825 ကြိမ် ကြည့်ရှု့ပြီး

ဒဂုံမြို့သစ်ဘက်မှာ (၄၀' ×၆၀') အိမ်အပေါင်ထားပြီး ငွေချေးပေးရန်အကူအညီတောင်းခံလာပါသဖြင့် မည်သို့ဆောင်ရွက်ရမည်ကိုသိရှိလိုပါသည်။အိမ်အပေါင်ထားခြင်သူနဲ့ မိမိမှာဆွေမျိုးတော်စပ်ပါသည်။

မေးသူ - ၾသေလး

[Unicode]

ဥပဒေအရာပြောရမည်ဆိုလျှင်တော့ ချေးငွေလုပ်ငန်းလိုင်စင်မရှိဘဲ အပေါင်ခံခြင်း၊ ငွေတိုးချေးခြင်းသည်တရားမဝင်ပါ။ သို့သော်အရပ်ထဲတွင်တော့လုပ်ငန်းလိုင်စင်မရှိဘဲ ငွေတိုးချေးခြင်း၊ အပေါင်ခံခြင်းများလုပ်ကိုင်နေကြပါသည်။ ဥပဒေအရ တစ်ကြိမ်တစ်လေ ရင်းနှီးမှုအရငွေချေးခြင်းကိုတော့ခွင့်ပြုပါတယ်။

အတိုး ဆိုပြီးဖော်ပြခွင့်တော့မရှိပါဘူး။ မူလချေးယူသောငွေနှင့် အတိုးကိုပေါင်းပြီး ချေးယူငွေအဖြစ် ယုံကြည်အပ်နှံရေး စာချုပ်ချုပ်ဆိုပြီး ချေးငှားကြပါတယ်။ နှစ်ကာလသတ်မှတ်ထားပြီး ပြန်မဆပ်နိုင်လျှင် အပေါင်ယူထားသည့် ဂရန်ကို ရောင်းချ၍ချေးယူငွေပြန်ဆပ်ပြီးပိုငွေကို ချေးယူသူ(ပိုင်ရှင်) ကိုပြန်ပေးရန် စာချုပ်ချုပ်ကြပါတယ်။

ချုပ်တဲ့နေရာတွင် ငွေယုံကြည်အပ်နှံရေးစာချုပ်အဖြစ်ချုပ်ဆိုကြပြီး အာမခံအဖြစ်ဂရန်သိမ်းဆည်းထားသည်ဆိုသည့် သဘောဖြင့် စာချုပ်ချုပ်ကြပါကြောင်း ရှင်းလင်းအကြံပြုအပ်ပါသည်။

 

[Zawgyi]

ဒဂုံမြို့သစ်ဘက်မှာ (၄၀' ×၆၀') အိမ်အပေါင်ထားပြီး ငွေချေးပေးရန်အကူအညီတောင်းခံလာပါသဖြင့် မည်သို့ဆောင်ရွက်ရမည်ကိုသိရှိလိုပါသည်။ အိမ်အပေါင်ထားခြင်သူနဲ့ မိမိမှာဆွေမျိုးတော်စပ်ပါသည်။




ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)