998 ကြိမ် ကြည့်ရှု့ပြီး

သာေကတမွာ သုိ႕မဟုတ္ အျခားျမိဳ႕နယ္မွာ ကိုယ္ပုိင္ဂရန္ေျမကုိ အိမ္ေဆာက္ပါကဘယ္နွစ္ထပ္အျမင့္ထိေဆာက္လုိ႕ရပါသလဲခင္ဗ်ာ ။ ဓာတ္ေလွကားမပါဘဲနဲ႕ ေဆာက္ခ်င္တာပါ ခင္ဗ်ာ။ တစ္ခ်က္ေျဖေပးပါခင္ဗ်ာ ။

မေးသူ - A Min Yin

 

[Zawgyi]

ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္နယ္သာယာေရးနယ္နိမိတ္အတြင္း အေဆာက္အဦေဆာက္လုပ္ပါက ၃ ထပ္ႏွင့္ ေအာက္ကို ေျမခံႏိုင္အားစမ္းသပ္မႈ (Soil Test) တင္ျပရန္မလိုဘဲ ေလွ်ာက္ထားလို႔ရပါတယ္။ ၄ ထပ္ႏွင့္အထက္ အေဆာက္အဦေဆာက္လုပ္လိုလွ်င္ ေျမခံႏိုင္အားစမ္းသပ္မႈ (Soil Test) စစ္ေဆးခ်က္တင္ျပၿပီး ေျမသားခံႏိုင္၀န္ကို ၾကည့္ရွႈၿပီးမွသာ အထပ္မည္မွ် ေဆာက္လုပ္ခြင့္ျပဳမည္ကို အေဆာက္အအံုဌာနမွ ဆံုးျဖတ္ပါသည္။ ဓာတ္ေလွကား ပါ၀င္ျခင္း ရွိ/မရွိ ကန္႔သတ္ခ်က္ေတာ့ သီးျခားမရွိပါ။ ေျမ၏ ခံႏိုင္၀န္အားျဖင့္သာ အထပ္အျမင့္ကို ဆံုးျဖတ္ျခင္းျဖစ္ပါေၾကာင္း ရွင္းလင္းအၾကံျပဳအပ္ပါသည္။

 

[Unicode]

သာကေတမှာ သို့မဟုတ် အခြားမြို့နယ်မှာ ကိုယ်ပိုင်ဂရန်မြေကို အိမ်ဆောက်ပါကဘယ်နှစ်ထပ်အမြင့်ထိဆောက်လို့ရပါသလဲခင်ဗျာ ။ ဓာတ်လှေကားမပါဘဲနဲ့ ဆောက်ချင်တာပါ ခင်ဗျာ။ တစ်ချက်ဖြေပေးပါခင်ဗျာ ။


ရန်ကုန်မြို့တော်စည်ပင်နယ်သာယာရေးနယ်နိမိတ်အတွင်း အဆောက်အဦဆောက်လုပ်ပါက ၃ ထပ်နှင့် အောက်ကို မြေခံနိုင်အားစမ်းသပ်မှု (Soil Test) တင်ပြရန်မလိုဘဲ လျှောက်ထားလို့ရပါတယ်။ ၄ ထပ်နှင့်အထက် အဆောက်အဦဆောက်လုပ်လိုလျှင် မြေခံနိုင်အားစမ်းသပ်မှု (Soil Test) စစ်ဆေးချက်တင်ပြပြီး မြေသားခံနိုင်ဝန်ကို ကြည့်ရှှုပြီးမှသာ အထပ်မည်မျှ ဆောက်လုပ်ခွင့်ပြုမည်ကို အဆောက်အအုံဌာနမှ ဆုံးဖြတ်ပါသည်။ ဓာတ်လှေကား ပါဝင်ခြင်း ရှိ/မရှိ ကန့်သတ်ချက်တော့ သီးခြားမရှိပါ။ မြေ၏ ခံနိုင်ဝန်အားဖြင့်သာ အထပ်အမြင့်ကို ဆုံးဖြတ်ခြင်းဖြစ်ပါကြောင်း ရှင်းလင်းအကြံပြုအပ်ပါသည်။

 

ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အျခား အိမ္ၿခံေျမ အေမးအေျဖမ်ား

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)