745 ကြိမ် ကြည့်ရှု့ပြီး

ရှမ်းပြည်မှာအိမ်ရှိပါတယ်။ အဖေ့ညီအစ်ကို ၄ ယောက်မှာ ၁ ယောက်က နိုင်ငံခြားမှာပဲနေနေတာ ကြာပြီ၊ အဖေအပါအဝင် ၃ ယောက်က ခြံဝန်းထဲမှာအိမ်သီးခြားစီဆောက်ပြီးနေကြတယ်၊ ၁၉၉၂ လောက်မှာ အဖေ့အစ်ကိုကြီးက မြစ်ကြီးနားပြောင်းမှာမို့ အမွေခွဲတယ်၊ အဖေကသူ့အစ်ကိုရထိုက်တဲ့ပမာဏကို အမ်းပေးခဲ့တယ်၊ အဲ့ဒီဦးကြီးကပြောင်းသွားတယ် (ယခုကွယ်လွန်)။ ၁၉၉၄ လောက်မှာအဖေ့ရဲ့  ဒုတိယ အစ်ကိုအမွေထပ်တောင်းတယ်၊ အဖေကအမွေနဲ့ညီမျှတဲ့ ငွေအမ်းတော့ သူကအိမ်ပဲအစားဝယ်ခိုင်းလို့ အခြားရပ်ကွက်တစ်ခုမှာ ခြံဝန်းနဲ့အိမ်နဲ့ဝယ်ပေးတော့ ပြောင်းသွားတယ် (ယခုကွယ်လွန်)။ အဖေ့ညီ နိုင်ငံခြားကတစ်ယောက်က ၁၉၉၇ လောက်မှာအမွေလာတောင်းတယ်၊ အဖေကသူရထိုက်တဲ့ ပမာဏ ငွေအမ်းပေးလိုက်တယ်၊ ပြန်သွားတယ် (ယခုသက်ရှိထင်ရှားရှိဆဲ)။ အဲ့လိုအမွေငွေပြန်အမ်းတဲ့ကိစ္စ တွေအတွက် သက်သေတစ်ခုမှမရှိဘူး အဲ့နောက်ပိုင်းအမွေကိစ္စဘာမှထပ်မဖြစ်ဘူး။ အဖေ့ညီပဲ ၂၀၁၀ နောက်ပိုင်း မကြာခဏရောက်လာပြီးပိုက်ဆံလာလာတောင်းတယ်။၂၀၁၇ အောက်တိုဘာလလောက်မှာ မြေကွက်နာမည်မှာအဘိုးနာမည် အစားအဖေ့အစ်ကိုအကြီးရဲ့ နာမည်ဖြစ်နေလို့ (အစ်ကိုကြီးကသူ့သဘောနဲ့ သူ မြေစာရင်းရုံးမှာသွားပြောင်းခဲ့) အဖေကသူ့နာမည်ကို ပြန်ပြောင်းဖို့လုပ်နေရင်း ၂၀၁၈ မတ်လမှာ အဖေဆုံးသွားတယ်။ မြေစာရင်းရုံးသွားတော့ အဖေကကျမ်းကျိန်ပြီးတဲ့အဆင့်တော့ရောက်နေပြီ။ မြေက အဘိုးနာမည်ကနေအဖေ့အစ်ကိုကြီးနာမည်ပြောင်းနဲ့ကျန်နေခဲ့တယ်၊ ကျွန်မသွားစုံစမ်းတော့ မြေကဂရန်မရှိ ကျူးကျော်လို့ ရေးထားတယ်။ အဖေနေခဲ့တာအနှစ် ၃၀ကျော်နေပြီ။ အခုသူ့အစ်ကိုကြီးရဲ့ သားသမီးတွေက မြေကသူတို့အဖေနာမည်နဲ့မို့ သူတို့ပိုင်ပါတယ်ဆိုပြီးလုပ်နေတယ်။ ဘယ်လိုဆက်လုပ်သင့်လဲဆိုတာ အကြံပြုပေးပါရှင့်။ အိမ်ခြံမြေကျွမ်းကျင်တဲ့ ဥပဒေအကြံပေးပညာရှင်တွေရှိရင်လည်းပူးပေါင်းလိုပါတယ်။ ကျေးဇူးတင်ပါတယ်

မေးသူ - Amy
မြေစာရင်းရုံးသွားတော့ အဖေကကျမ်းကျိန်ပြီးတဲ့အဆင့်တော့ရောက်နေပြီဖြစ်တဲ့အတွက် အဖေသေဆုံးကြောင်း သေစာရင်း၊ ကျမ်းကျိန်လွှာများဖြင့် အမွေဆက်ခံမည့်သူ ဇနီး၊ သားသမီးများက ဆက်လက်ဆောင်ရွက်ပါ။
ထိုသို့ ဆောင်ရွက်သည့်အခါ အဖေဖြစ်သူ၏ အစ်ကိုကြီးရဲ့သားသမီးများက ကန့်ကွက်လာလျှင် တရားရုံးတွင် ကျွမ်းကျင်သော အမှုလိုက်ရှေ့နေများဖြင့် အမွေဆက်ခံပိုင်ဆိုင်ကြောင်း မြွတ်ဟကြေငြာပေး စေလိုမှုစွဲဆိုရမှာပါ။ အဖေ၏ ညီအစ်ကိုများကို အမွေအဖြစ် ပြန်အမ်းခဲ့ကြောင်း စာရွက်စာတမ်း အထောက်အထားမရှိလျှင် လူသက်သေတော့ရှိမှာဘဲ အမှုရင်ဆိုင်တဲ့အခါ သက်သေအဖြစ် ခေါ်ယူ အစစ်ခံခြင်းဖြင့် အမွေအမ်းထားကြောင်း သက်သေပြနိုင်ပါတယ်။ အိမ်ခြံမြေရှေ့နေများဖြင့် မဟုတ်ဘဲ သက်ဆိုင်ရာနယ်မြေမှ တရားစွဲရှေ့နေများဖြင့် အသေးစိတ် ဆက်သွယ်မေးမြန်းပြီး တရားစွဲဆိုဆောင်ရွက်ဖို့ အကြံပြုအပ်ပါသည်။
ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)