684 ကြိမ် ကြည့်ရှု့ပြီး

ဆရာခင်များကျွန်တော်ခြံက ပုံစံ၇ ရှိပါတယ် (၁)ဧကပါ မပြေလည်လို့တစ်ခြမ်းဖဲ့ရောင်းပါတယ် ရွာသားအချို့ကရွာလူကြီးနဲ့ပေါင်းပီး မရောင်းရအောင်ကြိုးစားကြပါတယ် ပုံစံ (၇)နဲ့မြေသူတို့နှောက်ယှက်မရတော့ ၀ယ်မယ့်သူကိုပုဒ်မတက်ကြပါတယ် ၊ ၀ယ်သူကမွေးနွားထားဖို့ပါခင်ဗျာ ဗမာနို့စားနွားမအကောင် ၂၀၀လောက်ပါ ခုလည်းထားထားပါပီယာမြေပေါ် နွားမထားရဆိုပီ (နှင်စာ) ၂ဆောင်ရှိပါပီ ၀ယ်သူတွေကနွားမထားရရင်ဝယ်မည်မဟုတ်ပါ အဲဒါ (နှင်စာ) ကိုဘယ်လိုဖြေရှင်းရပါမလဲ ခင်ဗျား၊တကယ်လို့ အခြားသုံးစွဲခွင့်လျှောက်မှကို ဖြစ်မယ်ဆိုရင်လည်း လျှောက်ပုံလျှောက်နည်းနဲ့ ကုန်ကျနိုင်တာလေး ဖြေဆိုပေးရန်တောင်းပန်ပါတယ်ဆရာ အခတ်အခဲဖြစ်နေလို့ပါဆရာ မစားရတဲအမဲသဲနဲ့ပက်နေကြလို့ပါဆရာ…

မေးသူ - ကိုလင်းဦး
ကိုလင်းဦး ပိုင်​ဆိုင်​တဲ့ လယ်​​မြေ​ပေါ်မှာ အလုပ်​လုပ်​တာဖြစ်​တဲ့အတွက်​ "နှင်​စာ"ကို မလိုက်​နာနိုင်​ဘူးလို့ အ​ကြောင်းပြန်​လိုက်​​ပေါ့။ အခြားသုံးစွဲခွင့်​ ​လျှောက်​မယ်​ဆိုရင်​​တော့ ​ကျေးရွာလယ်​ယာ​မြေစီမံခန့်​ခွဲ​ရေး ​ကော်​မတီက တစ်​ဆင့်​ မြို့နယ်​၊ ခရိုင်​၊ တိုင်း အဆင့်​ဆင့်​တင်​ပြရပါတယ်​။ အဲ့ဒီအဆင့်​ဆင့်​ ​ထောက်​ခံချက်​​ပေါ် မူတည်​ပြီး ဗဟိုလယ်​ယာ​မြေစီမံခန့်​ခွဲ​ရေး ​ကော်​မတီက ခွင့်​ပြုတာပါ။ ဗဟိုက ခွင့်​ပြုချက်​ရမှ အခြားနည်းသုံးစွဲခွင့်​ရပါတယ်​။
ကုန်​ကျစရိတ်​ အ​နေနဲ့ နိုင်​ငံ​တော်​အစိုးရကို ​ပေးသွင်းရတာက​တော့ တစ်​သိန်းမ​ကျော်​​လောက်​ပါဘူး။ မြို့နယ်​လယ်​ယာ​မြေစီမံခန့်​ခွဲ​ရေးနှင့်​ စာရင်းအင်းဦးစီးဋ္ဌာန သို့သွား​ရောက်​ပြီး အ​သေးစိတ်​စုံစမ်းကြည့်​ပြီး စိတ်​ချရမှ ၀ယ်​တာ အ​ကောင်းဆုံးပါလို့ ​ဖြေကြား​ပေးလိုက်​ပါတယ်​။ ။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)