814 ကြိမ် ကြည့်ရှု့ပြီး

ဖခင် ဟိန္ဒူ/ဗုဒ္ဓ(FRC) ကိုင်ဆောင်သူ မှ(၉၀)ခုနှစ်တွင်စစ်တပ်မှချပေးသော မြေကွက်ပါမစ်ရခဲ့ပါတယ်၊ မိခင်နှင့်သားသမီးများမှာနိုင်ကဒ်ကိုင်ဆောင်သူများဖြစ်ပါသည် ယခုမိဘများသေဆုံး၍သားသမီးများကရောင်ချချိန်တွင်ဝယ်သူဘက်မှပါမစ်မြေအား၎င်းတို့ဂရံအမည်ဖေါက်ရာတွင်(FRC) ကိုင်ဆောင်သူမှမြေပိုင်ဆိုင်ခွင့်မရှိ၍ဂရံဖောက်၍မရကြောင်းပြောပါသည်။ထိုမြေအားမည်ကဲ့သိုဂရံဖောက်မလဲ နည်းလမ်းပြပေးစေလိုပါသည် ကျေးဇူးတင်ပါတယ်ရှင်။

မေးသူ - နှင်းစုအေး
၁၉၈၇-ခုနှစ်​၊ မ​ရွှေ့မ​ပြောင်းနိုင်​​သော ပစ္စည်း လွှဲ​ပြောင်းခြင်းကို ကန့်​သတ်​သည့်​ ဥပ​ဒေပုဒ်​မ-၄အရ နိုင်​ငံခြားသား (FRC) ရဲ့ ​မြေကို ​ရောင်းချခြင်း၊ ၀ယ်​ယူခြင်း ပြုလုပ်​လို့ မရပါဘူး။ ​မြေအမည်​​ပေါက်​ ဖခင်​ နိုင်​ငံခြားသား နဲ့ မိခင်​ နိုင်​ငံသား တို့ ကွယ်​လွန်​ခဲ့ရင်​ နိုင်​ငံသားဖြစ်​​နေတဲ့ သားသမီး​တွေက အ​မွေဆက်​ခံနိုင်​ဖို့အတွက်​ ပြည်​ထဲ​ရေးဝန်​ကြီးဋ္ဌာနမှာ ​လျှောက်​ထားရတယ်​လို့ သိရှိရ​ကြောင်းပါ မနှင်းစု​အေး​ရေ.........
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)