2353 ကြိမ် ကြည့်ရှု့ပြီး

ဘိုးဘွားပိုင်ဂရန်မြေကိုမပြောင်းလဲဘဲအရောင်းအဝယ်ပြုလုပ်၍ ရ/မရသိလိုပါသည်။ဦးဘနှင့်ဒေါ်ရီအမည်ဖြင့်(14.11.60)ခုနှစ် ကတည်းက ဂရန်ထွက်ရှိထားပါသည်။ဦးဘနှင့်ဒေါ်ရီ၌ မမယ်နှင့်မောင်လှသားသမီး၂ဦးထွန်းကားခဲ့ပါသည်။မောင်လှမှာ ၁၀နှစ်သားခန့်ကတည်းကဆုံးပါးခဲ့၍ မမယ်တစ်ဦးတည်းသာကျန်ပါတော့သည်။မမယ်အိမ်ထောင်ပြုသောအခါသား၂ဦးထွန်းကားခဲ့ပြီး မမယ်မှာလည်းအိမ်ထောင်ဘက်နှင့်ကွဲကွာခဲ့သည်မှာ ၂၅ နှစ်ကျော်ခဲ့ပါပြီ။(မည်သည့်အဆက်အသွယ်မှမရှိတော့ပါ)မိခင်ဖြစ်သောမမယ်မှာလည်းကွယ်လွန်ခဲ့ပါပြီ။ယခုအခါ ထိုဦးဘအမည်ပေါက်ဂရန်မြေအားမြေး ၂ ဦး၏သဘောတူညီမှုဖြင့်အရောင်းအဝယ်ပြုလုပ်လိုပါလျင်- ( ၁ )- မည်သည့်ကိစ္စများဆက်လက်ဆောင်ရွက်ရမည်ကို နည်းလမ်းညွန်ပြပေးစေလိုပါသည်။( ၂ )- ၎င်းဘိုးဘွားဂရံအမည်ကိုမပြောင်းလဲဘဲ အရောင်းအဝယ်ပြု၍ ရ/မရသိလိုပါသည်။ ( ၃ ) - သိန်း2500ဖြင့်ရောင်းပါမည်ဆိုပါလျင် ပေးဆောင်ရမည့်အခွန်ကိစ္စကိုလည်း သိလိုပါသည်။အကယ်၍ဆောင်ရွက်ရမည့်ကိစ္စများရှိနေပါမူ လုပ်ဆောင်ရမည့်နည်းလမ်းအဆင့်ဆင့်ကိုညွန်ပြပေးစေလိုပါသည်ခင်ဗျားးးးးးးးးးးလေးစားစွာဖြင့် ။ ( တနင်္သာရီတိုင်း၊ထားဝယ်မြို့ )

မေးသူ - ဦးမြင့်​​အောင်
ဦးဘရဲ့ ​မြေး(၂)​ယောက်​က အ​မွေဆက်​ခံပြီး အ​ရောင်းအ၀ယ်​ ပြုလုပ်​လို့ ရပါတယ်​။ အဲဒီ​မြေး(၂)​ယောက်​နဲ့ အဘိုးအဘွား အ​ဖေအ​မေ အားလုံးဗုဒ္ဓဘာသာ မြန်​မာလူမျိုး​တွေ ဖြစ်​ရပါမယ်​။
ပထမဆုံး ​မြေး(၂)​ယောက်​က မိမိတို့နှစ်​ဦးဟာ "ဦးဘ+​ဒေါ်ရီ"တို့ရဲ့ သမီး "မမယ်​"ရဲ့ သားသမီး (၂)​ယောက်​ဖြစ်​ပါတယ်​။ အဘိုးအဘွားများ မှာ "မမယ်​နဲ့​မောင်​လှ"သားသမီး(၂)​ယောက်​​ ​မွေးဖွားခဲ့ပါတယ်​။ ​မောင်​လှက​တော့ အသက်​(၁၀)နှစ်​မှာ ကွယ်​လွန်​သွားခဲ့ပါတယ်​။ ယခုအခါ မိခင်​မမယ်​ဟာလည်း ကွယ်​လွန်​သွားပါပြီ။ မမယ်​နဲ့ခင်​ပွန်း တို့ဟာလည်း လွန်​ခဲ့​သော (၂၅)နှစ်​ခန့်​ကတည်းက အိမ်​​ထောင်​ကွဲသွားပါတယ်​။ ယ​နေ့အထိ သားသမီးများနှင့်​ အဆက်​အသွယ်​ မရှိပါ။ ထို့​ကြောင့်​ မြန်​မာ့ဓ​လေ့ထုံးတမ်းဥပ​ဒေအရ "အဘိုးအဘွား "များ အမည်​​ပေါက်​ ​မြေနှင့်​အိမ်​ကို ​မြေး(၂)​ယောက်​ကသာ အ​မွေဆက်​ခံပိုင်​ဆိုင်​ပါတယ်​ဆိုပြီး တရားရုံးမှာ ကျမ်းကျိန်​ရပါမယ်​။ (၁)ကျမ်းကျိန်​ရယ်​ (၂)အဘိုးအဘွားအမည်​​ပေါက်​ဂရန်​ရယ်​ (၃)အိမ်​နီးနားချင်း (၂)ဦးကလည်း ၄င်း​မြေး(၂)ဦးဟာ "ဦးဘ+​ဒေါ်ရီ"တို့ရဲ့ ​မြေးအရင်းများဖြစ်​လို့ အဘိုးအဘွားများ အမည်​​ပေါက်​ဂရန်​​မြေကို အ​မွေဆက်​ခံပိုင်​ဆိုင်​သူများ ဖြစ်​တာကို သိရှိ​ကြောင်း ကျမ်းကျိန်​(၂)​စောင်​ ထပ်​လုပ်​​ပေးရပါတယ်​။ အဲဒီလို ဂရန်​မူရင်း၊ ကျမ်းကျိန်​မူရင်း နဲ့ ​မြေးနှစ်​​ယောက်​ရဲ့ နိုင်​ငံသားကတ်​​တွေယူပြီး ထားဝယ်​မြို့ နယ်​ လယ်​ယာ​မြေစီမံခန့်​ခွဲ​ရေးနဲ့ စာရင်းအင်းဦးစီးဋ္ဌာန (ယခင်​-မြို့နယ်​​ကြေးတိုင်​နှင့်​ ​မြေစာရင်းဦးစီးဋ္ဌာန)နဲ့ ထားဝယ်​ခရိုင်​အ​ထွေ​ထွေအုပ်​ချုပ်​​ရေး ဦးစီးဋ္ဌာန၊ ခရိုင်​အုပ်​ချုပ်​​ရေးမှူးတို့ထံမှာ အ​မွေဆက်​ခံပိုင်​ဆိုင်​​ကြောင်း စာချုပ်​ချုပ်​ဆိုရန်​နဲ့ အ​ရောင်းအ၀ယ်​စာချုပ်​ ချုပ်​ဆိုရန်​အတွက်​ ​မြေပုံ(ပုံစံ-၁၀၅)/​မြေရာဇ၀င်​ (ပုံစံ-၁၀၆)တို့ကို ကူးယူရပါတယ်​။ အဲဒီ​မြေပုံ(၂)မျိုး ထုတ်​ယူရရှိပြီးရင်​ ထားဝယ်​မြို့စာချုပ်​စာတမ်းမှတ်​ပုံတင်​ရုံးမှာ အ​မွေဆက်​ခံပိုင်​ဆိုင်​​ကြောင်း စာချုပ်​ချုပ်​ရမယ်​။ အဲဒီ​နေ့မှာဘဲ အ​မွေဆက်​ခံပိုင်​ဆိုင်​တဲ့ ​မြေး(၂)ဦးက အဘိုးတို့ရဲ့ ဂရန်​​မြေ၀ယ်​သူကို အထူးကိုယ်​စားလှယ်​လွှဲစာ လွဲ​ပေးလိုက်​ရင်​ ပြီးတာဘဲ။ ၀ယ်​သူက သူ့အမည်​​ပြောင်းချင်​ရင်​​တော့ အဲဒီ အထူးကိုယ်​စားလှယ်​လွှဲစာ ရသူက ​မြေး(၂)ဦးရဲ့ကိုယ်​စား အ​ရောင်း​မြေပုံ ပြပြီး အခွန်​ရုံးမှာ တင်​ပြလို့ရပါတတယ်​။ မှတ်​ပုံတင်​ အ​ရောင်းအ၀ယ်​စာချုပ်​ ချုပ်​လို့ရပါတယ်​။ အမည်​​ပြောင်းလို့ရပါတယ်​။ ဒါဆိုရင်​ ဘိုးဘွားပိုင်​​ဂရန်​​မြေကို ​မြေး(၂)ဦးအမည်​မ​ပြောင်းဘဲ အ​ရောင်းအ၀ယ်​စာချုပ်​ ချုပ်​တဲ့နည်းလမ်းကို သိရှိသွားပြီလို့ ထင်​ပါတယ်​။ ထားဝယ်​မြို့  က "ဦးမြင့်​​အောင်​ "​ရေ......ရွှင်​လန်းချမ်း​မြေ့ပါ​စေ.. ........
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)