738 ကြိမ် ကြည့်ရှု့ပြီး

မြေအငြင်းပွားမှုမြေကိုဝယ်ထားတာ ၈နှစ်ရှိပါပြီ။ အိမ်လည်းဆောက်ထားပါတယ်။ မြေခွန်ပြေစာအမှတ်(၈)လည်း ၂၀၁၂-၂၀၁၃ ကတည်းကအမည်ပေါက်နဲ့ထွက်ရှိထားပါပြီ။ အခုချိန်မှဘေးကပ်လျှက်ခြံက ကျွန်တော့်မြေမှာသူတို့တို့မြေပါနေကြောင်းပြန်လည်ရယူလိုကြောင်းပြောလာလို့ပါခင်ဗျ။ ဝယ်ကတည်းကဧရိယာခြံစည်းရိုးကိုသူတို့သာခတ်ထားခဲ့တာပါ။ လူငှားနဲ့ခတ်ခဲ့တာကြောင့် တိကျမှုမရှိဘူးလို့ဆိုလာပါတယ်။ သူတို့မြေကိုပြန်လည်ယူလိုသောကြောင့် အဆောက်အဦးကိုဖျက်ပေးရန်တောင်းဆိုလာပါတယ်။ နှစ်များစွာကြာမှခုလိုပြောလာတဲ့အတွက် အဆောက်အဦးရှိပြီးသားမို့ ညှိနှိုင်းရခက်ခဲနေပါတယ်။တရားရင်ဆိုင်ပါကဘယ်လိုအဖြေမျိုးထွက်လာနိုင်ပါသလဲခင်ဗျာ။

မေးသူ - Khun Kyaw Thu Soe

 

[Unicode]

မေးမြန်းသူ၏မြေ(သို့) ဘေးကပ်လျှက်ခြံကမြေလားဆိုတာ မြေတိုင်းတာရန် လျှောက်ထားပြီး မြေပုံတွင် စစ်ဆေးနိုင်ပါသည်။ မြေတိုင်းတာရန်လျှောက်ထားပြီး ကျုးလွန်ခြင်းပြမြေပုံတွင် မည်သည့်ဘက်ကမြေဆိုတာ ထင်ရှားစွာပေါ်ပေါက်မည်ဖြစ်ပါသည်။ မိမိမြေမဟုတ်ပဲ အခြားသူပိုင်မြေဖြစ်နေပါက ပြန်လည်ဖယ်ရှားပေးရန် တာဝန်ရှိပါသည်။ အကယ်၍ မိမိပိုင်မြေဖြစ်ပါက ဖယ်ရှားပေးစရာမလိုပါ။ မြေတိုင်းတာပြီး မြေပုံမြေရာဇဝင်သည်သာ အမှန်ကန်ဆုံးသက်သေတခုဖြစ်ပါသည်။

 

[Zawgyi]

ေျမအျငင္းပြားမႈေျမကိုဝယ္ထားတာ ၈ႏွစ္ရွိပါၿပီ။ အိမ္လည္းေဆာက္ထားပါတယ္။ ေျမခြန္ေျပစာအမွတ္(၈)လည္း ၂၀၁၂-၂၀၁၃ ကတည္းကအမည္ေပါက္နဲ႔ထြက္ရွိထားပါၿပီ။ အခုခ်ိန္မွေဘးကပ္လွ်က္ၿခံက ကြၽန္ေတာ့္ေျမမွာသူတို႔တို႔ေျမပါေနေၾကာင္းျပန္လည္ရယူလိုေၾကာင္းေျပာလာလို႔ပါခင္ဗ်။ ဝယ္ကတည္းကဧရိယာၿခံစည္း႐ိုးကိုသူတို႔သာခတ္ထားခဲ့တာပါ။ လူငွားနဲ႔ခတ္ခဲ့တာေၾကာင့္ တိက်မႈမရွိဘူးလို႔ဆိုလာပါတယ္။ သူတို႔ေျမကိုျပန္လည္ယူလိုေသာေၾကာင့္ အေဆာက္အဦးကိုဖ်က္ေပးရန္ေတာင္းဆိုလာပါတယ္။ ႏွစ္မ်ားစြာၾကာမွခုလိုေျပာလာတဲ့အတြက္ အေဆာက္အဦးရွိၿပီးသားမို႔ ညႇိႏႈိင္းရခက္ခဲေနပါတယ္။တရားရင္ဆိုင္ပါကဘယ္လိုအေျဖမ်ိဳးထြက္လာႏိုင္ပါသလဲခင္ဗ်ာ။

ေမးျမန္းသူ၏ေျမ(သို႔) ေဘးကပ္လွ်က္ျခံကေျမလားဆိုတာ ေျမတိုင္းတာရန္ ေလွ်ာက္ထားၿပီး ေျမပုံတြင္ စစ္ေဆးႏိုင္ပါသည္။ ေျမတိုင္းတာရန္ေလွ်ာက္ထားၿပီး က်ဳးလြန္ျခင္းျပေျမပုံတြင္ မည္သည့္ဘက္ကေျမဆိုတာ ထင္ရွားစြာေပၚေပါက္မည္ျဖစ္ပါသည္။ မိမိေျမမဟုတ္ပဲ အျခားသူပိုင္ေျမျဖစ္ေနပါက ျပန္လည္ဖယ္ရွားေပးရန္ တာ၀န္ရွိပါသည္။ အကယ္၍ မိမိပိုင္ေျမျဖစ္ပါက ဖယ္ရွားေပးစရာမလိုပါ။ ေျမတိုင္းတာၿပီး ေျမပုံေျမရာဇ၀င္သည္သာ အမွန္ကန္ဆုံးသက္ေသတခုျဖစ္ပါသည္။

 

ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အျခား အိမ္ၿခံေျမ အေမးအေျဖမ်ား

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)