး နေမထိုးသော အရှေ့တောင်ဘက်အလှည့်တိုက်ခန်း ဖြစ်ပါသည်။ လမ်းထဲတွင် ယခုရောင်းမည့် အခန်း ကန်ထရိုက်တိုက် တတိုက်သာရှိလို့ ကားပါကင် အလွန်အဆင်ပြေသည့်အပြင်၊ ဘေးပတ်လည်တွင် ကန်ထရိုက်တိုက်ခန်းမြင့်များမရှိသောကြောင့် အလင်းရောင်ရရှိမှုကောင်းပြီး လေဝင်လေထွက်လဲ အလွန်ကောင်းမွန်ပါသည်။ သိန်း (၉၈၀) ကျပ်
ဤကြော်ငြာကို နှစ်သက်သူများ => (0) ဦး