1325 ကြိမ် ကြည့်ရှု့ပြီး
ကျမမှာ နှစ်၉၀ ဂရန် ၎င်းမြေအပေါ် ၆ထပ်တိုက် ဆောက်ထားပါတယ်။၂လွှာခန်းကိုမြေနှင့်အတူပိုင်ပါတယ်။ ၂၀၁၄ ခုနှစ် ကတည်းက ဂရန်သက်တမ်းကုန်ဆုံးသွားပါတယ်။ မူရင်းဂရန်ကကျမဆီမှာယ်။ တိုက်ခန်းမှာနေနေသောအမျိုးများနှင့်ပြဿနာရှိပါသောကြောင့် သက်တမ်းမတိုးဖြစ်ပါ။ စည်ပင်တွင်ဂရန် ရောင်းဝယ်အမည်ပြောင်းအားလုံးကို တားမြစ်ထားပါသည်။ တချို့က၂၀၁၄ မှ ၃နှစ်ကြာပြီးလျှင်နေထိုင်သူ(အမျိုးများ)ကဂရန်ကို သက်တမ်းတိုးသွားခွင့်ရှိသည်ပြောပါတယ်။ ဟုတ်ပါသလားရှင့်။
မေးသူ - Mar Lar Myint
[Unicode]
မေးမြန်းသူဒေါ်မာလာမြင့်၏ ပိုင်ဆိုင်မှုမြေအမည်ပေါက် ဟုတ်မှန်ပါက၎င်း၊ သို့မဟုတ် အမည်ပေါက်ဆီမှ အဆင့်ဆင့်ဝယ်ယူထားပါကလည်းကောင်း၊ လက်ရောက်ရရှိဝယ်ယူပိုင်ဆိုင် ထားသည့်အထောက်အထားဖြစ်သည့် အရောင်းအဝယ်စာချုပ်တွင်ပါရှိသော ဝယ်ယူထားသူ ကသာလျှင် မြေနှင့်ပက်သက်သည့် တရားဝင်အမည်ပြောင်းခြင်း၊ မြေသက်တမ်းတိုးခြင်း ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
မြေပိုင်ရှင်နှင့် မြေပေါ်ဆောက်လုပ်ထားသော တိုက်ခန်းတွင် နေထိုင်သည့်ဆွေမျိုးဟုဆိုသူတို့ ပိုင်ဆိုင်မှုမတူညီပါ။ တိုက်ခန်းပေါ်နေထိုင်ရုံနှင့်လည်း မြေပိုင်ရှင်ဖြစ်မလာပါ။ စည်ပင်တွင် ဂရန်အမည်ပြောင်း၊ သက်တမ်းတိုးခြင်းတို့ကို ကန့်ကွက်ထားရုံမျှလည်း ၎င်းကန့်ကွက်သူတို့သည်မြေပိုင်ဆိုင်မှုမ ရရှိနိုင်ပါ။
ဆိုလိုရင်းမှာ မြေအမည်ပေါက်ပိုင်ရှင် လက်ရှိရန်ကုန်စည်ပင်သာယာရေးကော်မတီ၊ မြေစီမံခန့်ခွဲမှုဌာနတွင် အမည်ပေါက်တည်ရှိနေသော မြေအမည်ပေါက်သာ အဌားစာချုပ်ရရှိသူဖြစ်သည့်အတွက် ၎င်းအမည်ပေါက်ထံမှ ဝယ်ယူထားသော အရောင်းအဝယ်စာချုပ်ပါ ဝယ်ယူသူသည်သာ တရားဝင်ပိုင်ဆိုင်၍ မြေနှင့်ပက်သက်သမျှ ဆောင်ရွက်ခွင့်ရှိမည်ဖြစ်ပါသည်။
[Zawgyi]
ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။
အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။
အခြား အိမ်ခြံမြေ အမေးအဖြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)