647 ကြိမ် ကြည့်ရှု့ပြီး

ခုဝယ်မယ့်မြေကွက်က ဘိုးဘွားပိုင်မြေကို အရပ်အရောင်းအဝယ်စာချုပ်ပဲရှိပါတယ်။ ဒါကိုဝယ်လိုက်မယ်ဆိုရင် ပုံစံ ၁၀၅ နဲ့ဂရန်လျှောက်ရင်ဘယ်လိုလုပ်ရပါမလဲ။ အခွန်ကိုကောဘယ်နှစ်ရာခိုင်နှုန်းဆောင်ရပါမလဲ။စာချုပ်တဲ့အခါ စာချုပ်ခေါင်းကဘယ်လောက်တန်ဖြစ်ရပါမလဲ။ ဖြေပေးပါနော်။ သေချာဂဃနဏ နားမလည်လို့ပါ။ ကျေးဇူးတင်ပါတယ်။

မေးသူ - ချိုနှင်း
ချိုနှင်း​မေးတာက ဘိုးဘွားပိုင်​​မြေ လို့​ပြောတာက ရွာ​မြေကို​ပြောတာလား။ ပုံစံ-၁၀၅(​မြေတိုင်း​မြေပုံ)ထွက်​ပြီလား၊ ဂရန်​​​လျှောက်​ချင်​လို့ ဘယ်​လိုလုပ်​ရမလဲ ​မေးတာထင်​တယ်​ ဘိုးဘွားပိုင်​​မြေ လို့ရွာ​တွေမှာ​ခေါ်ကြတဲ့ ရွာ​မြေဟာ ​မြေစာရင်းမှာသွားကြည့်​ရင်​ ဥယျာဉ်​ခြံ​မြေ အမျိုးအစား သတ်​မှတ်​ထား​တာ ​တွေ့ရပါတယ်​။ ဥယျာဉ်​ခြံ​မြေ စာရင်းထဲမှာ ပါသွားပြီဆိုကတည်းက အခွန်​​ဆောင်​ဖို့ မလို​သေးပါဘူး.. တံဆိပ်​​ခေါင်းဝယ်​ချင်​ရင်​​တော့ အရပ်​ကတိအ​ရောင်းအ၀ယ်​ စာချုပ်​ချုပ်​ဖို့အတွက်​ ၃၀၀ိ/-တံဆိပ်​​ခေါင်း​ ​ပေါ်မှာ စာချုပ်ရပါတယ်​ ပုံစံ-၁၀၅ကိုလည်း မစဉ်းစားပါနဲ့ဦး ဂရန်​​လျှောက်​ပုံအရင်​ ရှင်းပြပါရ​စေဦး။ ရွာ​မြေလို့​ခေါ်တဲ့ ဥယျာဉ်​ခြံ​မြေ ဂရန်​မ​လျှောက်​ခင်​ လယ်​ယာ​မြေလုပ်​ပိုင်​ခွင့်​ လက်​မှတ်​(ပုံစံ-၇)အရင်​​လျှောက်​ရပါတယ်​။ (ပုံစံ-၇) ရပြီးတဲ့အခါကျမှ အခြားနည်းသုံးစွဲခွင့်​ (ဥပမာ။ ။ ဂရန်​လိုမျိုး​ပေါ့) ​လျှောက်​ယူရပါတယ်​။ တင်​ပြရတဲ့အဆင့်​​တွေက​တော့ ရပ်​ကွက်​/​ကျေးရွာ၊ မြို့နယ်​ ၊ခရိုင်​၊ တိုင်းနဲ့ဗဟိုလယ်​ယာ​မြေစီမံခနိ့ခွဲ​ရေး အဖွဲ့ထံက ခွင့်​ပြုချက်​ရတဲ့အထိ တင်​ပြရပါတယ်​။ ဗဟိုရဲ့ခွင့်​ပြုချက်​အရ အခြားနည်းသုံးစွဲခွင့်​ ရပြီဆိုရင်​ နိုင်​ငံ​တော်​ကသတ်​မှတ်​နှုန်းထားအတိုင်း ​ငွေသွင်းရပါတယ်​။ အခွန်​​ဆောင်​စရာ မလိုပါ။ ဂရန်​ကဲ့သို့ သုံးစွဲခွင့်​ရပါတယ်​ လို့​ဖြေကြား​ပေးလိုက်​ပါတယ်​။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)