မင်္ဂလာပါ … ရန်ကုန်တိုင်းဒေသကြီး မှော်ဘီ ရွှေမြယာ မှ ဖူးကြီးတို့ သွားသော နေရာတွင် သာယာကုန်းကျေးရွာအမည်ဆိုတာရှိပါတယ် လက်ရှိလဲ လူနေထိုင်လျက်ရှိကျပါတယ်။ ထိုအတူ မူလတန်းကျောင်း ဘုန်းကြီးကျာင်း ဘုရားကျောင်း စသဖြင့် ရှိသောမြေပေါ်တွင် အဆောက်အဦးများရှိပါတယ် ခြံဝန်းကျယ်များစွာရှိပါတယ် ထိုနေရာသည် ရေ မီး သွားလာမှု မြေပြင်အခြေအနေအရ ကောင်းသောပတ်ဝန်းကျင်တရပ်ဖြစ်ပါတယ်။ သို့ပေမဲ့ …ဆိုင်ရာမှ အဲ့ဒီမြေမှာနေထိုင်ကြသော(ခြံဝိုင်း) မြေများကို မြေပြေစာခွန်တွင် " စားကျက်ကျူး "ဟု အဘယ်ကြောင့်ဖော်ပြထားပါသလဲ…? အကယ်၍ "စားကျက်ကျူး" စကားရပ်နေရာမှာ တခြားအမည် အသုံးပြု၍ လျှောက်မယ်ဆိုရင်ရော လျှောက်ထားခွင့်ရှိပါသလား…? ယခုမြေပြင်အခြေအနေရ မြေပြေစာခွန်တွင် "စားကျက်ကျူး" စကားရပ်ကြောင့် *အများပြည်သူအကျိုးငှါ * အရောင်းအဝယ် လုပ်၍ အဆင်မပြေဘူးဖြစ်နေပါတယ်။ ထို့ကြောင့် အများပြည်သူအကျိုးငှါ ကောင်းဖို့အတွက် …မည်ကဲ့သို့လုပ်သင့်ပါသလဲ…ဆိုတာ ကျေးဇူးပြု၍ အကြံပြုပေးစေချင်ပါတယ်…
မေးသူ - သိုက်မင်း မှော်ဘီမြို့နယ် ရွှေမြေယာ ကျေးရွာနဲ့ ဖူးကြီးကျေးရွာ အကြားမှာရှိတဲ့ သာယာကုန်းကျေးရွာ မြေကွက်ကြီးဟာ "စားကျက်မြေ" အမည်ပေါက်နေလို့ ဖြစ်ပါလိမ့်မယ်။ စာကျက်မြေဆိုကတည်းက အစိုးရမြေ ပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် အဲ့ဒီမြေကွက်ထဲမှာ အိမ်ဆောက်နေထိုင်သူတွေ ကို ပြေစာထုတ်ပေးတဲ့အခါ စားကျက်မြေကျူးကျော်နေသူများ("စားကျက်ကျူး")လို့ သတ်မှတ်ထားတာ ဖြစ်ပါလိမ့်မယ်။
တကယ်လို့ "စားကျက်ကျူး " စကားရပ်ကြီး ပျောက်ချင်ရင်တော့ ၂၀၁၂ခုနှစ် လယ်ယာမြေဥပဒေနှင့် နည်းဥပဒေ တို့အရ လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ် (ပုံစံ-၇)လျှောက်ထားရပါမယ်။ ဘာကြောင့်လဲဆိုရင် (၂၅. ၂. ၂၀၁၅)ရက်စွဲပါ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့မှ နေပြည်တော်ကောင်စီ နဲ့ တိုင်းဒေသကြီး/ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့သို့ (စာအမှတ် ၁၂/လယ-၁၆/၀၄၈/၂၀၁၅)အရ အကြောင်းကြားထားလို့ပါပဲ။
အဲ့ဒီအကြောင်းကြားချက်အရ သစ်တောမြေ/စားကျက်မြေနှင့် မြေလွတ်မြေလပ်၊မြေရိုင်း တို့တွင် အမှန်တကယ် စိုက်ပျိုးထားရှိသည့် စိုက်ပျိုးမြေယာများကို တောင်သူလယ်သမားများ အမြန်တရားဝင် စိုက်ပျိုးခွင့်ရရှိရန် အတည်ပြုဆဲ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအတိုင်း စားကျက်မြေ ဧရိယာမှ စနစ်တကျ ပယ်ဖျက်ပြီး တရားဝင် လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ် (ပုံစံ-၇)များ ထုတ်ပေးရန် အကြောင်းကြားထားလို့ပါပဲ။
(ပုံစံ-၇)ရရင် ဆက်လက်ပြီး အခြားနည်းသုံးစွဲခွင့် လျှောက်ပြီး အမည်ဖောက်လိုက်ပေါ့။ ဒါဆိုရင် တရားဝင် အမည်ပေါက် ပိုင်ဆိုင်သွားနိုင်ဖို့ကတော့ ၊ ရပ်ကွက်/ ကျေးရွာ/ မြို့နယ်/ ခရိုင်/ တိုင်း လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့မှ တစ်ဆင့် ဗဟို လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ထိ တင်ပြလျှောက်ထားရမှာ ဖြစ်ပါတယ်။ ဗဟိုရဲ့ ခွင့်ပြုချက် ရပြီဆိုရင်တော့ အခြားနည်းသုံးစွဲခွင့် ရပြီပေါ့။ ဒီလိုလျှောက်တဲ့အခါမှာ တစ်ယောက်တည်း လျှောက်ရင်တော့ အချိန်ကြန့်ကြာလိမ့်မယ် ထင်ပါတယ်။ ဒါကြောင့် တစ်ရွာလုံးဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ၊ စုပေါင်းလျှောက်သင့်ပါကြောင်း အကြံပေးလိုက်ရပါတယ်။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ မှော်ဘီမြို့နယ် ရွှေမြေယာ ကျေးရွာနဲ့ ဖူးကြီးကျေးရွာ အကြားမှာရှိတဲ့ သာယာကုန်းကျေးရွာ မြေကွက်ကြီးဟာ "စားကျက်မြေ" အမည်ပေါက်နေလို့ ဖြစ်ပါလိမ့်မယ်။ စာကျက်မြေဆိုကတည်းက အစိုးရမြေ ပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် အဲ့ဒီမြေကွက်ထဲမှာ အိမ်ဆောက်နေထိုင်သူတွေ ကို ပြေစာထုတ်ပေးတဲ့အခါ စားကျက်မြေကျူးကျော်နေသူများ("စားကျက်ကျူး")လို့ သတ်မှတ်ထားတာ ဖြစ်ပါလိမ့်မယ်။
တကယ်လို့ "စားကျက်ကျူး " စကားရပ်ကြီး ပျောက်ချင်ရင်တော့ ၂၀၁၂ခုနှစ် လယ်ယာမြေဥပဒေနှင့် နည်းဥပဒေ တို့အရ လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ် (ပုံစံ-၇)လျှောက်ထားရပါမယ်။ ဘာကြောင့်လဲဆိုရင် (၂၅. ၂. ၂၀၁၅)ရက်စွဲပါ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့မှ နေပြည်တော်ကောင်စီ နဲ့ တိုင်းဒေသကြီး/ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့သို့ (စာအမှတ် ၁၂/လယ-၁၆/၀၄၈/၂၀၁၅)အရ အကြောင်းကြားထားလို့ပါပဲ။
အဲ့ဒီအကြောင်းကြားချက်အရ သစ်တောမြေ/စားကျက်မြေနှင့် မြေလွတ်မြေလပ်၊မြေရိုင်း တို့တွင် အမှန်တကယ် စိုက်ပျိုးထားရှိသည့် စိုက်ပျိုးမြေယာများကို တောင်သူလယ်သမားများ အမြန်တရားဝင် စိုက်ပျိုးခွင့်ရရှိရန် အတည်ပြုဆဲ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအတိုင်း စားကျက်မြေ ဧရိယာမှ စနစ်တကျ ပယ်ဖျက်ပြီး တရားဝင် လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ် (ပုံစံ-၇)များ ထုတ်ပေးရန် အကြောင်းကြားထားလို့ပါပဲ။
(ပုံစံ-၇)ရရင် ဆက်လက်ပြီး အခြားနည်းသုံးစွဲခွင့် လျှောက်ပြီး အမည်ဖောက်လိုက်ပေါ့။ ဒါဆိုရင် တရားဝင် အမည်ပေါက် ပိုင်ဆိုင်သွားနိုင်ဖို့ကတော့ ၊ ရပ်ကွက်/ ကျေးရွာ/ မြို့နယ်/ ခရိုင်/ တိုင်း လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့မှ တစ်ဆင့် ဗဟို လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ထိ တင်ပြလျှောက်ထားရမှာ ဖြစ်ပါတယ်။ ဗဟိုရဲ့ ခွင့်ပြုချက် ရပြီဆိုရင်တော့ အခြားနည်းသုံးစွဲခွင့် ရပြီပေါ့။ ဒီလိုလျှောက်တဲ့အခါမှာ တစ်ယောက်တည်း လျှောက်ရင်တော့ အချိန်ကြန့်ကြာလိမ့်မယ် ထင်ပါတယ်။ ဒါကြောင့် တစ်ရွာလုံးဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ၊ စုပေါင်းလျှောက်သင့်ပါကြောင်း အကြံပေးလိုက်ရပါတယ်။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။