593 ကြိမ် ကြည့်ရှု့ပြီး

မြေကွက်ကိုကာလပေါက်ဈေးအတိုင်း တိုက်ခန်းများနဲ့လဲလှယ်နိုင်ပါသလား။ အခွန်ဆောင်တာအပါအဝင် ဥပဒေကြောင်းအရ တရားဝင်ဆောင်ရွက်ခွင့်ရှိပါသလား။

မေးသူ - နောင်နောင်
အခြေပစ္စည်း (မရွှေ့ပြောင်းနိုင်သောပစ္စည်း) များဖြစ်သည့် မြေကွက်နှင့် တိုက်ခန်းကို လဲလှယ်လို့ရပါသည်။ ပစ္စည်းလဲလှယ်ခြင်းကို မှတ်ပုံတင်စာချုပ်ချုပ်ဆိုပြီးလဲလှယ်ရပါမည်။ မှတ်ပုံတင်စာချုပ်ချုပ်ဆိုရန်အတွက် မြေကွက် ပိုင်ရှင်သည် ၄င်းအမည်ပေါက်ဖြစ်ရပါမည်။ မြေကွက်ပိုင်ဆိုင်ရှင်က မြေကွက်အား မြေပုံ၊ မြေရာဇဝင်ကူးပြီး ယာယီ အရောင်းအဝယ်စာချုပ် (တနည်းအရပ်ကတိစာချုပ်) ချုပ်ဆိုပြီး တိုင်းကာလတန်ဖိုးစိစစ်ရေးအဖွဲ့တွင် တန်ဖိုးဖျက်ရပါမည်။ ကာလတန်ဖိုးဖျက်မှ မြေကွက်တန်ဖိုးနှင့် တိုက်ခန်းတန်ဖိုးသတ်မှတ်ပေးပါလိမ့်မည်။ ပစ္စည်း (၂)ခုအနက် တစ်ခုခုက တန်ဖိုးမြင့်နေလျှင် မြင့်နေသည့် အခြေပစ္စည်းကို ရယူမည့်သူက ပိုနေသည့်ငွေအပေါ် ဝင်ငွေရလမ်းဖော်ပြရမည်။ မဖော်ပြနိုင်လျှင် ပိုနေသည့် တန်ဖိုးအပေါ် ဝင်ငွေခွန် ပေးဆောင်ရပါမည်။
ဝင်ငွေခွန်နှုန်းထားကတော့ ၂၀၁၈-၂၀၁၉ခုနှစ်အတွက် ၁ကျပ်မှ သိန်း၃၀၀အထိ ၁၅%၊ ၃၀၁သိန်းမှ သိန်း၁၀၀၀အထိ ၂၀%၊ ၁၀၀၁သိန်းမှ အထက် ၃၀% သတ်မှတ်ထားပါသည်။ တန်ဖိုးသတ်မှတ်ပြီးရင် ပစ္စည်းတန်ဖိုးအပေါ် တံဆိပ်ခေါင်းခွန် ၄% ကို မြို့နယ်အခွန်ရုံးတွင် ပေးသွင်းရမည်။ ပြီးရင်တော့ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်စာချုပ်ချုပ်ဆိုရပါမည်။ မှတ်ပုံတင်ခသည် ပစ္စည်းတန်ဖိုးအပေါ် ၀.၂% ပေးသွင်းရပါမည်။ မူလမြေကွက်ပိုင်ရှင်အနေဖြင့် လဲလှယ်ရယူသူ အမည်သို့ အမည်ပြောင်းပြောင်းဆောင်ရွက်လို့ရအောင် ကိုယ်စားလှဲလွှဲစာပြုလုပ်ပေးရပါမည်။ မူလ တိုက်ခန်းပိုင်ရှင်ကတော့ တိုက်ခန်းကို အမည်ပြောင်းဆောင်ရွက်လို့မရတဲ့အတွက် ကိုယ်စားလှယ်လွှဲစာလုပ် ပေးရန်မလိုပါကြောင်း ရှင်းလင်း အကြံပြုအပ်ပါသည်။
ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)