906 ကြိမ် ကြည့်ရှု့ပြီး

ဂရန်အမည်ပေါက်ထံမှဝယ်ယူခဲ့သောမြေကွက်တွင်မြေပုံအညွန်း၌အရှေ့သို့လားသော် BGFS နောက်ဖေးလမ်းကြားဟုပါနေသော်လည်းထိုနေရာတွင် ရပ်ကွက်ရုံး၏ဝန်ထမ်းတစ်ဦးက ၉ပေပေ ၃၀ လောက် ယာယီအိမ်ကလေးဆောက်ပြီးနေထိုင်နေပါသည်။ရောင်းလိုက်သူကိုလည်းအပူမကပ်ချင်ပါ ရပ်ကွက်အုပ်ချုပ်ရေးမူးရုံးသည် ပြည်သူထက်ပို၍ ethics or law ကိုပိုမိုသိရှိသင့်ပါသည် ဘယ်လိုရှင်းသင့်ပါသလဲလေးစားစွာဖြင့်

မေးသူ - U Ko Ko

[Unicode]

မိမိပိုင်ဆိုင်သည့်မြေဧရိယာထဲတွင် ပါဝင်ဆောက်လုပ်ထားခြင်းရှိ/မရှိ အရင်စိစစ်ရပါမည်။ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ခွင့်ပြုချက်ဖြင့် ဆောက်လုပ်ခြင်း ဟုတ်မဟုတ် သေချာစုံစမ်းစိစစ်စေလိုပါသည်။ အကယ်၍ မိမိပိုင်မြေပေါ်တွင် ဆောက်လုပ်ထားခြင်းမဟုတ်ပါက ၎င်းဆောက်လုပ်ထားသည့်မြေမှာ စည်ပင်ပိုင်မြေဖြစ်နေခဲ့လျှင် ယင်းယာယီအဆောက်အဦးကို ဓာတ်ပုံမှတ်တမ်းတင်ကာ စာဖြင့်ရေးသားပြီး မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှုးရုံးသို့ သွားရောက်တင်ပြပါ။ ခွင့်ပြုချက်တစ်ရပ်ရပ်ဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ပါက မိမိပိုင်မြေနှင့်လည်း မသက်ဆိုင်ပါက အဆောက်အဦးပယ်ဖျက်စေရန် မလွယ်ကူပါ။ ခွင့်ပြုချက်တစ်ရပ်ရပ်မရှိခဲ့လျှင်မူ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှုးရုံးသို့ တိုင်ကြားဆောင်ရွက်နိုင်ပါသည်။

 

[Zawgyi]

ဂရန္အမည္ေပါက္ထံမွဝယ္ယူခဲ့ေသာေျမကြက္တြင္ေျမပုံအၫြန္း၌အေရွ႕သို႔လားေသာ္ BGFS ေနာက္ေဖးလမ္းၾကားဟုပါေနေသာ္လည္းထိုေနရာတြင္ ရပ္ကြက္႐ုံး၏ဝန္ထမ္းတစ္ဦးက ၉ေပေပ ၃၀ ေလာက္ ယာယီအိမ္ကေလးေဆာက္ၿပီးေနထိုင္ေနပါသည္။ေရာင္းလိုက္သူကိုလည္းအပူမကပ္ခ်င္ပါ ရပ္ကြက္အုပ္ခ်ဳပ္ေရးမူး႐ုံးသည္ ျပည္သူထက္ပို၍ ethics or law ကိုပိုမိုသိရွိသင့္ပါသည္ ဘယ္လိုရွင္းသင့္ပါသလဲေလးစားစြာျဖင့္

မိမိပိုင္ဆိုင္သည့္ေျမဧရိယာထဲတြင္ ပါဝင္ေဆာက္လုပ္ထားျခင္းရွိ/မရွိ အရင္စိစစ္ရပါမည္။ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး၏ခြင့္ျပဳခ်က္ျဖင့္ ေဆာက္လုပ္ျခင္း ဟုတ္မဟုတ္ ေသခ်ာစုံစမ္းစိစစ္ေစလိုပါသည္။ အကယ္၍ မိမိပိုင္ေျမေပၚတြင္ ေဆာက္လုပ္ထားျခင္းမဟုတ္ပါက ၎ေဆာက္လုပ္ထားသည့္ေျမမွာ စည္ပင္ပိုင္ေျမျဖစ္ေနခဲ့လွ်င္ ယင္းယာယီအေဆာက္အဦးကို ဓာတ္ပုံမွတ္တမ္းတင္ကာ စာျဖင့္ေရးသားၿပီး ၿမိဳ႕နယ္စည္ပင္သာယာအုပ္ခ်ဳပ္ေရးမႈး႐ုံးသို႔ သြားေရာက္တင္ျပပါ။ ခြင့္ျပဳခ်က္တစ္ရပ္ရပ္ျဖင့္ ေဆာက္လုပ္ထားျခင္းျဖစ္ပါက မိမိပိုင္ေျမႏွင့္လည္း မသက္ဆိုင္ပါက အေဆာက္အဦးပယ္ဖ်က္ေစရန္ မလြယ္ကူပါ။ ခြင့္ျပဳခ်က္တစ္ရပ္ရပ္မရွိခဲ့လွ်င္မူ ၿမိဳ႕နယ္စည္ပင္သာယာအုပ္ခ်ဳပ္ေရးမႈး႐ုံးသို႔ တိုင္ၾကားေဆာင္႐ြက္ႏိုင္ပါသည္။

ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အျခား အိမ္ၿခံေျမ အေမးအေျဖမ်ား

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)