စတုရန်းပေ ၄၀၀၀ ကျယ်ဝန်းတဲ့Shwe Zabu River View Luxury Condominium ပိုင်ရှင် ကိုယ်တိုင် ငှားမည်

ပုံကြီးချဲ့ရန် နှိပ်ပါ

  • စတုရန်းပေ ၄၀၀၀ ကျယ်ဝန်းတဲ့Shwe Zabu River View Luxury Condominium ပိုင်ရှင် ကိုယ်တိုင် ငှားမည် - ငှါးရန် - အလုံ (Ahlone) - ရန်ကုန်တိုင်းဒေသကြီး (Yangon Region) - 3,500 (အမေရိကန်ဒေါ်လာ) - R-16852125 | iMyanmarHouse.com

3 Jul 2019 5:59 pm တွင်ကြော်ငြာတင်ခဲ့သည်826 ကြိမ် ကြည့်ရှု့ပြီးကြော်ငြာနံပါတ် R-16852125

အလုံ | ရန်ကုန်တိုင်းဒေသကြီး

ကွန်ဒို | ၉ လွှာ

အိပ်ခန်း 3 ခန်း ရေချိုးခန်း 2 ခန်း

လစဉ်ငှါးရမ်းခ 3,500 (အမေရိကန်ဒေါ်လာ)

Shwe Zabu River View Complex Luxury Condominium
ရွှေဇဗ္ဗူဒိပ် ကွန်ဒို (ကမ်းနားလမ်း၊ အလုံ)
-အခန်းသည် ၉လွှာ Penthouse ဖြစ်ပြီး အပြင်ဘက် နေရာအကျယ် (outside free space area) ပါဝင်၍ စတုရန်းပေ ၄၀၀၀ ကျော်ရှိကာ ကျယ်ကျယ်ဝန်းဝန်း နေနိုင်သည်။
-အခန်း အတွက် လေကောင်းလေသန့် နဲ့ အလင်းရောင်ကောင်းစွာရရှိနိုင်ဖို့အတွက် Double Glass မှန်များ တပ်ဆင်ပေးထားလို့ အသံလုံခြင်း၊ အအေးဓါတ်ကို ထိန်းပေးထားခြင်း စတဲ့ အားသာချက်တွေကိုခံစားရမှာ ဖြစ် ပါတယ်။
-Mitsubishi central type Aircon အကြီး ၅လုံး ၊ အသေး ၃လုံးပါဝင်သည်။
- တံခါးမကြီး နှင့် Master bedroom တံခါးများကို smart door system ( finger print, card, password, Bluetooth ) များတပ်ဆင်ထားသည်။
-အခန်းအတွင်းပိုင်းပြင်ဆင်မှုများအနေနဲ့ကတော့ ဘုရားခန်းမှာကျွန်းပါကေးခင်းပေးပြီး ဧည့်ခန်း၊ အိပ်ခန်း၊ ရေချိုးခန်းများ၊ မီးဖိုခန်းနံရံနဲ့ ကြမ်းခင်းအားလုံးကို Italy ကြွေပြား အစစ်များ အပြည့်ကပ်/ခင်းပေးထားပါတယ်။
-ဘိုထိုင်အိမ်သာ ၊ ဘေစင်စတာတွေကိုတော့ ကမ္ဘာ့ Top Brand များဖြစ်သည့် (TOTO/GROHE) အမှတ်တံဆိပ်များတပ်ဆင်ပေးထား တဲ့အပြင်
မီးဖိုခန်းများတွင် အဆင့်မြင့် Kitchen Counter, နံရံမြုပ် Oven/Microwave, Wine Chiller နှင့် Cabinet များတပ်ဆင်ပေးထားပါတယ်။
-လုံခြုံရေး အနေဖြင့် အခန်း ပတ်ပတ်လည် CCTV ၅လုံးတပ်ဆင်ထားသည်။
- Condominium တွင် ပါဝင်မည့် Facilities များ
- Electrical System
3MVA, Fuji Transformer Japan (Dry Type) တပ်ဆင်ထားခြင်း (10-Years Maintenance Free)
လျှပ်စစ် အန္တရာယ်ကနေ ကင်းဝေးစေရန် (Cable System) အသုံးမပြုဘဲ မြန်မာနိုင်ငံမှာ ဘယ်ကွန်ဒိုအဆောက် အအုံတွေမှာမှ တပ်ဆင်အသုံးပြုခြင်းမရှိသေးသော (Aluminium Busduct System) (Nissin Japan) ဖြင့် လျှပ်စစ်မီးလိုင်းတွေကို တပ်ဆင်ပေးထားတာကြောင့် Stabilizer တပ်ဆင်အသုံးပြုရန် မလိုအပ်တဲ့အပြင် ၀ါယာ ရှော့ဖြစ်ခြင်းမှ ကင်းဝေးနိုင်ပြီး မီးကြိုးတွေကြွက်ကိုက်သည့်အန္တရာယ်ကလည်း ကင်းဝေးစေမှာ ဖြစ်ပါ တယ်။
၂၄ နာရီ လျှပ်စစ်မီးအပြည့်အ၀ရရှိနိုင်ဖို့အတွက် 880 KVA (Kohler Power System, U.S.A) Generator (၂-လုံး) တပ်ဆင်ပေးထားပြီးAutomatic Dual Meter System တပ်ဆင်ထားတာကြောင့် (EPC & Generator) မီတာယူနစ်တွေကို အလိုအလျှောက်ခွဲခြားဖတ်ပေးနိုင်မှာလည်းဖြစ်ပါတယ်။
-Water System
ရေသုံးစွဲမှု ပြည့်စုံလုံလောက်စေဖို့အတွက် စည်ပင်သာယာကပေးတဲ့ ရေအပြင်အရံအသုံးပြုနိုင်ဖို့အတွက် ၁၀ လက်မ အ၀ီစိတွင်း (၄-တွင်း) ပါရှိပါတယ်။အဆောက်အဦးမှာရှိတဲ့ အခန်းအားလုံးအတွက် ရေကို Centralize System နဲ့ဖြန့်ဝေပေးပါတယ်။
ရေဖြန့်ဝေခြင်းအတွက် တပ်ဆင်အသုံးပြုထားတဲ့ Multi Layer Pipe တွေက အင်ဒိုချိုင်းနားကျွန်းဆွယ် နိုင်ငံတွေ အနက် မြန်မာနိုင်ငံတွင် Shwe Zabu River Complex တွင်သာ ပထမ ဆုံးတပ်ဆင်အသုံးပြုထားတာလဲဖြစ်ပါတယ်။
Multi Layer Pipe များအတွက်လည်း အာမခံကို ၁၀ နှစ်အထိပေးထားတာကြောင့် အခန်းပိုင်ရှင်များ အတွက် ရေနဲ့ ပတ်သက်လို့ စိတ်ကျေနပ်မှုအပြည့်အ၀ ရစေမှာဖြစ်ပါတယ်။
-Lift
ဓါတ်လှေကားလုံခြုံရေးအတွက် Double Card Access Security System တပ်ဆင်ပေးထားတဲ့ (၁၃)ယောက်စီး (Schindler Lift)အမှတ်တံဆိပ် ဓါတ်လှေကား (၈)စီး တပ်ဆင်ပေးထားပါတယ်။
-Security System
လုံခြုံရေးစနစ်အတွက် Video Phone စနစ်, CCTV စနစ်များတပ်ဆင်ပေးထားတဲ့အပြင် ဓါတ်လှေကား ၀င်ပေါက်မှာလည်း Security Door တွေတပ်ဆင်ပေးထားလို့ အပြင်လူများ မ၀င်ရောက်နိုင်ပါဘူး။
Basement Car Parking အတွက်ကိုတော့ Card System (Auto Gate Barrier)တပ်ဆင်ပေးထားတာ ကြောင့် ပြင်ပကကားများဝင်ရောက်ရပ်နားနိုင်ခြင်း မှလည်း အလိုအလျောက်တားဆီးပြီးသား ဖြစ်ပါတယ်။
- Automatic Fire Protection System
မီးဘေးအန္တရာယ်ကာကွယ်ဖို့အတွက် (ဂါလံ-၃၀၀၀၀ ဆံ့) မီးသတ်ရေကန်ထားရှိပေးထားပြီး အဆင့်မီ မီးငြိမ်း သတ်စနစ်များ၊ Fire Alarm System များတပ်ဆင်ပေးထားပါတယ်။
- Public Area
Relax Area မှာတော့ မိသားစုတွေ စိတ်အေးချမ်းသာစွာ အပန်းဖြေနိုင်ဖို့အတွက် Green Area များ၊ပါရှိ တဲ့ အပြင်
သာရေးနာရေးခန်းမအတွက် လူ (၅၀)ဆံ့တဲ့ ခန်းမကျယ်၊၂၄ နာရီလူသုံးကုန်ပစ္စည်းများ အလွယ်တကူဝယ်ယူနိုင်ရန် Mini Mart ၊ ကလေးများအတွက် Playground (Professional) ၊
မိသားစု (၁၉) ယောက်ကြည့်ရှုခံစားနိုင်မယ့် Karaode & Home Theatre (အသုံးပြုနှုန်းထားအနေဖြင့် (၁) နာရီပျမ်းမျှ ကျပ် ၁၀၀၀၀ိ/- မှ ကျပ် ၂၀၀၀၀ိ/- ဖြင့်ကြည့်ရှုနိုင်ပါတယ်) ၊ Ambassador Lounge/ Beauty Saloon/ Gum Room (professional) တို့ပါရှိတဲ့အပြင်မြစ်ရှုခင်း View ကိုတွေ့မြင်ခံစားနိုင်မယ့် ရေကူးကန် Swimming Pool လည်းပါရှိပါတယ်။
မြစ် View ကိုတွေ့မြင်ခံစားနိုင်မည့် Swimming Pool ပါရှိခြင်း
- အားကစားရုံ (Gym)
-ကားပါကင်
- ရေကူးကန် / Sauna
-အသားကင်လုပ်စားရန်နေရာ
- အစည်းအဝေးခန်းမ
- တင်းနစ်ရိုက်ကွင်း
- ကလေးကစားကွင်း
- ၂၄နာရီလုံခြုံရေး
- ကာရာအိုကေခန်း -ရုပ်ရှင်ရုံ
- မီနီမတ် (Mini Mart)
- ဓာတ်လှေကား
- အရေးပေါ်မီးသတ်စနစ်
- CCTV ကင်မရာ -ဘုံရေပေးဝေရေးစနစ်
- တံခါးလုံခြုံရေးသော့စနစ်
- ကိုယ်ပိုင်မီတာ -ထရန်စဖော်မာ
- မီးစက်
ပိုင်ရှင် ကိုယ်တိုင်ငှားလိုပါ သဖြင့် ဈေးနှုန်းညှိနှိုင်းပေးပါမည်။

အချက်အလက်များ

  • အလုံးစုံ ပြင်ဆင်ပြီး
 ကြော်ငြာပိုင်ရှင်သို့ ဖုန်းဖြင့် ဆက်သွယ်ရန်
 ကြော်ငြာပိုင်ရှင်နှင့် Chatting စကားပြောရန်
နှစ်သက် မျှဝေရန် Report

အခြား ငှားရန် အိမ်ခြံမြေများ

Featured AdWanted Listing

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store

အလုံမြို့နယ် ငှါးရန် အိမ်ခြံမြေများ