မြဝတီ အမှတ် (၃) ရပ်ကွက် ကျွန်းတောတွင် (၂၀×၄၀)မြေကွက်ဝယ်ထားမိပါသည် ဝယ်တဲအချိန်တွင် ကိုယ့်ရဲ့လူယုံက စာချုပ်စာတမ်းပြုလုပ်ပေးထားပါတယ် ၊ ပြောပြချက်အရ မြေကွက်တွင် မြေဂရန်မရှိပါ ဒီရပ်ကွက်မှာလူတွေက ဒီလိုပဲ နားလည်မှုနဲ့လုပ်ကြတယ်လိုပြောပါတယ ၊် စာချုပ်ပြုလုပ်တဲ့အချိန် ကိုယ်ကနိုင်ငံခြားမှာရှိနေလို့မလာဖြစ်ပါ ဒါပေမယ့် စာချုပ်ပြုလုပ်ရင်ကျွန်တော်ရဲ့ နိုင်ငံသားကဒ်မိတ္တူနဲ့ အိမ်ထောင်စုစာရင်း မိတ္တူပို့ပေးထားပါတယ် စာချုပ်ကတော့ မြဝတီ အမှတ် (၃)ရပ်ကွက် အုပ်ချုပ်ရေးမှုရုံမြဝတီ အမှတ် (၃) ရပ်ကွက် ကျွန်းတောတွင် နေထိုင်သော အဖ ဦးမောင်အေးလှ၏သား ဦးသာထွန်းသည် ရပ်ကွက်အတွင်းတွင် ရိုးသားစွာနေထိုင်ကြောင်း အမှက်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှုရုံမှ ဧည့်စရင်းအဖြင့် နေထိုင်ခွင်ပြုလိုက်သည် စာချုပ်ပါအတိုင်ဆို မြေကွက်ဟာ စိတ်ချရပါမလား ဖြေကြားပေးစေချင်ပါတယ်ခင်ဗျာ
ကျေးဇူးအများကြီးတင်ပါတယ် ။
မေးသူ - ဦးထွန်းအောင်သိန်း ညီလေးဝယ်တဲ့ မြ၀တီမြို့၊ကျွန်းတော အမှတ်(၃)ရပ်ကွက် က ဂရန်ချထားပေးခြင်း မရှိသေးတဲ့ ရပ်ကွက်ဖြစ်ပါလိမ့်မည်။ ဂရန်မချရသေးရင်တော့ ဥယျာဉ်ခြံမြေ လို့ ခေါ်မှာပေါ့။ ဥယျာဉ်ခြံမြေ ဆိုတာ ရွာမြေလိုဘဲ မြေဂရန်မချရသေးပါဘူး။ ဂရန်မချရသေးတော့ မြို့ကွက်လိုတော့ စနစ်မကျသေးဘူးလို့ ဆိုရမှာပေါ့။
မြေဂရန်မချရသေးပေမယ့် ဥယျာဉ်ခြံမြေ ဖြစ်ရင်ဝယ်နေလို့ ရပါတယ်။ ၀ယ်ပြီးရင်တော့ မြေကွက်သက်သက် ပစ်မထားသင့်ပါဘူး။ ခြံခတ်ထားသင့်ပါတယ်။ ဖြစ်နိုင်ရင် အိမ်လေးတစ်လုံးဆောက်ထားပါ။ လူနေရင်တော့ ပိုကောင်းတာပေါ့။ ဒါမှသာ ညီလေး "ထွန်းအောင်သိန်း " ပိုင်တဲ့ မြေနဲ့အိမ်ဆိုတာ လူတိုင်းသိသွားမှာပေါ့။ ဥပဒေအရ ပြောရရင်တော့ မိမိဝယ်တဲ့ ပစ္စည်းဟာ လက်ဝယ်ပိုင်ဆိုင်ထားတယ်လို့ လက်ဆုပ်လက်ကိုင် ပြနိုင်တာပေါ့။
ဒါမှမဟုတ်ရင် အဲဒီမြေနဲ့ သက်ဆိုင်ဘူးတဲ့သူ တစ်ဦးဦးက ဒါဟာ သူပိုင်မြေပါဆိုပြီး အခြားတစ်ဦးဦးကို ညီလေးမသိခင် လိမ်ညာပြောဆိုပြီး ရောင်းသွားတတ်တဲ့ သာဓကတွေ ရှိပါတယ်။ အခုဝယ်လိုက်တဲ့ မြေကို ညီလေးနာမည်နဲ့ ၀ယ်တယ်။ ၀ယ်သူနေရာမှာ အသိလူယုံကကိုယ်စား လက်မှတ်ထိုးပေးတယ် ဆိုတော့ ၊ ၀ယ်တာကတော့ရပါတယ်။ ဒါပေမဲ့ ဒီမြေကွက်ကိုဝယ်တဲ့ အဲ့ငွေတွေဟာ ညီလေးရဲ့ ပိုက်ဆံနဲ့ဝယ်တာကို ရောင်းသူသိဖို့လိုသလို၊ သက်သေတွေလည်း သိဖို့လိုပါတယ်။ ဒါမှ ၀ယ်သူအဖြစ်လက်မှတ်ထိုးသူက ကိုယ်စားဖြစ်လို့ ပိုင်ရှင်မဟုတ်ဘူးဆိုတာ ထင်ရှားပြီးသား ဖြစ်သွားတာပေါ့။
အခု ညီလေးရဲ့စာအရ မြ၀တီ အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးကလည်း ဧည့်စာရင်းလုပ်ပေးထားတယ်ဆိုတော့ ညီလေးဝယ်တယ်ဆိုတာ သိအောင် မြေကွက်အရောင်းအ၀ယ် စာချုပ်မိတ္တူ ကို ရုံးမှာပို့ထားရင် ပိုကောင်းတာပေါ့။
တစ်ဆက်တည်း အကြံပေးချင်တာကတော့ မြေကွက်ဝယ်ရင် အနဲဆုံး (ပေ၂၀×ပေ၆၀)၀ယ်ပါ။ ဒါမှ မြေဂရန်လုပ်ပေးပါတယ်။ (၂၀'×၄၀') ဆိုရင် ဂရန်လုပ်လို့ မရတဲ့အတွက် သူများနဲ့ပေါင်းလုပ် ရပါတယ်။ ပြီးတော့အခု ညီလေးဝယ်ထားတဲ့ မြေဟာ ဘယ်သူအမည်ပေါက်တယ်၊ မြ၀တီမြို့ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဋ္ဌာန မှာ သွားရောက်စုံစမ်းသင့်ပါတယ်။ မြေရှင်ပိုင်တဲ့မြေ ဖြစ်ဖို့ အရေးကြီးပါတယ်။ တကယ်လို့ အစိုးရမြေဖြစ်ခဲ့ရင်တော့ ဖယ်ရှားခြင်းခံရတတ်ပါတယ်။ လို့ ဖြေကြားပေးလိုက်ပါတယ်။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။