734 ကြိမ် ကြည့်ရှု့ပြီး

လွန်ခဲ့တဲ့ နှစ် ၆၀ ကျော်လောက်ကအရပ်စာချုပ်နဲ့ ဝယ်ယူထားတဲ့ ( ၄ခန်းတွဲ) တိုက်ခန်းထဲက( ၁ခန်း ဝယ်ထားသူ) အတွက်ပြန်လည်ရောင်းချရန် ဘာတွေလိုအပ်ပါမလဲ.. လက်ထဲရှိတဲ့စာရွက်စာတမ်းကတော့ (၁) အရောင်းအဝယ်ပြုလုပ်ထားတဲ့စာရွက်( အရပ်စာချုပ်) (၂) လစဉ် မြေခွန် မီတာခွန်. သွင်းထားတဲ့စာရွက် ဒါပဲရှိပါတယ်။သိချင်တာက.. (၂)ခန်းတွဲ ရောင်းချင်ပါတယ်။(ခေါင်က ၄ ခန်းတွဲထားပါတယ်) **တစ်ခြားဘာတွေလိုအပ်မလဲ..? တကယ်လို့ရောင်းပြီးနောက်ပိုင်းဘာတွေဖြစ်လာနိုင်သလဲ? ဖြေပေးစေလိုပါတယ်။ကျေးဇူးတင်ပါတယ် ခင်ဗျား.......

မေးသူ - PSK
တိုက်ခန်းကို အရောင်းအ၀ယ်ပြုလုပ်ရာတွင် မှတ်ပုံတင်စာချုပ်ဖြင့် အရောင်းအဝယ်ပြုလုပ်လို့မရသည့် အတွက် အရပ်ကတိစာချုပ်ဖြင့်သာ အရောင်းအဝယ်ပြုလုပ်လို့ရပါတယ်။
အရောင်းအဝယ်ပြုလုပ်ရန်အတွက် လိုအပ်သည့်စာရွက်စာတမ်းများကတော့... ၁။ အရောင်းအဝယ်စာချုပ်အဆင့်ဆင့်စာချုပ်များ ၂။ လစဉ်ပေးသွင်းထားသော မီတာခွန် ပြေစာများ ၃။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ထုတ်ပေးသည့် တိုက်ခန်းပြီးစီးကြောင်း ထောက်ခံချက် ၄။ လျှပ်စစ်မီတာတပ်ဆင်ရန်အတွက် ပေးသွင်းထားသော ငွေပြေစာ စသည့် စာရွက်စာတမ်းများရှိလျှင် လုံလောက်ပါတယ်။ ခေါင်က (၄)ခန်းတွဲဖြစ်နေသော်လည်း အခန်းများသည် သီးသန့်ခန်းများဖြစ်နေလျှင် အရောင်းအဝယ် ပြုလုပ်လို့ရပါတယ်။ အခြားလိုအပ်ချက်များမရှိပါ။ နောက်ဆက်တွဲ ကိစ္စလည်း မရှိနိုင်တော့ပါဘူး။ ဝယ်သူအနေနဲ့ကတော့ အိုးအိမ်နှင့် စည်ပင် ပိုင်တိုက်ခန်းများသာ အမည်ပြောင်းဆောင်ရွက်လို့ရတာဖြစ်သည့်အတွက် အခြားအပြင်တိုက်ခန်းများကို ဝယ်ယူလျှင် ဝယ်သူယူအမည်တော့ ပြောင်းလို့မရပါဘူး။ ပိုင်ဆိုင်မှုအတွက် ခိုင်မာလိုလျှင်တော့ တိုက်ခန်း အတွက် ကာလတန်ဖိုးစိစစ်ရေးအဖွဲ့တွင် နိုင်ငံတော်က သတ်မှတ်ထားသည့်အတိုင်း တန်ဖိုးသတ်မှတ်ပြီး မြို့နယ်အခွန်ရုံးတွင် အခွန်ငွေပေးဆောင်ခြင်းဖြင့် ပိုင်ဆိုင်မှုခိုင်မာအောင်ဆောင်ရွက်နိုင်ပါတယ်လို့ ရှင်းလင်း အကြံပြုအပ်ပါသည်။
ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)