926 ကြိမ် ကြည့်ရှု့ပြီး

ဆရာမင်္ဂလာပါ လွန်ခဲ့သော၂၀၁၁ ခုနှစ်က မြေစာရင်ရုံးမှာမဖြူအမည်နဲ့ လ/န၃၉ ကျပြီးမဖြူလက်ရှိနေထိုင်လျက် အိမ်ဝန်းခြံမြေထဲမှ ပေ (၂၀×၆၀ )ကို ခွဲရောင်းတာကိုဝယ်ခဲ့ပါတယ်ဆရာ။ ကျန်မြေက ၄၀×၆၀ ကျန်ပါတယ် သားလက်ရှိ သားအကြီးကလဲ အသိသက်သေနေရာမှာလက်မှတ်ထိုးထားပါတယ်။ မြေစာရင်းရုံးမှာလဲ special power ကို ကျနော်ကျော်ထက်ကိုလွဲအပ်ပေးထားပါတယ် မဖြူပိုင်ဆိုင်ကြောင်းလဲ တရားရုံးမှာကျမ်းကျိမ်ဆိုထားပါတယ်။ ခုက မဖြူရဲ့သမီးအလတ်က အိမ်ထောင်ကွဲပါ ဝယ်ယူတုန်းကသီးခြားနေပါတယ်။ ဝယ်ယူပြီး၂၀၁၅ လောက်မှ မိဘအိမ်မှာလာရောက်နေထိုင်ပါတယ်။ မိဘအိမ် ၄၀×၆၀ ပေကို သူပိုင်ပါတယ်ဆိုပြီး မြေစာရင်းကိုကန့်ကွက်စာပို့ထားလို့ မိဘဖြစ်သူ(မဖြူ)က ရောင်းမရဖြစ်တော့ တရားရုံးမှာသမီးဖြစ်သူကိုတရားစွဲပါတယ် မိဘဖြစ်သူကနိုင်ပါတယ်။ ခုဖြစ်တာက ကျနော်ဝယ်ယူထားသော ပေ ၂၀×၆၀ မြေကို အလတ်မဖြစ်သူက ရောင်းမရအောင် အမှု့ ဖြစ်နေပါတယ်ဆိုပြီး ထွက်ထွက်ပြောပါတယ်။ သမီးဖြစ်သူကိုမိဘကနင်လိုမှုနဲ့ ဇာရီတင်ထားတာမကြသေးတော့ ၄၀×၆၀ အိမ်မှာပဲဆက်နေထိုင်နေပါတယ်။ ကျနော်ဝယ်ထားတဲ့ ၂၀×၆၀ မြေကို ကျနော်လက်ရောက်ယူပြီးခြံဝန်းပါရံထားခဲ့ပါတယ်။ သမီးဖြစ်သူအလတ်မက သော့တောင်သူခတ်ထားတယ်ဆိုပီး ဝယ်ယူခြင်သူတွေကိုပြောပြောနေပါတယ်။ ကျနော်ကတခြားမြို့မှာနေတာပါဆရာ။ ရောင်းသူလဲခုထိရှိပါသေးတယ် ရောင်းသူမဖြူကအသက်ကြီးပါပီဆရာ တကယ်လို့သူရုတ်တစ်ရက်ဆုံးပါးခဲ့ရင်ဖြစ်ဖြစ် သက်ရှိထင်ရှားရှိနေသေးရင်ဖြစ်ဖြစ် ကျနော်အနေနဲ့ဆုံရှုံးနိုင်မလားဆရာ။ ခုကျနော်ခြံထဲကိုကျနော်ဝင်ပြီး အဆောက်ဦးဆောက်မယ်ဆိုရင်ရော ရနိုင်လားဆရာ အလတ်မနဲ့ပြသနာတတ်ရင်ဘယ်ကနေစဖြေရှင်းရမလဲဆရာ။ကျေးဇူးပြုပြီးဖြေကြားပေးပါနော်ဆရာ။ လေးစားလျှက်ပါဆရာ။

မေးသူ - ကိုကျော်ထက်
လ/န ၃၉ ကျပြီးသားမြေကို အမည်ပေါက်မဖြူ ကိုယ်တိုင်ရောင်းချတာဖြစ်သည့်အပြင် special power ရရှိထားတယ်၊ မြေကိုလည်းလက်ရောက်ရရှိထားတာဖြစ်၍ ပိုင်ဆိုင်မှုခိုင်မာပါတယ်။ မြေစာရင်းရုံးကို အရောင်းအ၀ယ် စာချုပ်တင်ပြပြီး မြေခွန်မြေစာတွင် ကိုကျော်ထက် အမည်ဖြစ်အောင်လုပ်ထားပါ အဲ့လိုဆိုလျှင်တော့ ပိုင်ဆိုင်မှု ပိုမိုခိုင်မာပါတယ်။ မဖြူသည် ၄င်းအမည်ပေါက်ဖြစ်ပြီး တရားရုံးမှာလည်း သူနိုင်ထားတာဖြစ်သည့်အတွက် ရောင်းချခွင့်လည်း မပြည့်အ၀ရှိပါတယ်။ သမီးဖြစ်သူကနေပြီး ကိုကျော်ထက်ကို ဘာမှ ဆုံးရှုံးအောင်လုပ်လို့မရပါဘူး။ ကိုကျော်ထက် အနေနဲ့လည်း မိမိလက်ရောက်ပိုင်ဆိုင်ထားသည့် ခြံဝင်းအား အဆောက်အဦးဆောင်လုပ်လို့ ရပါတယ်။ သမီးဖြစ်သူဘက်က ပြသာနာမရှာနိုင်အောင် မြေစာရင်းရုံးကိုလည်း အကြောင်းကြားထားတာပါ။ သူဘက်က ပြသာနာရှာလာလျှင်လည်း ကိုကျော်ထက်က သက်ဆိုင်ရာနယ်မြေရဲစခန်းကို တိုင်ကြားပြီး အရေးယူ ဆောင်ရွက်နိုင်ပါတယ်။ အခြားစိုးရိမ်စရာလည်း ဘာမှမရှိပါဘူး မိဘပိုင်မြေကို မိဘသက်ရှိထင်ရှားရှိစဉ် ရောင်းချခြင်း ကို သားသမီးက ၀င်ရောက်စွက်ဖက်ခွင့်လည်းမရှိပါဘူးကြောင်း ရှင်းလင်းအကြံပေးအပ်ပါသည်။
ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)