280 ကြိမ် ကြည့်ရှု့ပြီး

ရွှေပေါက္ကံ၊ မေတ္တာလမ်း၊ (၁၅) ရပ်ကွက်၊ တန်ဖိုးသင့်အိုးအိမ်ဆောက်လုပ်ခွင့်ရှိပါသလား? တချို့က ဆိုင်ခန်းတွေ ဖွင့်နေကျလို့ပါ။

မေးသူ - Saw New Oo
မိမိပိုင်မြေကွက်ပေါ်တွင် အဆောက်အဦဆောက်လုပ်လိုလျှင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ) သို့ ဆောက်လုပ်လို့သော အဆောက်အအုံပုံစံအတိုင်း အဆောက်အအုံဆောက်လုပ်ခွင့်တင်ရမှာဖြစ်ပါတယ်။ ဥပမာ- ဘယ်နှစ်ထပ်ဆောက်လုပ်လိုသည်၊ အခန်းဘယ်နှစ်ခန်းဖွဲ့မည် စသည်တို့ကို တင်ပြလျှောက်ထားရမှာဖြစ်ပါတယ်။ ထိုသို့ ဆောက်လုပ်ခွင့်တင်ပြပြီး ခွင့်ပြုချက်ကျပါက အဆောက်အအုံဆောက်လုပ်ပြီး ဆောက်လုပ်ပြီးစီးပါကလည်း အဆောက်အအုံပြီးစီးကြောင်းလက်မှတ် (BCC) တင်ရမှာဖြစ်ပါတယ်။
အထက်ပါအတိုင်း အဆောက်အအုံဆောက်လုပ်ခြင်းနဲ့ပတ်သက်ပြီး ဆောင်ရွက်ပြီးပါက မိမိပိုင် တိုက်ခန်း၊ အိမ်ခန်းအား လွှဲပြောင်းရောင်းချခြင်း၊ အငှားချထားခြင်းများကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဆိုင်ခန်းများ ဖွင့်လှစ်မည်ဆိုပါကလည်း မြို့နယ်စည်ပင်သာယာရေးကော်မတီတွင် ဆိုင်ခန်းဖွင့်လှစ်ကြောင်း အကြောင်းကြား၍ လုပ်ငန်းလိုင်စင်၊ သန့်ရှင်းရေးခွန်များ ပေးသွင်းရမှာဖြစ်ပါကြောင်း ရှင်းလင်းအကြံပြုအပ်ပါသည်။
ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)