628 ကြိမ် ကြည့်ရှု့ပြီး

ကျွန်တော်သိမ်းစည်းလယ်ယာမြေလျှောက်ချင်လို့ပါဘယ်လိုပြန်လျှောက်ရမလဲခင်ဗျာ ၊ စစ်တပ်ကသိမ်းသွားတာပါ အခုဆိုအနှစ် နှစ်ဆယ်ကျော်ရှိပါပြီ လယ်နဲ့ပတ်သတ်တဲ့အထောက်အထားအပြည့်အစုံရှိပါတယ်အမည်ပေါက်လဲရှိတယ်ခင်ဗျာ ပြေစာတွေအခွန်တွေအကုန်ရှိပါတယ် တစ်ချက်လောက်ဆက်သွယ်ပေးပါခင်ဗျာ

မေးသူ - ကိုကောင်းထက်ရွှေ
လယ်​ယာ​မြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်​လည်​စိစစ်​​ရေး ဗဟို​ကော်​မတီမှာ ပြန်​​လျှောက်​ရပါမယ်​။ ဒါ့အပြင်​ သက်​ဆိုင်​ရာ ​နေပြည်​​တော်​၊ တိုင်း​ဒေသကြီး၊ ပြည်​နယ်​၊ ခရိုင်​၊ မြို့နယ်​၊ ရပ်​ကွက်​နဲ့ ​ကျေးရွာ အုပ်​စု​ကော်​မတီ အဆင့်​ဆင့်​ကိုလည်း တိုင်​ကြားနိုင်​ပါတယ်​။
နစ်​နာသူကာယကံရှင်​ ကိုယ်​တိုင်​ တိုင်​ကြားမယ်​ဆိုရင်​ ပိုမိုအဆင်​​ပြေပါတယ်​။ ယခု အစိုးရလက်​ထက်​မှာ ​မြေဧကစုစု​ပေါင်း ၃၉၇၉၀.၅၇ဧကကို ​တောင်​သူလယ်​သမား​တွေထံ ပြန်​လည်​လွှဲ​ပြောင်း​ပေးအပ်​ခဲ့ပြီး ဖြစ်​တယ်​လို့ သိရပါတယ်​။ ယခင်​အစိုးရလက်​ထက်​ကလည်း ​မြေဧကစုစု​ပေါင်း ၄၁၉၇၇၁.၇၉၁ ဧကကို စွန့်​လွှတ်​​ပေးပြီးပြီလို့ သိရပါတယ်​။ ဒါ​တွေကလည်း တပ်​မ​တော်​အပါအ၀င်​ ၀န်​ကြီးဋ္ဌာနအသီးသီးနဲ့ ​ကော်​မတီအသီးသီးက ပြန်​လည်​စွန့်​​ပေးကြခြင်း ဖြစ်​တယ်​လို့သိရပါတယ်​။ ဗဟိုမတိုင်​ချင်​​သေးရင်​လည်း မိမိ​ကျေးရွာ အုပ်​စု​ကော်​မတီ (ရပ်​ကွက်​​ကျေးရွာ အုပ်​ချုပ်​​ရေးမှူး) ထံမှာ စတင်​တိုင်​ကြားနိုင်​တယ်​လို့ သိရပါတယ်​ခင်​ဗျာ။ ။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)