371 ကြိမ် ကြည့်ရှု့ပြီး

အသိတစ်ယောက်က သူအိမ်ဝယ်ထားတာ အနှစ် - (၂၀) ကျော်လောက်ရှိပါပြီ။ ဂရန်မြေပါ သူဝယ်တုန်း က ဂရန်အမည်ပေါက်နဲ့ အရောင်းအဝယ်မှာ လက်မှတ်ထိုးဝယ်ခဲ့တာပါ။ ဂရန်မှာ သူ့အမည်ပေါက် မလုပ်ခဲ့မိပါဘူး။ အခုသူပြန်ရောင်းမယ်ဆိုရင် ဘာတွေလုပ်ဆောင်ရမလဲ သိချင်ပါတယ်။ ဂရန်အမည်ပေါက်နဲ့လည်း အဆက်အသွယ်မရှိတော့၍ ဖြစ်ပါသည်။

မေးသူ - Nwe Thazin

အနှစ် - ( ၂၀ )ကျော် နေထိုင်ပြီး ဂရန်အမည်ပေါက် ပြောင်းလဲခြင်း မဆောင်ရွက်ခဲ့ဘူးဆိုတော့ အရပ်ကတိအရောင်းအဝယ် စာချုပ်ချုပ်ဆိုပြီး နောက်ပိုင်းမှာ မှတ်ပုံတင် အရောင်းအဝယ်စာချုပ်ရော ချုပ်ဆိုခဲ့ပါသေးလား မှတ်ပုံတင်အရောင်းအဝယ်စာချုပ် ချုပ်ဆိုပြီးဆိုလျှင်တော့ ဂရန်အမည်ပြောင်း လျှောက်ထားခြင်း ဆောင်ရွက်ရလွယ်ကူပါသည်။


ဂရန်မြေအမျိုးအစားမှာ နိုင်ငံတော်နှင့် မြေငှားစာချုပ်ချုပ်ဆိုထားသူကိုသာ မြေပိုင်ရှင်အဖြစ် အသိအမှတ်ပြုပြီး ၎င်းမှသာ တဆင့်လွှဲပြောင်း ရောင်းချခွင့်ရှိကာ အရောင်းမြေပုံကူးယူခြင်း၊ ဂရန်သက် တမ်းတိုးခြင်း၊ အမည်ပြောင်း ဆောင်ရွက်ရာတွင် မှတ်ပုံတင်စာချုပ် ချုပ်ဆိုပိုင်ခွင့်တို့ရှိမည် ဖြစ်ပါသည်။

ယခုမြေကွက်အား လွှဲပြောင်းရောင်းချရာတွင် စည်ပင်သာယာရေးကော်မတီမှ (၁)နှစ် အတွင်း ထုတ်ယူထားသော အရောင်းမြေပုံလဲ လိုအပ်ပြီး အမည်ပေါက်ကိုယ်တိုင် ဂရန်မူရင်းပြ လက်မှတ် ရေးထိုး၍ အရောင်းမြေပုံထုတ်ယူရမည်ဖြစ်ပါသည်။

ထို့ကြောင့် မူလဂရန်အမည်ပေါက်ထံ ဆက်သွယ်စုံစမ်းရန် လိုအပ်ပြီး မြေကွက်မရှိတော့လျှင် ၎င်းမိသားစုမှ အမွေဆက်ခံခွင့်ရှိသူနှင့် အဆက်အသွယ် ရလျှင်လဲ အဆင်ပြေပါသည်။ ဂရန်အမည်ပေါက် သူ မိသားစုဝင်များနှင့် အဆက်အသွယ် ပြုလုပ်နိုင်ခြင်း မရှိပါက တရားရုံးတွင် မှတ်ပုံတင်စာချုပ်ချုပ်ဆို ပေးစေလိုမှုဖြင့် တဖက်သတ်တရားစွဲဆိုကာ အနိုင်ဒီဂရီအမိန့်တရပ် ရယူရမည်ဖြစ်ပါသည်။ ထို့နောက် ဘီလစ်အရာရှိမှ မှတ်ပုံတင်စာချုပ် ချုပ်ဆိုပေးသည့်အခါမှ အမည်ပြောင်း ဆက်လက်ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App