[Unicode]
ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၅ (ခ) အရ အခန်းငှားယူသူထံမှ ငှားရမ်းခရငွေနှင့်အတူ ကုန်သွယ်လုပ်ငန်းခွန် ၅ % ကို တစ်ပါတည်းကောက်ခံပြီး ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၁၂ (က) အရ ငှားရမ်းခရရှိသည့် လကုန်ဆုံးပြီး (၁၀) ရက်အတွင်း သက်ဆိုင်ရာအခွန်ရုံးသို့ ပေးသွင်းရမည်ဖြစ်ပါသည်။
အိမ်ရှင်မှ ထမ်းဆောင်ရသည်မှာ ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၁၉(ဃ) အရ မြေ၊ အဆောက်အဦငှားရမ်းခြင်းမှရရှိသော စုစုပေါင်းငှားရမ်းခရငွေအပေါ် ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ အရ သက်သာခွင့်များ နုတ်ပယ်ပြီး ကျန်ငွေအပေါ် တစ်ဆယ်ရာခိုင်နှုန်းဖြင့် ဝင်ငွေခွန်ပေးဆောင်ရမည်ဖြစ်ပါသည်။
တံဆိပ်ခေါင်းခွန်မှာ မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ နောက်ဆက်တွဲဇယား (၁) အမှတ်စဉ် (၃၅)(က)(၂) အရ (၃) နှစ် အငှားစာချုပ်ချုပ်ဆိုခြင်းအတွက် နှစ်စဉ်ပျမ်းမျှရရန်ရှိသော ငှားရမ်းခသင့်ငွေပမာဏ သို့မဟုတ် တန်ဖိုးအပေါ် တံဆိပ်ခေါင်းခွန် ဝ.၅% ထမ်းဆောင်ရမည်ဖြစ်ပါသည်။
အငှားစာချုပ်ချုပ်ဆိုခြင်းအပေါ် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက် ဥပဒေပုဒ်မ ၂၉(ဂ) အရ ငှားရမ်းရသူ (သို့မဟုတ်) ငှားရမ်းမည့်သူက ထိုက်သင့်သည့် တံဆိပ်ခေါင်းခွန်ကို ထမ်းဆောင်ရမည်ဖြစ်ပါသည်။
[Zawgyi]
အိမ္ငွါးလွ်င္ commercial tax 5% ကိုအိမ္ရွင္မွေဆာင္ရမည္လား ၊ အိမ္ငွါးဘက္မွေဆာင္ရမည္လား ။ အိမ္ရွင္ဘက္မွ income tax အျပင္ မည္သည့္အခြန္ေတြပါေပးေဆာင္ရပါမလဲရွင္။
ကုန္သြယ္လုပ္ငန္းခြန္ဥပေဒပုဒ္မ ၅ (ခ) အရ အခန္းငွားယူသူထံမွ ငွားရမ္းခရေငြႏွင့္အတူ ကုန္သြယ္လုပ္ငန္းခြန္ ၅ % ကို တစ္ပါတည္းေကာက္ခံၿပီး ကုန္သြယ္လုပ္ငန္းခြန္ ဥပေဒပုဒ္မ ၁၂ (က) အရ ငွားရမ္းခရရွိသည့္ လကုန္ဆုံးၿပီး (၁၀) ရက္အတြင္း သက္ဆိုင္ရာအခြန္႐ုံးသို႔ ေပးသြင္းရမည္ျဖစ္ပါသည္။
အိမ္ရွင္မွ ထမ္းေဆာင္ရသည္မွာ ၂၀၁၈ ခုႏွစ္ ျပည္ေထာင္စု၏အခြန္အေကာက္ဥပေဒပုဒ္မ ၁၉(ဃ) အရ ေျမ၊ အေဆာက္အဦငွားရမ္းျခင္းမွရရွိေသာ စုစုေပါင္းငွားရမ္းခရေငြအေပၚ ဝင္ေငြခြန္ဥပေဒပုဒ္မ ၆ အရ သက္သာခြင့္မ်ား ႏုတ္ပယ္ၿပီး က်န္ေငြအေပၚ တစ္ဆယ္ရာခိုင္ႏႈန္းျဖင့္ ဝင္ေငြခြန္ေပးေဆာင္ရမည္ျဖစ္ပါသည္။
တံဆိပ္ေခါင္းခြန္မွာ ျမန္မာႏိုင္ငံတံဆိပ္ေခါင္းအက္ဥပေဒ ေနာက္ဆက္တြဲဇယား (၁) အမွတ္စဥ္ (၃၅)(က)(၂) အရ (၃) ႏွစ္ အငွားစာခ်ဳပ္ခ်ဳပ္ဆိုျခင္းအတြက္ ႏွစ္စဥ္ပ်မ္းမွ်ရရန္ရွိေသာ ငွားရမ္းခသင့္ေငြပမာဏ သို႔မဟုတ္ တန္ဖိုးအေပၚ တံဆိပ္ေခါင္းခြန္ ဝ.၅% ထမ္းေဆာင္ရမည္ျဖစ္ပါသည္။
အငွားစာခ်ဳပ္ခ်ဳပ္ဆိုျခင္းအေပၚ ျမန္မာႏိုင္ငံတံဆိပ္ေခါင္းအက္ ဥပေဒပုဒ္မ ၂၉(ဂ) အရ ငွားရမ္းရသူ (သို႔မဟုတ္) ငွားရမ္းမည့္သူက ထိုက္သင့္သည့္ တံဆိပ္ေခါင္းခြန္ကို ထမ္းေဆာင္ရမည္ျဖစ္ပါသည္။
ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။