ဤကြော်ငြာမှာ သက်တမ်းကုန်သွားပါပြီ။
လှိုင်မြို့နယ် ရန်ကုန်-အင်းစိန်လမ်းမကြီးပေါ်ရှိ ကွန်ဒိုအခန်းအငှားဖြစ်ပါသည်။ အခန်းမှာ ပထမထပ်တွင်တည်ရှိပြီး ကိုရီးယားပါကေးခင်းထားသည့်အပြင် အဲယားကွန်း (၄)လုံးတပ်ဆင်ထားကာ ပရိဘောဂအပြည့်အစုံ ပါဝင်မည်ဖြစ်ပါသည်။
ကွန်ဒိုတွင် ဓာတ်လှေကားအသုံးပြုနိုင်ပြီး အင်တာနက်၊ ရေကူးကန်နှင့် ၂၄နာရီလုံခြုံရေးလည်း ထားရှိမည်ဖြစ်သည်။ မာစတာအိပ်ခန်း (၁)ခန်း၊ ရိုးရိုးအိပ်ခန်း (၂)ခန်း ဖွဲ့ထားပြီး အသင့်နေထိုင်ရန်အတွက် ပြန်လည်ပြင်ဆင်ထားပြီး ဖြစ်ပါသည်။
မိနစ်အနည်းငယ်ခန့်ဖြင့် စိန်ဂေဟာ၊ လှည်းတန်းစင်တာ၊ လှည်းတန်းဈေး၊ Junction Square ၊ Novotel Hotel ၊ စံရိပ်ငြိမ်ဂမုန်းပွင့်သို့ အလွယ်တကူသွားနိုင်ပြီး အင်းလျားကန်ဘောင်နှင့် စိန်းလမ်းစိုပြေပန်းခြံတို့နှင့်လည်း နီးပါသည်။
ရန်ကုန်မြို့၏ အချက်အချာကျသောနေရာတွင် တည်ရှိပြီး သွားရေးလာရေးမှာလည်း လွယ်ကူချောမွေ့ကာ လမ်းခရီးသာပါသည်။
ဤကြော်ငြာကို နှစ်သက်သူများ => (1) ဦး