9450 ကြိမ် ကြည့်ရှု့ပြီး

မြောက်ဒဂုံမှာ အိမ်ဆောက်ချင်လို့ အိမ်ဆောက်ခွင့်ပါမစ် ဘယ်လိုလျှောက်ရမယ်ဆိုတာ သိချင်ပါတယ်။

မေးသူ - Thein Sithu Hlaing

[Unicode]

(၃)ထပ်နှင့်အောက် အဆောက်အအုံ ဆောက်လုပ်ရာတွင် လိုအပ်သည့်စာရွက်စာတမ်းများ

၁။ ဌာနသတ်မှတ်လျှောက်လွှာ
(က) ဆောက်လုပ်ခွင့်လျှောက်လွှာပုံစံ

(ခ) အဆောက်အအုံကြီးကြပ်ဆောက်လုပ်မည်ဖြစ်ကြောင်းမှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ/ ဗိသုကာမှ တင်ပြရန်

(ဂ) ခွင့်ပြုချက်မရမီ ကြိုတင်ဆောက်လုပ်ခြင်းနှင့်မြေပိုင်ဆိုင်မှု ပြဿနာပေါ်ပေါက်ခြင်းတို့အတွက် ဌာန၏ ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း မြေရှင်မှ ခံဝန်ကတိတင်ပြရန်

(ဃ) အိမ်ရှင်/အိမ်ငှား ပြဿနာအရှုပ်အရှင်းကင်းရှင်းကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် တင်ပြရန်

(င) ဘေးကပ်လျက် မြေကွက်ပိုင်ရှင်များ၏ သဘောထားတင်ပြရန်

(စ) အဆောက်အအုံခိုင်ခံ့မှုနှင့်ပတ်သက်၍ မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာမှ တာဝန်ယူကြောင်း ခံဝန်ကတိတင်ပြရန်

(ဆ) အဆောက်အအုံဟောင်းဖျက်သိမ်းခွင့်လျှောက်လွှာပုံစံ

(ဇ) အဆောက်အအုံဟောင်းဖျက်သိမ်းရာတွင် ဘေးကပ်လျက်ရှိသော အဆောက်အအုံ ပျက်စီးမှုမရှိစေရန် ဖျက်သိမ်းပါမည့်အကြောင်း မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ/ ဗိသုကာနှင့်မြေရှင်တို့မှ ခံဝန်ကတိတင်ပြရန်

(ဈ) ကန်ထရိုက်တိုက်ပုံစံဖြစ်ပါက လျှောက်ထားသူ၊ လိုင်စင်ရကန်ထရိုက်တာ (LC) နှင့် မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ/ဗိသုကာတို့မှ သတ်မှတ်ထားသည့်စည်းကမ်းချက်များအားလိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း ခံဝန်ကတိတင်ပြရန်

၂။ လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ (မြေရှင်၊ GP/SP) (A4 Size တစ်မျက်နှာ တည်းတွင်အပေါ် / အောက်ကူးရန်)

၃။ မြေပိုင်ဆိုင်မှုအထောက်အထားမိတ္တူ

၄။ မိသားစုလုံးချင်းနှင့် စီးပွါးရေးလုပ်ငန်းသုံး အဆောက်အအုံပုံစံဖြစ်ပါက လျှောက်ထားသူနှင့် မှတ်ပုံတင် လက်မှတ်ရအင်ဂျင်နီယာ/ဗိသုကာတို့မှ လက်မှတ်ရေးထိုး ထားသော အဆိုပြု ပုံစံ(၃)စုံ (A3 Size)

၅။ ကန်ထရိုက်တိုက်ပုံစံဖြစ်ပါက လျှောက်ထားသူ၊ လိုင်စင်ရကန်ထရိုက်တာ (LC) နှင့် မှတ်ပုံတင် လက်မှတ်ရ အင်ဂျင်နီယာ/ဗိသုကာတို့မှ လက်မှတ်ရေးထိုး ထားသော အဆိုပြု ပုံစံ(၃)စုံ (A3 Size)

၆။ ဖျက်သိမ်းမည့် အဆောက်အအုံဟောင်း၏ဓါတ်ပုံ နှင့်ဘေးနှစ်ဖက်ရှိ အဆောက်အအုံများ၏ ဓါတ်ပုံ

၇။ ကန်ထရိုက်တိုက်ပုံစံနှင့် စီးပွါးရေးလုပ်ငန်းသုံး အဆောက်အအုံပုံစံများ ဖြစ်ပါက မီးသတ်ဦးစီးဌာန၏ အကြံပြုချက် စသည်တို့ဖြစ်ပါသည်။

(၄)ထပ်မှ (၈)ထပ်အထိ အဆောက်အအုံများဆောက်လုပ်ခွင့်လျှောက်ထားရာတွင် ပါဝင်ရမည့် စာရွက်စာတမ်းများ ပဏာမအဆိုပြုပုံစံ(Proposal)

၁။ ဌာနသတ်မှတ်လျှောက်လွှာ
(က) ဆောက်လုပ်ခွင့်လျှောက်လွှာပုံစံ

(ခ) အဆောက်အအုံကြီးကြပ်ဆောက်လုပ်မည်ဖြစ်ကြောင်း မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ/ ဗိသုကာမှ တင်ပြရန်

(ဂ) ခွင့်ပြုချက်မရမီ ကြိုတင်ဆောက်လုပ်ခြင်းနှင့်မြေပိုင်ဆိုင်မှု ပြဿနာပေါ်ပေါက်ခြင်း တို့အတွက် ဌာန၏ ညွှန်ကြားချက်ကိုလိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း မြေရှင်မှခံဝန်ကတိတင်ပြရန်

(ဃ) အိမ်ရှင်/အိမ်ငှား ပြဿနာအရှုပ်အရှင်းကင်းရှင်းကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် တင်ပြရန်

(င) ဘေးကပ်လျက် မြေကွက်ပိုင်ရှင်များ၏ သဘောထားတင်ပြရန်

(စ) လမ်းအတွင်း ၄ထပ်နှင့်အထက် အဆောက်အအုံမရှိပါက အဆိုပြုအဆာက်အအုံ ဆောက်လုပ်ခြင်းနှင့် ပတ်သက်၍ မြေကွက်ပိုင်ရှင်များ (ဘေးဝဲဘက်(၂)ဦး၊ ယာဘက်(၂)ဦး၊ ရှေ့ဘက်(၃)ဦး၊ နောက်ဘက်(၃)ဦး၊ စုစုပေါင်း (၁၀)ဦး၏ ထောက်ခံချက်)မှ ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံချက် တင်ပြရန်

(ဆ) စီးပွါးရေးလုပ်ငန်းသုံး အဆောက်အအုံဆောက်လုပ်ခြင်းနှင့်ပတ်သက်၍ ဘေးပတ်ဝန်းကျင်ရှိ မြေကွက ပိုင်ရှင်များ (ဘေးဝဲဘက်(၂)ဦး၊ ယာဘက်(၂)ဦး၊ ရှေ့ဘက် (၃)ဦး၊ နောက်ဘက်(၃)ဦး ၊ စုစုပေါင်း (၁၀)ဦး၏ ထောက်ခံချက်)မှ ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံချက်တင်ပြရန်

(ဇ) အဆောက်အအုံဟောင်းဖျက်သိမ်းခွင့်လျှောက်လွှာပုံစံ

(ဈ) အဆောက်အအုံဟောင်းဖျက်သိမ်းရာတွင် ဘေးကပ်လျက်ရှိသော အဆောက်အအုံ ပျက်စီးမှုမရှိစေရန် ဖျက်သိမ်းပါမည့်အကြောင်း မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ/ ဗိသုကာနှင့်မြေရှင်တို့မှ ခံဝန်ကတိတင်ပြရန်

(ည) မြေရှင်၏ GP/SPမှ တင်ပြမည်ဆိုပါက မြေရှင်သက်ရှိထင်ရှားရှိကြောင်းနှင့် ကိုယ်စားလှယ် လွှဲအပ်ထားသည်မှာ မှန်ကန်ကြောင်း မြေရှင်မှတင်ပြရန်

(ဋ) အဆောက်အအုံခိုင်ခံ့မှုနှင့် ပတ်သက်၍ မှတ်ပုံတင်လက်မှတ်ရအင်ဂျင်နီယာ၏ တာဝန်ယူကြောင်း ခံဝန်ကတိတင်ပြရန်(ပုံစံကြီးတွင် ပူးတွဲတင်ပြရန်)

(ဌ) အဆောက်အအုံဆောက်လုပ်ခြင်းနှင့် စပ်လျဉ်း၍ လျှောက်ထားသူ၊ လိုင်စင်ရကန်ထရိုက်တာ (LC) နှင့် မှတ်ပုံတင်လက်မှတ်ရအင်ဂျင်နီယာ/ဗိသုကာတို့မှ သတ်မှတ်ထားသည့် စည်းကမ်းချက်များအား လိုက်နာ ဆောင်ရွက်မည်ဖြစ်ကြောင်း ခံဝန်ကတိတင်ပြရန် (ပုံစံကြီးတွင် ပူးတွဲတင်ပြရန်)

၂။ လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ (မြေရှင်၊ GP/SP) (A4 Size တစ်မျက်နှာတည်း တွင်အပေါ် / အောက်ကူးရန်)

၃။ သက်ဆိုင်ရာဌာနမှ (၁)နှစ်အတွင်း ထုတ်ပေးထားသော အဆောက်အအုံဆောက်လုပ်ရန် မြေပုံ၊မြေရာဇဝင် မူရင်း(C/Map)

၄။ ဂရန်မိတ္တူနှင့်နယ်နိမိတ်တိုင်းတာသတ်မှတ်သည့်မြေပုံ (D/Map)မိတ္တူ

၅။ ဘေးဝဲ/ယာကပ်လျက်တွင် ၄ထပ်နှင့်အထက် အဆောက်အအုံများရှိပါက လိုင်စင်ရတိုင်းတာရေး အင်ဂျင်နီယာ၏ အဆောက်အအုံတိုင်းတာချက ်(Theodolite Reading)

၆။ လျှောက်ထားသူ၊ မှတ်ပုံတင်လက်မှတ်ရအင်ဂျင်နီယာ/ဗိသုကာတို့မှ လက်မှတ်ရေးထိုးထားသော Foundation Plan ပါဝင်သည့် အဆိုပြု ဗိသုကာပုံစံ(၁)စုံ(A3 Size)

၇။ ဖျက်သိမ်းမည့် အဆောက်အအုံဟောင်း၏ဓါတ်ပုံ နှင့်ဘေးနှစ်ဖက်ရှိ အဆောက်အအုံများ၏ ဓါတ်ပုံ ပုံစံကြီး

၈။ မြေခံနိုင်အား စမ်းသပ်မှု (Soil Test) မူရင်း(၂)စုံနှင့် Soft Copy ၊ CD

၉။ မှတ်ပုံတင်လက်မှတ်ရအင်ဂျင်နီယာမှ တွက်ချက်တင်ပြထားသည့် အဆောက်အအုံခိုင်ခံမှုဆိုင်ရာ တွက်ချက်မှုပုံစံ(၁)စုံ

၁၀။ လျှောက်ထားသူ၊ လိုင်စင်ရကန်ထရိုက်တာ(LC)၊ မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ /ဗိသုကာ လက်မှတ်ရေးထိုးထားသော အဆိုပြုပုံစံ(၃)စုံ(A3 Size)

၁၁။ မီးသတ်ဦးစီးဌာန၏ အကြံပြုချက်

၁၂။ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)၏ မိလ္လာကန်တည်ဆောက်ရန် ခွင့်ပြုမိန့်(သို့မဟုတ်) သဘောထား စသည်တို့ဖြစ်ပါသည်။

(၉)ထပ်နှင့်အထက် အဆောက်အအုံများဆောက်လုပ်ခွင့် လျှောက်ထားရာတွင် ပါဝင်ရမည့်စာရွက်စာတမ်းများပဏာမအဆိုပြုပုံစံ(Proposal)

၁။ ဌာနသတ်မှတ်လျှောက်လွှာ

(က) ဆောက်လုပ်ခွင့်လျှောက်လွှာပုံစံ

(ခ) အဆောက်အအုံကြီးကြပ်ဆောက်လုပ်မည်ဖြစ်ကြောင်းမှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ/ ဗိသုကာမှ တင်ပြရန်

(ဂ) ခွင့်ပြုချက်မရမီ ကြိုတင်ဆောက်လုပ်ခြင်းနှင့်မြေပိုင်ဆိုင်မှု ပြဿနာပေါ်ပေါက်ခြင်းတို့အတွက် ဌာန၏ ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း မြေရှင်မှ ခံဝန်ကတိတင်ပြရန်

(ဃ) အိမ်ရှင်/အိမ်ငှား ပြဿနာအရှုပ်အရှင်းကင်းရှင်းကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် တင်ပြရန်

(င) ဘေးပတ်ဝန်းကျင်ရှိ ထိစပ်မြေကွက်ပိုင်ရှင်များအပါအဝင် အနည်းဆုံး မြေကွက် (၁၀)ကွက်မှ ကန့်ကွက်ရန်မရှိကြောင်းထောက်ခံချက် တင်ပြရန် (ဘေးဝဲ/ယာ (၂)ကွက်စီ၊ ရှေ့/နောက် (၃)ကွက်စီ ဖြင့် စုစုပေါင်း (၁၀)ကွက်၏ ထောက်ခံချက်)

(စ) အဆောက်အအုံဟောင်း ဖျက်သိမ်းခွင့်လျှောက်လွှာပုံစံ

(ဆ) အဆောက်အအုံဟောင်းဖျက်သိမ်းရာတွင် ဘေးကပ်လျက်ရှိသော အဆောက်အအုံ ပျက်စီးမှုမရှိစေရန် ဖျက်သိမ်းပါမည့်အကြောင်း မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ/ ဗိသုကာနှင့်မြေရှင်တို့မှ ခံဝန်ကတိတင်ပြရန်

(ဇ) မြေရှင်၏ GP/SPမှ တင်ပြမည်ဆိုပါက မြေရှင်သက်ရှိထင်ရှားရှိကြောင်းနှင့် ကိုယ်စားလှယ်လွှဲအပ် ထားသည်မှာ မှန်ကန်ကြောင်းမြေရှင်မှတင်ပြရန်

(ဈ) အဆောက်အအုံခိုင်ခံ့မှုနှင့် ပတ်သက်၍ မှတ်ပုံတင်လက်မှတ်ရအင်ဂျင်နီယာ၏ တာဝန်ယူကြောင်း ခံဝန်ကတိတင်ပြရန် (ပုံစံကြီးတွင် ပူးတွဲတင်ပြရန်)

(ည) အဆောက်အအုံဆောက်လုပ်ခြင်းနှင့် စပ်လျဉ်း၍ လျှောက်ထားသူ၊ လိုင်စင်ရကန်ထရိုက်တာ(LC)နှင့် မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ/ ဗိသုကာတို့မှ သတ်မှတ်ထားသည့် စည်းကမ်းချက်များအား လိုက်နာ ဆောင်ရွက်မည်ဖြစ်ကြောင်း ခံဝန်ကတိတင်ပြရန် (ပုံစံကြီးတွင် ပူးတွဲတင်ပြရန်)

၂။ လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ (မြေရှင်၊ GP/SP) (A4 Size တစ်မျက်နှာတည်းတွင်အပေါ် / အောက်ကူးရန်)

၃။ သက်ဆိုင်ရာဌာနမှ (၁)နှစ်အတွင်း ထုတ်ပေးထားသော အဆောက်အအုံဆောက်လုပ်ရန် မြေပုံ၊ မြေရာဇဝင်မူရင်း(C/Map)

၄။ ဂရန်မိတ္တူနှင့် နယ်နိမိတ်တိုင်းတာသတ်မှတ်သည့်မြေပုံ (D/Map) မိတ္တူ

၅။ ဘေးဝဲ/ယာကပ်လျက်တွင် ၄ထပ်နှင့်အထက် အဆောက်အအုံများရှိပါက လိုင်စင်ရတိုင်းတာရေး အင်ဂျင်နီယာ၏ အဆောက်အအုံတိုင်းတာချက် (Theodolite Reading)

၆။ လျှောက်ထားသူ၊ မှတ်ပုံတင်လက်မှတ်ရအင်ဂျင်နီယာ/ဗိသုကာတို့မှ လက်မှတ်ရေးထိုးထားသော အဆိုပြု ဗိသုကာပုံစံ(၁)စုံ(A3 Size)

၇။ ဖျက်သိမ်းမည့် အဆောက်အအုံဟောင်း၏ ဓါတ်ပုံနှင့် ဘေးနှစ်ဖက်ရှိ အဆောက်အအုံများ၏ ဓါတ်ပုံပုံစံကြီး

၈။ မြေခံနိုင်အား စမ်းသပ်မှု (Soil Test) မူရင်း (၂) စုံနှင့် Soft Copy

၉။ မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ/ဗိသုကာတို့မှ တွက်ချက်တင်ပြထားသည့် Structural Calculation (၂)စုံ၊ M & E Calculation (၂)စုံနှင့် Soft Copy

၁၀။ လျှောက်ထားသူ၊ လိုင်စင်ရကန်ထရိုက်တာ(LC)၊ မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ /ဗိသုကာတို့မှ တွက်ချက်ရေးဆွဲထားသည့် Architectural Drawing (၄)စုံ၊ M & E Drawing(၄)စုံ၊ Pile Foundation ဖြစ်ပါက Pile Load Test (Method of Statement) (၄)စုံ

၁၁။ မီးသတ်ဦးစီးဌာန၏ အကြံပြုချက်စသည်တို့ဖြစ်ပါသည်။

အဆောက်အအုံ ဆောက်လုပ်ခွင့်တင်ခြင်းအတွက် ပုံစံစစ်ဆေးခများမှာ မိသားစုလုံးချင်းနေအိမ်/ဘာသာရေးဆိုင်ရာ/ဌာနဆိုင်ရာအဆောက်အအုံများဆိုလျှင် (တိုက်/Steel ၁ စတုရန်းပေ - ၅၅ကျပ်)၊ (အုတ်ညှပ် ၁ စတုရမ်းပေ- ၃၅ကျပ်)၊ (ပျဉ် ၁ စတုရန်းပေ- ၂၅ကျပ်) ဖြစ်ပြီး၊ အများသုံးလူနေ/စီးပွားရေးသုံးအဆောက်အအုံများ ဆိုလျှင် (တိုက်/Steel ၁ စတုရန်းပေ - ၈၅ကျပ်)၊ (အုတ်ညှပ် ၁ စတုရမ်းပေ- ၈၅ကျပ်)၊ (ပျဉ် ၁ စတုရန်းပေ- ၈၅ကျပ်)ဖြင့် ပေးဆောင်ရမှာဖြစ်ပါသည်။

(၃)ထပ်နှင့်အောက်အဆောက်အဦဆိုလျှင် သက်ဆိုင်ရာမြို့နယ်စည်ပင်တွင်လျှောက်ထားနိုင်ပြီး (၄) ထပ်မှစ၍ အထပ်မြင့်များကို မြို့တော်ခန်းမ၊ အဆောက်အအုံဌာနတွင် အမှုတွဲဖွင့်လှစ်လျှောက်ထားရမှာဖြစ်ပါကြောင်း ရှင်းလင်းအကြံပြုအပ်ပါသည်။

 

[Zawgyi]

ေျမာက္ဒဂုံမွာ အိမ္ေဆာက္ခ်င္လို႔ အိမ္ေဆာက္ခြင့္ပါမစ္ ဘယ္လိုေလွ်ာက္ရမယ္ဆိုတာ သိခ်င္ပါတယ္။

(၃)ထပ္ႏွင့္ေအာက္ အေဆာက္အအံု ေဆာက္လုပ္ရာတြင္ လိုအပ္သည့္စာရြက္စာတမ္းမ်ား

၁။ ဌာနသတ္မွတ္ေလွ်ာက္လႊာ
(က) ေဆာက္လုပ္ခြင့္ေလွ်ာက္လႊာပံုစံ

(ခ) အေဆာက္အအံုႀကီးၾကပ္ေဆာက္လုပ္မည္ျဖစ္ေၾကာင္းမွတ္ပံုတင္လက္မွတ္ရ အင္ဂ်င္နီယာ/ ဗိသုကာမွ တင္ျပရန္

(ဂ) ခြင့္ျပဳခ်က္မရမီ ႀကိဳတင္ေဆာက္လုပ္ျခင္းနွင့္ေျမပိုင္ဆိုင္မႈ ျပႆနာေပၚေပါက္ျခင္းတို႔အတြက္ ဌာန၏ ညႊန္ၾကားခ်က္ကို လိုက္နာေဆာင္ရြက္မည္ျဖစ္ေၾကာင္း ေျမရွင္မွ ခံဝန္ကတိတင္ျပရန္

(ဃ) အိမ္ရွင္/အိမ္ငွား ျပႆနာအရႈပ္အရွင္းကင္းရွင္းေၾကာင္း ရပ္ကြက္အုပ္ခ်ုပ္ေရးမွဴး၏ ေထာက္ခံခ်က္ တင္ျပရန္

(င) ေဘးကပ္လ်က္ ေျမကြက္ပိုင္ရွင္မ်ား၏ သေဘာထားတင္ျပရန္

(စ) အေဆာက္အအံုခိုင္ခံ့မႈနွင့္ပတ္သက္၍ မွတ္ပံုတင္လက္မွတ္ရ အင္ဂ်င္နီယာမွ တာဝန္ယူေျကာင္း ခံဝန္ကတိတင္ျပရန္

(ဆ) အေဆာက္အအံုေဟာင္းဖ်က္သိမ္းခြင့္ေလွ်ာက္လႊာပံုစံ

(ဇ) အေဆာက္အအံုေဟာင္းဖ်က္သိမ္းရာတြင္ ေဘးကပ္လ်က္ရွိေသာ အေဆာက္အအံု ပ်က္စီးမႈမရွိေစရန္ ဖ်က္သိမ္းပါမည့္အေျကာင္း မွတ္ပံုတင္လက္မွတ္ရ အင္ဂ်င္နီယာ/ ဗိသုကာနွင့္ေျမရွင္တို႔မွ ခံဝန္ကတိတင္ျပရန္

(ဈ) ကန္ထရိုက္တိုက္ပံုစံျဖစ္ပါက ေလွ်ာက္ထားသူ၊ လိုင္စင္ရကန္ထရိုက္တာ (LC) နွင့္ မွတ္ပံုတင္လက္မွတ္ရ အင္ဂ်င္နီယာ/ဗိသုကာတို႔မွ သတ္မွတ္ထားသည့္စည္းကမ္းခ်က္မ်ားအားလိုက္နာေဆာင္ရြက္မည္ျဖစ္ေျကာင္း ခံဝန္ကတိတင္ျပရန္

၂။ ေလွ်ာက္ထားသူ၏ နိုင္ငံသားစိစစ္ေရးကတ္ျပားမိတၱဴ (ေျမရွင္၊ GP/SP) (A4 Size တစ္မ်က္နွာ တည္းတြင္အေပၚ / ေအာက္ကူးရန္)

၃။ ေျမပိုင္ဆိုင္မႈအေထာက္အထားမိတၱဴ

၄။ မိသားစုလံုးခ်င္းနွင့္ စီးပြါးေရးလုပ္ငန္းသံုး အေဆာက္အအံုပံုစံျဖစ္ပါက ေလွ်ာက္ထားသူနွင့္ မွတ္ပံုတင္ လက္မွတ္ရအင္ဂ်င္နီယာ/ဗိသုကာတို႔မွ လက္မွတ္ေရးထိုး ထားေသာ အဆိုျပဳ ပံုစံ(၃)စံု (A3 Size)

၅။ ကန္ထရိုက္တိုက္ပံုစံျဖစ္ပါက ေလွ်ာက္ထားသူ၊ လိုင္စင္ရကန္ထရိုက္တာ (LC) နွင့္ မွတ္ပံုတင္ လက္မွတ္ရ အင္ဂ်င္နီယာ/ဗိသုကာတို႔မွ လက္မွတ္ေရးထိုး ထားေသာ အဆိုျပဳ ပံုစံ(၃)စံု (A3 Size)

၆။ ဖ်က္သိမ္းမည့္ အေဆာက္အအံုေဟာင္း၏ဓါတ္ပံု နွင့္ေဘးနွစ္ဖက္ရွိ အေဆာက္အအံုမ်ား၏ ဓါတ္ပံု

၇။ ကန္ထရိုက္တိုက္ပံုစံနွင့္ စီးပြါးေရးလုပ္ငန္းသံုး အေဆာက္အအံုပံုစံမ်ား ျဖစ္ပါက မီးသတ္ဦးစီးဌာန၏ အႀကံျပဳခ်က္ စသည္တို႔ျဖစ္ပါသည္။

(၄)ထပ္မွ (၈)ထပ္အထိ အေဆာက္အအံုမ်ားေဆာက္လုပ္ခြင့္ေလွ်ာက္ထားရာတြင္ ပါဝင္ရမည့္ စာရြက္စာတမ္းမ်ား ပဏာမအဆို

ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အျခား အိမ္ၿခံေျမ အေမးအေျဖမ်ား

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App