လှလှပပ ပြင်ဆင်ထားတဲ့ စံပြဈေးနားက တိုက်ခန်း သန့်သန့်လေး ရောင်းမယ်
- သင်္ဃန်းကျွန်းမြို့နယ်၊ စံပြရပ်ကွက်
- စံပြ 1 လမ်းထဲက
- 3 ထပ်ခွဲတိုက်ရဲ့ဒါဘာတိုက်ခန်း
- အပေါ်ဆုံးထပ်
- အကျယ်အဝန်း 12-50 ပေ
- မိုးမယို ရေမစိမ့်အောင် ပြင်ဆင်ပြီးသား
- တစ်အိမ်လုံး သံပန်းအပြည့်တပ်
- အိမ်သာ ဘိုထိုင်နဲ့ပါ
- မျက်နှာစာ အရှေ့တောင်ဘက်လှည့်
- ကိုယ်ပိုင်မီတာ မော်တာတပ်ဆင်ပြီး
- ပုံပါအတိုင်း ပြင်ဆင်ထားပါတယ်
- ဈေးတွေ အများကြီး မဆစ်ရင် တပ်ဆင်ထားတဲ့ Aircon ရယ် - ရေခဲသေတ္တာရယ် ၊ အဝတ်လျှော်စက်ရယ်ကို လက်ဆောင် အနေနဲ့ ထားခဲ့ ပေးပါမယ်တဲ့ရှင်
- 2012 လောက်က ဆောက်တဲ့ တိုက်မို့ တိုက် သက်တမ်း 10 နှစ် ဝန်းကျင် ရှိပြီဖြစ်ပြီး သူ့ခေတ်သူ့အခါက ရရှိခဲ့တဲ့ အဆက်အစပ် စာရွက်စာတမ်းတွေ အကုန် အပြည့်အစုံ ရှိပြီး အရှုပ်အရှင်းကင်းပါတယ်
- ဈေး၊ ကျောင်း၊ ဆေးရုံ၊ ဘုန်းကြီးကျောင်း အကုန်နီးပြီး လမ်းထိပ်ထွက်လိုက်တာနဲ့ စံပြဈေးမှတ်တိုင်ရောက်တာမို့ သွားရေးလာရေး စားရေးသောက်ရေး အကုန် အဆင်ပြေတဲ့ နေရာလေးပါ
- တိုက်ရှေ့မှာ ကားရပ်ဖို့ နေရာလွတ်တွေ အများကြီးရှိလို့ စိတ်ကြိုက်ရပ်လို့ရသလို တန်ဖိုးကြီးကားလေးမို့ စိတ်မချတတ်တဲ့ ကားခရေဇီ ကိုကိုတွေများပါလာခဲ့ရင်လည်း ရန်မျိုးအောင် ဘုရားဝင်းထဲမှာ အလှူငွေ ထည့်ဝင်ပြီး လုံခြုံ စိတ်ချစွာ ရပ်ထားလို့ ရပါတယ်
နေရာအတိအကျ
Dropped pin
https://maps.app.goo.gl/ojQSNaLPSRbF19uL6?g_st=ic
- ဈေးနှုန်းမှန်ကန် ချိုသာမှု
- စာရွက်စာတမ်းပြည့်စုံခိုင်မာမှု
- အပြင်အဆင်လှပသပ်ရပ်မှု
- တိုက်သားခိုင်ခံ့မာကျောမှုတွေကို
- အာမခံချက် အပြည့်နဲ့ ရောင်းချပေးမှာကတော့ Millionaire ရဲ့ အစဉ်အလာ အတိုင်းပါဘဲ
- အသေးစိတ် ပိုသိချင်တာရှိရင် ဖုန်းဆက် စုံစမ်းနိုင်ပါတယ် အခန်းကြည့်မယ်ဆိုရင်တော့ တစ်ရက် ကြိုတင်ဖုန်းဆက် ချိန်းဆိုပြီးမှ လာကြည့်ပေးပါ လက်ရှိအိမ်ရှင်က ရုံးတက်နေရသူမို့ Saturday - Sunday ကြည့်မယ်ဆိုရင်တော့ ပို အဆင်ပြေပါတယ် ( အားမနာတမ်း စိတ်အေး လက်အေး ကြည့်လို့ ရတာပေါ့ )
ရောင်းဈေး - 310 သိန်း ( ပါးပါးလျှော့ )
Hotline : 09 968 813 872 ( Viber , Whatsapp )