649 ကြိမ် ကြည့်ရှု့ပြီး

ဆရာခင်ဗျား အရင်တစ်ခေါက်အခြားနည်းသုံးစွဲခွင့်အချိုးကျထည့်ဝင်ရေးနှင့် ပါတ်သက်သည့်အကြောင်းအရာများကိုသေချာရှင်းပြပေးသည့်အတွက် အထူးပဲကျေးဇူးတင်ပါသည်။ ယခုမေးလိုသည်မှာ ၇ ဧကမှပိုင်းခြားဝယ်ယူထားသော ၁ ဧကအား ဦးပိုင်အမည်ပြောင်းလျှောက်ထားလိုပါသည်။ ဆရာပြောသလို အရောင်းအဝယ်စာချုပ်မှာ အရပ်ချုပ်ချုပ်ထားသဖြင့် မြေစာရင်းဦးစီးဌာနတွင် စာရင်းဝင်ရန်မည်ကဲ့သိုပြုလုပ်ရပါမည်နည်း။ အရောင်းအဝယ်စာချုပ်ချုပ်စဉ် မြေဧရိယာများတိုင်းတာပေးသော မြေတိုင်းစာရေးအား ဦးပိုင်အမည်ပြောင်းလျှောက်လို၍ မည်ကဲ့သိုပြုလုပ်ရမည်ကို မေးမြန်းကြည့်ရာ အစိုးရမှတရားဝင် ဦးပိုင်ခွဲအမည်ပေါက်များချပေးသည့်အချိန်မှ လျှောက်လို့ရမည် ယခုလျှောက်၍ မရဟု ပြောပါသည်။ သို့ဖြစ်ပါ၍ အစိုးရမှတရားဝင်ချပေးမည့်အချိန်မှလျှောက်လို့ရမည် ( သို့မဟုတ် ) အခြားနည်းလမ်းဖြင့်လျှောက်၍ရနိုင်မည်/မရနိုင်မည်ကိုဖြေ ကြားပေးစေချင်ပါတယ် မြေစာရင်းဦးစီးဌာနတွင်ပိုင်းခြားဝယ်ယူထားသည်ကိုစာရင်းဝင်ရန် မည်ကဲ့သို့လုပ်ဆောင်ရမည်ကိုလည်း ဖြေကြားပေးစေလိုပါသည် ကျေးဇူးအထူးတင်ပါသည်ခင်ဗျာ ။

မေးသူ - ကိုကျော်သူ
အစိုးရက တရားဝင်​ဦးပိုင်​ အမည်​​ပေါက်​ချ​ပေးသည့်​ အချိန်​​ရောက်​မှ စာရင်းဝင်​ရန်​ ​လျှောက်​လို့ရမယ်​။ အခု​လျှောက်​လို့ မရ​သေးဘူးဆိုတာ မှန်​ပါတယ်​။ လက်​ရှိအ​နေမှာ "ကို​ကျော်​သူ"က အရပ်​ကတိ အ​ရောင်းအ၀ယ်​စာချုပ်​ နဲ့ ၀ယ်​ထားတာဖြစ်​လို့ အခြားနည်း​လျှောက်​ယူလို့ မရ​သေးပါဘူး။
အခြားနည်း​လျှောက်​ယူလို့ ရ​အောင်​က​တော့ ကို​ကျော်​သူ ၀ယ်​ထားတဲ့ လယ်​​မြေ(၇ဧက)အမည်​​ပေါက်​သူက လယ်​​ယာ​မြေလုပ်​ပိုင်​ခွင့်​ လက်​မှတ်​ (ပုံစံ-၇) အရင်​​လျှောက်​ယူရပါမယ်​။ မူလအမည်​​ပေါက်​သူက (ပုံစံ-၇)မ​လျှောက်​ဘဲ ကို​ကျော်​သူပိုင်းခြားဝယ်​ယူထားတဲ့ ​မြေအကျယ်​အ၀န်း ကို ​မြေစာရင်းဦးစီးဌာန မှာ စာရင်းဝင်​ဖို့ မလွယ်​ပါဘူး။ အခြားနည်းနဲ့ သီးခြား​လျှောက်​လို့လည်း မရပါဘူး။ တစ်​ခုရှိတာက​တော့ ​မြေခွန်​​ပြေစာ အမည်​​ပေါက်​သူက​နေ ညီ​လေးရဲ့ ​မြေခွန်​​ပြေစာ အမည်​​ပေါက်​ထွက်​လာ​စေလိုတယ်​ဆိုရင်​​တော့ ​ကျေးရွာအုပ်​ချုပ်​​ရေးမှူးနဲ့ မြို့နယ်​ လယ်​ယာ​မြေစီမံခန့်​ခွဲမှု နှင့်​ စာရင်းအင်းဦးစီးဋ္ဌာန တို့ထံ သွား​ရောက်​ ​တွေ့ဆုံ​မေးမြန်း အကြံဥာဏ်​ ရယူသင့်​ပါတယ်​။ ။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)