1152 ကြိမ် ကြည့်ရှု့ပြီး

ဂရန္သက္တမ္းကုန္လို႔ သက္တမ္းတိုးတဲ့အခါမွာမည္ကဲ့သို႕ ေဆာင္ရြက္ရမလဲသိခ်င္ပါတယ္ ။မည္သည့္စာရြက္စာတမ္းအေထာက္အထားမ်ား လိုအပ္ပါသလဲရွင့္ ေက်းဇူးျပဳ၍ ေျဖၾကားေပးပါရွင္ ။ေလးစားလ်က္ပါ ....

မေးသူ - မစုၾကီး

[Unicode]

နှစ် (၃၀)၊ နှစ် (၆၀)၊ နှစ် (၉၀) ပေးထားသည့် ဂရန်များ သက်တမ်းကုန်ဆုံးပါက ဂရန်သက်တမ်းတိုး လျှောက်ထားရန် လိုအပ်ပါတယ်။ သက်တမ်းတိုးမည့် မြေဂရန်ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနတွင် လျှောက်ထားရပါမယ်။ဂရန်သက်တမ်းတိုးလျှောက်ထားမည့်သူသည် အောက်ပါစာရွက်စာတမ်း အထောက်အထားများဖြင့် သက်တမ်းတိုးလျှောက်ထားရပါမည်။

၁။ လျှောက်ထားသူ၏ မှတ်ပုံတင်မူရင်း/မိတ္တူ

၂။ မူရင်းမြေဂရန်နှင့် ပူးတွဲပါမြေပုံ

၃။ ပိုင်ဆိုင်ကြောင်းအထောက်အထား ဆက်စပ်စာချုပ်များ

၄။ မြေခွန်ကြွေးကျန်ကင်းရှင်းကြောင်းထောက်ခံချက် (နောက်ဆုံးလ မြေခွန်မိတ္တူ)

၅။ ရပ်ကွက်အတူနေနှစ်ဦး၏ ထောက်ခံချက်

၆။ ပြင်ဆင်သတ်မှတ်သည့် မြေငှားခကို ပေးဆောင်နိုင်ကြောင်း ဝန်ခံချက်

၇။ မြေငှားစာချုပ်ပါ စည်းကမ်းချက်များကို လိုက်နာနိုင်ကြောင်း ဝန်ခံချက် ... တို့ ဖြစ်ပါတယ်။

ဌာနမှ ကြေညာစာ (၂)စောင်ထုတ်ပေးသည့်အခါ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတို့တွင် သတ်မှတ်ရက်အတိုင်း ကပ်ထားပေးရပါမယ်။ မြေရာဇဝင်တွင် ကန့်သတ်ချက်မရှိပါက အမှုတွဲအား ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပြီး ဂရန်သက်တမ်းထပ်မံတိုးမြှင့်ပေးမည် ဖြစ်ပါတယ် လို့ ​ဖြေကြား​ပေးလိုက်​ပါတယ်​။

 

[Zawgyi]

ဂရန္သက္တမ္းကုန္လို႔ သက္တမ္းတိုးတဲ့အခါမွာမည္ကဲ့သို႕ ေဆာင္ရြက္ရမလဲသိခ်င္ပါတယ္ ။မည္သည့္စာရြက္စာတမ္းအေထာက္အထားမ်ား လိုအပ္ပါသလဲရွင့္ ေက်းဇူးျပဳ၍ ေျဖၾကားေပးပါရွင္ ။ေလးစားလ်က္ပါ ....

ႏွစ္ (၃၀)၊ ႏွစ္ (၆၀)၊ ႏွစ္ (၉၀) ေပးထားသည့္ ဂရန္မ်ား သက္တမ္းကုန္ဆံုးပါက ဂရန္သက္တမ္းတိုး ေလွ်ာက္ထားရန္ လိုအပ္ပါတယ္။ သက္တမ္းတိုးမည့္ ေျမဂရန္ကို ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ ၿမိဳ႕ျပစီမံကိန္းႏွင့္ ေျမစီမံခန္႔ခြဲမႈဌာနတြင္ ေလွ်ာက္ထားရပါမယ္။ဂရန္သက္တမ္းတိုးေလွ်ာက္ထားမည့္သူသည္ ေအာက္ပါစာရြက္စာတမ္း အေထာက္အထားမ်ားျဖင့္ သက္တမ္းတိုးေလွ်ာက္ထားရပါမည္။

၁။ ေလွ်ာက္ထားသူ၏ မွတ္ပံုတင္မူရင္း/မိတၱဴ

၂။ မူရင္းေျမဂရန္ႏွင့္ ပူးတြဲပါေျမပံု

၃။ ပိုင္ဆုိင္ေၾကာင္းအေထာက္အထား ဆက္စပ္စာခ်ဳပ္မ်ား

၄။ ေျမခြန္ေႂကြးက်န္ကင္းရွင္းေၾကာင္းေထာက္ခံခ်က္ (ေနာက္ဆံုးလ ေျမခြန္မိတၱဴ)

၅။ ရပ္ကြက္အတူေနႏွစ္ဦး၏ ေထာက္ခံခ်က္

၆။ ျပင္ဆင္သတ္မွတ္သည့္ ေျမငွားခကို ေပးေဆာင္ႏိုင္ေၾကာင္း ဝန္ခံခ်က္

၇။ ေျမငွားစာခ်ဳပ္ပါ စည္းကမ္းခ်က္မ်ားကို လိုက္နာႏိုင္ေၾကာင္း ဝန္ခံခ်က္ ... တို႔ ျဖစ္ပါတယ္။

ဌာနမွ ေၾကညာစာ (၂)ေစာင္ထုတ္ေပးသည့္အခါ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး႐ံုးႏွင့္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး႐ံုးတို႔တြင္ သတ္မွတ္ရက္အတိုင္း ကပ္ထားေပးရပါမယ္။ ေျမရာဇဝင္တြင္ ကန္႔သတ္ခ်က္မရွိပါက အမႈတြဲအား ဆက္လက္ေဆာင္ရြက္ေပးမည္ျဖစ္ၿပီး ဂရန္သက္တမ္းထပ္မံတိုးျမႇင့္ေပးမည္ ျဖစ္ပါတယ္ လို႕ ​ေျဖၾကား​ေပးလိုက္​ပါတယ္​။

ဖြေဆိုသူ - iMyanmarHouse.com
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အျခား အိမ္ၿခံေျမ အေမးအေျဖမ်ား

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)