ဤကြော်ငြာမှာ သက်တမ်းကုန်သွားပါပြီ။
ကျွန်တော်အိမ်ငှါးဖို့ရှိတယ်ခင်ဗျ။ ကျွန်တော့်အိမ်ပါ။ စမ်းချောင်း မင်္ဂလာလမ်း ရှမ်းလမ်းမှတ်တိုင်နားမှာပါ။ ဓာတ်လှေကားပါပါတယ်။ ၅ လွှာမှာပါ၊ အခန်းက သုံးခန်းဖွဲ့ထားပြီး အဲကွန်းတော့ ဧည့်ခန်းမှာတပ်ထားပါတယ်။ အခန်းကိုတော့ တစ်လ ၆ သိန်းခွဲနဲ့ငှါးဖို့စီစဉ်ထားပါတယ်။သတ်မှတ်ထားတာတော့အဲ့လောက်ပါ။ ညှိနှိုင်းတာတို့ဘာတို့ကတော့ ငှါးမယ့်ကာလတို့ ပြီးတော့ တခြားအဆင်ပြေသလိုပေါ့။ ကုလားထိုင်တွေ၊ မှန်တင်ခုံတွေ ကုတင်တွေ ပုံထဲက အတိုင်းငှါးမှာပါ။ ပစ္စည်းတွေချပြီး အဆင်သင့်နေလို့ရပါတယ်။ စာချုပ်ချုပ်မယ်ဆိုရင်လည်း ကျွန်တော်ရယ် ကျွန်တော့်အမေရယ်နဲ့ပဲ ချုပ်ရမှာ။ အခုလက်ရှိတော့ အဲ့အခန်းမှာကျွန်တော်ခနနေနေတာပေါ့။ အဲ့ဒါ အသိထဲက ငှါးချင်တဲ့သူရှိရင်ဖြစ်ဖြစ် တခြားသူရှိရင်ဖြစ်ဖြစ် ဆက်သွယ်ပေးကြပါလား။
ပြီးတော့ ကျွန်တော် အမြဲနေနေတဲ့အိမ်က အဲ့နဲ့ ၂ အိမ်လောက်ပဲဝေးတော့ ခင်တဲ့သူဆို စာအုပ်တွေဘာညာငှါးတာတို့ ဒါမှမဟုတ်လည်း ကျွန်တော့်စာအုပ်စင်ကနေ အဆင်ပြေမယ့် ၁၀ အုပ် ၁၅ အုပ်လောက်ထားပေးတာတို့ တခြားအဆင်ပြေအောင်လည်းလုပ်ပေးလို့ရတာပေါ့။ အဲ့တော့ သိတဲ့သူတွေရှိရင် လက်တို့ပေးပါအုံး။ အိမ်လိပ်စာက ၁၈ မင်္ဂလာလမ်း၊စမ်းချောင်းပါ။
ကျွန်တော့်ကို စာဖြစ်ဖြစ် ဖုန်း 09 79999 1549 ကိုဆက်လည်းရပါတယ်ခင်ဗျ။
ဤကြော်ငြာကို နှစ်သက်သူများ => (1) ဦး