[Unicode]
ဌာနဆိုင်ရာများမှ မြေပိုင်ဆိုင်မှု အမည်ပေါက် အထောက်အထားများ ထုတ်ပေးသည့် အခါတိုင်း ဌာနတွင်း ရုံးမှတ်တမ်းများအား ကွန်ပျုတာဖြင့်ဖြစ်စေ၊ အမှုတွဲဖြင့်ဖြစ်စေ ထိန်းသိမ်းထားရှိပါသည်။
မြေတိုင်းတာခြင်း မြေပုံ လျှောက်ထားသည့်အခါတိုင်းလဲ ထုတ်ပေးသည့် မြေပုံတစ်စောင်အား မြေစာရင်းရုံး/စည်ပင် စည်ပင်မြေစီမံခန့်ခွဲမှု ကော်မတီတွင် ထားရှိသိမ်းဆည်းထားပါသည်။ ထို့အပြင် မြေဧက လျော့နည်းမှုရှိကြောင်း တိုင်းတာတွေ့ရှိပါက (၁) ပေ၊(၂)ပေ လျော့ဆိုလျှင် မြေအမည်ပေါက်၏ ဝန်ခံကတိပြုချက်ဖြင့် မြေငှားစာချုပ်၊ ပုံစံ-(၇)တွင် ပြင်ဆင်သတ် မှတ်ပေးပါတယ်။
ထို့ကြောင့် ကွင်းအမှတ်၊ ဦးပိုင်အမှတ်များ၊ ဧက အကျယ်အဝန်းများအား သက်ဆိုင်ရာ မြေစာရင်းဌာန(သို့) ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီတွင် အသေးစိတ် စစ်ဆေးမေးမြန်းမှုပြုပြီးမှ ဝယ်ယူသင့်ကြောင်း ဖြေဆိုပေးလိုက်ပါတယ်။
[Zawgyi]
ပုံစံ (၇) ရှိ ကွင်းအမှတ် ကွင်းအမည်နှင့် ဦးပိုင်အမှတ်များ အားလုံးတူပြီး ဧက တစ်ခုထဲမတူတာရှိနိုင်ပါသလား ခင်ဗျာ ..
ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။