1285 ကြိမ် ကြည့်ရှု့ပြီး

တည်ဆောက်ပြီးစီးတာ ၃ နှစ်လောက်ရှိပြီး လူတွေနေထိုင်နေတာ ၂ နှစ်ကျော်လောက်ရှိပေမယ့် လူနေထိုင်ခွင့် BCC မကျသေးတဲ့ တိုက်ခန်းကို ဝယ်ယူသင့်ပါသလား??? ဝယ်ယူခဲ့ရင် ဘယ်လိုဆိုးကျိုးတွေဖြစ်လာနိုင်ပါသလဲ??? စရန်ချခံနီးမှာ BCC မရှိကြောင်းသိရတဲ့အတွက် ခဏရွှေ့ဆိုင်းထားပါတယ် ရှေ့ဆက်၍ ဝယ်ယူသင့် မသင့်လေး ဖြေကြားပေးပါဦး ခင်ဗျာ ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။

မေးသူ - U Thet Htun

[Unicode]

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်ထားတဲ့ နည်းဥပဒေမှာ အဆောက်အအုံ ဆောက်လုပ်ခြင်း လုပ်ငန်းပြီးစီးကြောင်းကို လုပ်ငန်းပြီးစီးသည့်နေ့မှ ရက်ပေါင်း ၃ဝ အတွင်း မြို့တော် စည်ပင်သာယာရေးကော်မတီသို့ စာဖြင့်တင်ပြလျှောက်ထားရမည်ဟု ပြဋ္ဌာန်းထားပါသည်။

ကော်မတီမှ အဆောက်အအုံပြီးစီးကြောင်း တင်ပြချက်ကို အင်ဂျင်နီယာဌာန (အဆောက်အအုံ) အား သက်ဆိုင်ရာ အဆောက်အအုံကို စစ်ဆေး၍ ရက်ပေါင်း ၃ဝ အတွင်းတင်ပြရန် ညွှန်ကြားရပါမည်။

ကော်မတီမှ အဆောက်အအုံပုံစံနှင့်အညီ ဆောက်လုပ်၍ ဆောက်လုပ်ခြင်း ပြီးစီးကြောင်း စိစစ်တွေ့ရှိပါက အဆိုပါ အဆောက်အအုံတွင် လူနေထိုင်ခွင့် လက်မှတ် B.C.C ကိုထုတ်ပေးမည် ဖြစ်သည်။

အကယ်၍ သတ်မှတ်ပုံစံနှင့် ကိုက်ညီခြင်းမရှိသည့် အဆောက်အအုံများဖြစ်ပါက ပြန်လည်ပြင်ဆင်ဆောက် လုပ်ရန် ညွှန်ကြားပြီး သတ်မှတ်ပုံစံဖြင့် ပြင်ဆင်ဆောက်လုပ်ပြီးကြောင်း စိစစ်ရရှိမှသာ လူနေထိုင်ခွင့်ကိုခွင့်ပြုပေးမည်ဖြစ်ပါသည်။

ယင်းအချက်နှင့် ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ-၆၁ (ဃ) တွင် မည်သူမျှ ကော်မတီ၏ ခွင့်ပြုထားသည့် အဆောက်အအုံပုံစံနှင့် ကွဲလွဲခြားနားသည့် အဆောက်အအုံကို ဆောက်လုပ်ခြင်းမပြုရဟုလည်းကောင်း၊ ပုဒ်မ ၆၁ (င) တွင်-မည်သူမျှ ဆောက်လုပ်ပြီးသော အဆောက်အအုံတစ်ခုတွင်ဖြစ်စေ၊ ယင်းအဆောက်အအုံ၏ အစိတ်အပိုင်းတစ်ခုတွင်ဖြစ်စေ၊ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်နေထိုင်ခြင်း၊အသုံးပြုခြင်းမပြုရဟုလည်းကောင်း တားမြစ်ပြဋ္ဌာန်းထားပါသည်။

ထို့ကြောင့် လူနေထိုင်ခွင့် လက်မှတ်မရရှိဘဲ အဆောက်အအုံအတွင်း ဝင်ရောက်နေထိုင်ခွင့် မရှိသည့်အတွက် ဝယ်ယူစဉ်ကထဲက B.C.C မရှိသော တိုက်ခန်းကို မဝယ်ယူသင့်ပါကြောင်း၊ ဖြေကြားပေးလိုက်ပါသည်။

 


[Zawgyi]

တည္ေဆာက္ၿပီးစီးတာ ၃ ႏွစ္ေလာက္႐ွိၿပီး လူေတြေနထိုင္ေနတာ ၂ ႏွစ္ေက်ာ္ေလာက္႐ွိေပမယ့္ လူေနထိုင္ခြင့္ BCC မက်ေသးတဲ့ တိုက္ခန္းကို ဝယ္ယူသင့္ပါသလား??? ဝယ္ယူခဲ့ရင္ ဘယ္လိုဆိုးက်ိဳးေတြျဖစ္လာႏိုင္ပါသလဲ??? စရန္ခ်ခံနီးမွာ BCC မ႐ွိေၾကာင္းသိရတဲ့အတြက္ ခဏေ႐ႊ႕ဆိုင္းထားပါတယ္ ေ႐ွ႕ဆက္၍ ဝယ္ယူသင့္ မသင့္ေလး ေျဖၾကားေပးပါဦး ခင္ဗ်ာ ေက်းဇူးအထူးတင္ပါတယ္ခင္ဗ်ာ။

ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီမွ ထုတ္ျပန္ထားတဲ့ နည္းဥပေဒမွာ အေဆာက္အအုံ ေဆာက္လုပ္ျခင္း လုပ္ငန္းၿပီးစီးေၾကာင္းကို လုပ္ငန္းၿပီးစီးသည့္ေန႔မွ ရက္ေပါင္း ၃ဝ အတြင္း ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီသို႔ စာျဖင့္တင္ျပေလွ်ာက္ထားရမည္ဟု ျပ႒ာန္းထားပါသည္။

ေကာ္မတီမွ အေဆာက္အအုံၿပီးစီးေၾကာင္း တင္ျပခ်က္ကို အင္ဂ်င္နီယာဌာန (အေဆာက္အအုံ) အား သက္ဆိုင္ရာ အေဆာက္အအုံကို စစ္ေဆး၍ ရက္ေပါင္း ၃ဝ အတြင္းတင္ျပရန္ ၫႊန္ၾကားရပါမည္။

ေကာ္မတီမွ အေဆာက္အအုံပုံစံႏွင့္အညီ ေဆာက္လုပ္၍ ေဆာက္လုပ္ျခင္း ၿပီးစီးေၾကာင္း စိစစ္ေတြ႕ရွိပါက အဆိုပါ အေဆာက္အအုံတြင္ လူေနထိုင္ခြင့္ လက္မွတ္ B.C.C ကိုထုတ္ေပးမည္ ျဖစ္သည္။

အကယ္၍ သတ္မွတ္ပုံစံႏွင့္ ကိုက္ညီျခင္းမရွိသည့္ အေဆာက္အအုံမ်ားျဖစ္ပါက ျပန္လည္ျပင္ဆင္ေဆာက္ လုပ္ရန္ ၫႊန္ၾကားၿပီး သတ္မွတ္ပုံစံျဖင့္ ျပင္ဆင္ေဆာက္လုပ္ၿပီးေၾကာင္း စိစစ္ရရွိမွသာ လူေနထိုင္ခြင့္ကိုခြင့္ျပဳေပးမည္ျဖစ္ပါသည္။

ယင္းအခ်က္ႏွင့္ ပတ္သက္၍ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ဥပေဒပုဒ္မ-၆၁ (ဃ) တြင္ မည္သူမွ် ေကာ္မတီ၏ ခြင့္ျပဳထားသည့္ အေဆာက္အအုံပုံစံႏွင့္ ကြဲလြဲျခားနားသည့္ အေဆာက္အအုံကို ေဆာက္လုပ္ျခင္းမျပဳရဟုလည္းေကာင္း၊ ပုဒ္မ ၆၁ (င) တြင္-မည္သူမွ် ေဆာက္လုပ္ၿပီးေသာ အေဆာက္အအုံတစ္ခုတြင္ျဖစ္ေစ၊ ယင္းအေဆာက္အအုံ၏ အစိတ္အပိုင္းတစ္ခုတြင္ျဖစ္ေစ၊ ေကာ္မတီ၏ခြင့္ျပဳခ်က္မရွိဘဲ ဝင္ေရာက္ေနထိုင္ျခင္း၊အသုံးျပဳျခင္းမျပဳရဟုလည္းေကာင္း တားျမစ္ျပ႒ာန္းထားပါသည္။

ထို႔ေၾကာင့္ လူေနထိုင္ခြင့္ လက္မွတ္မရရွိဘဲ အေဆာက္အအုံအတြင္း ဝင္ေရာက္ေနထိုင္ခြင့္ မရွိသည့္အတြက္ ၀ယ္ယူစဥ္ကထဲက B.C.C မရွိေသာ တိုက္ခန္းကို မ၀ယ္ယူသင့္ပါေၾကာင္း၊ ေျဖၾကားေပးလိုက္ပါသည္။

 

ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အျခား အိမ္ၿခံေျမ အေမးအေျဖမ်ား

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)