751 ကြိမ် ကြည့်ရှု့ပြီး

မိမိအိမ်အားကာယကံရှင်ခွင့်ပြုချက်မရှိပါပဲအခြားအိမ်မှကိုယ်ကျိုးအလို့ငှာ သတ်မှတ်ထားသောစည်းကိုကျော်၍မိမိပိုင်အိမ်အားကပ်၍ဆောက်ထားသည်မှာတရားဝင်ပါသလား။အကယ်၍ကာယကံရှင်မှသဘောအတိုင်းမဟုတ်ပဲယင်းတို့အကျိုးအတွက်ဆောက်ထားခြင်းကိုမည်သို့အရေးယူနိုင်သလဲ။

မေးသူ - Tun Aung Kyaw

[Unicode]

မေးမြန်းသူပိုင်ဆိုင်ပြီးနေထိုင်သော နေရာဒေသမပါရှိသည့်အတွက် သက်ဆိုင်ရာ မြေယာဌာနတွင် မိမိပိုင်ဆိုင်သည့် မြေဧရိယာထဲတွင် ပါဝင်ဆောက်လုပ်ထားခြင်းရှိ/မရှိ အရင်စိစစ်ရပါမည်။ အကယ်၍ မိမိပိုင်အိမ်နားကပ်ပြီး ဆောက်လုပ်ထားခြင်းဖြစ်ပါက ယင်းအဆောက်အဦးကို ဓာတ်ပုံမှတ်တမ်းတင်ကာ စာဖြင့်ရေးသားပြီး မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှုးရုံးသို့ သွားရောက်တင်ပြပါ။ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှုးရုံးဖြစ်စေ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန( အဆောက်အအုံ) သို့ တိုင်ကြားဆောင်ရွက်နိုင်ပါသည်။

[Zawgyi]



 

ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)