1008 ကြိမ် ကြည့်ရှု့ပြီး

အိမ်နှင့်မြေကွက် အမည်ပေါက်ပြောင်းလျှင် လိုအပ်သောစာရွက်စာတမ်းနဲ့အချက်အလက်တွေ သိချင်ပါတယ်ရှင့် ကျေးဇူးပြု၍ ဖြေကြားပေးပါ။ အထူးသဖြင့်လွှဲပြောင်းလက်ခံယူမယ့်ကာယကံရှင်ရဲ့ လက်မှတ်ကိုယ်ရေးအချက်အလက်များဘယ်လောက်ထိလိုလဲ သိချင်ပါတယ်ရှင့်။ ကျေးဇူးပါ

မေးသူ - မေမသူ

[Unicode]

ဂရန်မြေကွက်ကို အမည်ပေါက်ပြောင်းလဲရန်အတွက် အောက်ပါစာရွက်စာတမ်းတွေလိုအပ်ပါတယ်။

မြေငှားဂရန်မူရင်း၊ အရောင်းမြေပုံ/မြေရာဇဝင်၊ ဝင်ငွေခွန်ထမ်းဆောင်ထားသည့် ပတခ ဝင(၈)ပြေစာ၊ တံဆိပ်ခေါင်းခွန်လုံလောက်စွာထမ်းဆောင်ထားသည့်ပြေစာနှင့် တံဆိပ်ခေါင်း စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် တင်သွင်းချုပ်ဆိုထားသည့် မှတ်ပုံတင်စာချုပ် စသည့် စာရွက်စာတမ်းမူရင်းများ လိုအပ်မှာဖြစ်ပါတယ်။

အထက်ပါ စာရွက်စာတမ်းအထောက်အထားများဖြင့် မြေကွက်ဝယ်ယူသူက ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမြေယာဌာနတွင် ဂရန်အမည်ပြောင်းလဲရန်အတွက် လျှောက်လွှာတင်သွင်း လျှောက်ထား ရမှာဖြစ်ပါတယ်။ ဝယ်ယူသူကိုယ်တိုင် အမှုတွဲဖွင့်လှစ်ဆောင်ရွက်နိုင်သလို ၎င်းကိုယ်စား ၎င်း၏ကိုယ်စားလှယ်လွှဲအပ်ခံထားရသူမှလည်း ကိုယ်စားဆောင်ရွက်နိုင်ပါတယ်။

ကိုယ်စားလှယ်ဖြင့် ဆောင်ရွက်မည်ဆိုလျှင် မှတ်ပုံတင်သွင်းချုပ်ဆိုထားသည့် ကိုယ်စားလှယ်လွှဲစာဖြစ်ရမည်ဖြစ်ပြီး ကျမ်းကျိန်လွှာပါ တင်ပြရမှာဖြစ်ပါတယ်။ ဝယ်ယူသူဘက်က တင်ပြရမည့် အထောက်အထားများကတော့ မှတ်ပုံတင်မိတ္တူ လိုအပ်မှာဖြစ်ပါတယ်။

ဝယ်ယူသူအနေနဲ့ ဌာနဆိုင်ရာလိုအပ်ချက်အရ ကိုယ်စားလှယ်ဖြင့် ဆောင်ရွက်လျှင် ဝယ်ယူသူကိုယ်တိုင် လိုက်ရန်မလိုအပ်သော်လည်း ကိုယ်စားလှယ်ဖြင့် မဟုတ်ပါက လူကိုယ်တိုင်လိုက်ပါပြီး အစစ်ဆေးခံရန်၊ လက်မှတ်ထိုးရန် လိုအပ်မည်ဖြစ်ကြောင်း ရှင်းလင်းအကြံပြုအပ်ပါသည်။

 

[Zawgyi]

အိမ်နှင့်မြေကွက် အမည်ပေါက်ပြောင်းလျှင် လိုအပ်သောစာရွက်စာတမ်းနဲ့အချက်အလက်တွေ သိချင်ပါတယ်ရှင့် ကျေးဇူးပြု၍ ဖြေကြားပေးပါ။ အထူးသဖြင့်လွှဲပြောင်းလက်ခံယူမယ့်ကာယကံရှင်ရဲ့ လက်မှတ်ကိုယ်ရေးအချက်အလက်များဘယ်လောက်ထိလိုလဲ သိချင်ပါတယ်ရှင့်။ ကျေးဇူးပါ






ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)