1024 ကြိမ် ကြည့်ရှု့ပြီး

ကျွန်မက ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့ကပါ ကျွန်မ အိမ်သုံးထပ်ဆောက်ချင်ပါတယ် ဒါပေမယ့် ကျွန်မနေတဲ့မြို့က သုံးထပ်ဆောက်လို့မရဘူးလို့ စည်ပင်ရုံးက ပြောပါတယ် ဆောက်ချင်ရင် နေပြည်တော်ထိတင်ရမယ်တဲ့ အဲ့လိုတွေတစ်ဆင့်ပြီးတစ်ဆင့်တင်ပြီးတဲ့အထိကိုကုန်ကျမယ့်စရိတ်က သိန်း ၃၀ လောက်ကုန်တယ်လို့ ပြောတယ်။ ကျွန်မ လဲဒီလိုအိမ်ဆောက်တဲ့ဥပဒေတွေနဲ့ဆိုင်တဲ့ ဗဟုသုတမရှိဘူးရှင့်။ ကျွန်မမေးချင်တာက တကယ်အဲ့လောက်ကုန်တာလားရှင့်။ ကျွန်မကိုအိမ်ဆောက်တာနဲ့ပတ်သတ်ပြီးစည်ပင်ကို ပေးရမည့်ဥပဒေလေးတွေ ကျေးဇူးပြု၍ပြောပေးပါရှင့် ....ကျေးဇူးတင်ပါတယ်ရှင်။

မေးသူ - မနန်းဆိုင်အွမ်
ရှမ်းပြည်နယ်စည်ပင်သာယာရေးဥပဒေအရ ရှမ်းပြည်နယ်တစ်ခုလုံးကို ၈ထပ်ခွဲအထိ အဆောက်အဦ ဆောက်လုပ် ခွင့်ပြုထားပါတယ်။ နေပြည်တော်အထိ ဆောင်လုပ်ခွင့် တင်စရာလည်းမလိုပါဘူး။ ကျေးသီးမြို့နယ် စည်ပင်တွင် အမှုတွဲဖွင့်လှစ်လျှောက်ထားရမှာဖြစ်ပြီး ထိုမှတဆင့်လိုအပ်သည်များ စစ်ဆေးဆောင်ရွက်ပြီး ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီရုံးကို အမှုတွဲတင်ပို့ပြီး အဆောက်အဦဆောင်လုပ်ခွင့် ခွင့်ပြုချက် တောင်းခံမှာဖြစ်ပါတယ်။
ဌာနမှ သတ်မှတ်လျှောက်လွှာနှင့်အတူ မှတ်ပုံတင်လက်မှတ်ရအင်ဂျင်နီယာ လက်မှတ်ရေးထိုးထားသည့် ဗိသုကာပုံစံ၊ သတ်ဆိုင်ရာဌာနမှ (၁) နှစ်အတွင်းထုတ်ပေးထားသော အဆောက်အအုံဆောက်လုပ်ရန် မြေပုံ၊ မြေရာဇ၀င်၊ ဂရန်မိတ္တူ စသည်တို့ဖြင့် လျှောက်ထားရမှာဖြစ်ပါတယ်။ မနန်းဆိုင်အွမ်ကို မြို့နယ်စည်ပင်က သုံးထပ်ဆောက် မရဘူးပြောရင် မြို့နယ်စည်ပင်ရုံး၏ ဌာနမှူးဖြင့် ၀င်ရောက်တွေ့ဆုံခွင့်တောင်းပြီး ဘယ်အချက်ကြောင့် မရတာလည်းဆိုတာမေးမြန်းပါ။ ထိုနည်းမှ အဆင်မပြေသေး လျှင် ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီသို့ တိုက်ရိုက်သွားရောက်၍ ကျေးသီးမြို့နယ်စည်ပင်၏ ပြောကြားချက်ကို တိတိကျကျပြောပြပြီး ပြည်နယ်စည်ပင်မှာ အမှုတွဲဖွင့်လှစ်ပါ။ ရှမ်းပြည်နယ်စည်ပင်သာယာရေး ဥပဒေအရ ပြည်နယ်တစ်ခုလုံးကို ၈ ထပ်ခွဲအထိ တရားဝင်ဆောက်လုပ်ခွင့်ပြုထားသည့်အတွက် ပြည်နယ်စည်ပင်သို့ တိုက်ရိုက်တင်ပြ လျှောက်ထားလျှင် အစစအရာရာ အဆင်ပြေပြေ ဆောင်ရွက်နိုင်မှာ ဖြစ်ပါကြောင်း ရှင်းလင်း အကြံပြုအပ်ပါသည်။ ဥပဒေအရ အချက်အလက်သိရှိလိုလျှင် ၂၀၁၃ ခုနှစ်၊ ရှမ်းပြည်နယ်စည်ပင်သာယာရေး ဥပဒေ နှင့် နည်းဥပဒေများကို လေ့လာနိုင်ပါသည်။
ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)