654 ကြိမ် ကြည့်ရှု့ပြီး

ဆရာခင်ဗျားလေးစားစွာဖြင့် မေးမြန်းလိုပါတယ်။ ကားပါကင်ပါ မီနီကွန်ဒိုတွင်နေထိုက်သူတစ်ဦးအနေဖြင့် အဆိုပါကားပါကင်နေရာသည် သုံးစွဲခွင့် ရရုံပဲလား သို့မဟုတ် အပိုင်သဘောရနေတာလား သိပါရစေ။ ကျွန်တော်တို့ လှိုင်မြို့နယ်တွင် မီနီကွန်ဒိုအချို့ ကားပါကင်တွင် မြေရှင်မှ ကန့်သတ်နယ်လုပ်ထားသူ ရှိသလို မှန်ခန်းလုပ်သူလည်းတွေ့နေရသဖြင့် သဲသဲကွဲကွဲသိလို၍ မေးမြန်းခြင်းပါ။ ကျေးဇူးပြု၍ဖြေကြားပေးပါရန်။

မေးသူ - ကိုအောင်ကျော်မိုး
ကားပါကင်​​နေရာဟာ သုံးစွဲခွင့်​ရရုံပါပဲ။ အပိုင်​သ​ဘောမရနိုင်​ပါ။ ဘာ​ကြောင့်လဲဆို​တော့ ​မြေရှင်​ရှိတယ်​​​လေ။ သူ့မြေ​ပေါ်မှာ ​ဆောက်​ထားတာ ဆို​တော့ ​မြေရှင်​ပဲ ပိုင်​တာ​ပေါ့။ ဒါ​ပေမဲ့ ကန်​ထရိုက်​တာနဲ့​မြေရှင်​ ဘယ်​လိုသ​ဘောတူထားသလဲ ဆိုတာသိရင်​ ပို​ကောင်းတာ​ပေါ့။ ကန်​ထရိုက်​တာဘက်​ အခြမ်းဖြစ်​ခဲ့ရင်​ ကန်​ထရိုက်​ ပိုင်​​စေလို့ စာချုပ်​ထဲမှာ အခွင့်​​ပေးထားရင်​​တော့ ကားပါကင်​ကို အပိုင်​သ​ဘောရနိုင်​တာ​ပေါ့။
ကားပါကင်​​နေရာကို ​မြေရှင်​က ကန့်​သတ်​နယ်​​မြေ လုပ်​​ပေးရင်​လည်း သုံးစွဲခွင့်ရှိပါတယ်​။ တိုက်​သစ်​​တွေမှာ မှန်​ခန်း​တွေပါတာက​တော့ ​မြေရှင်​နဲ့ ကန်​ထရိုက်​တာတို့ နှစ်​ဦးသ​ဘောတူညီချက်​အရ ​ဆောက်​ကြတာဖြစ်​ပါတယ်​လို့ ​ဖြေကြား​ပေးလိုက်​ပါတယ်​။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)