3470 ကြိမ် ကြည့်ရှု့ပြီး

ဆရာခင်ဗျာ...... မြေရှင်ကိုအိမ်လခဆိုပြီးဘာကြောင့်ပေးရတာလဲခင်ဗျာနောက်ပြီးအဲဒီအိမ်လခကိုတိုးတိုးပြီးတောင်းလို့ရပါသလားခင်ဗျာ ။ ကျွန်တောတို့ဝယ်ထားတဲ့အခန်းကိုကော မြေရှင်ပိုင်တာပဲလားခင်ဗျာ ဘာလို့လဲဆိုတော့အိမ်ရှေ့ဆန်းရှိတ်လေးတပ်တာကိုသူ့ခွင့် ပြုချက်ယူရမယ်သူ့ကိုပိုက်ဆံပေးရမယ်လို့ပြောတယ် ၊ကျွန်တော်တို့တိုက်ခန်းမှာသူတခန်းမှမပိုင်ပါဘူးဆရာ သူပိုင်တယ်ဆိုတဲ့ ပုံစံပြောတယ်ဆရာ၊ မြေညီထပ်မှာဆိုင်းဘုတ်တင်လဲသူကိုဆိုင်းဘုတ်အတွက်လခပေးရမယ်တဲ့ အခန်းရောင်းရင်လဲသူတောင်းသလောက်ပေးရမယ့်လက်မှတ်ထိုးခတဲ့ အခန်းကဝယ်ထားတာပါဆရာငှါးနေတာမဟုတ်ပါဘူးဆရာ ၊ အရင်ကမသိလို့ဝယ်လိုက်မိတာ အဲလိုမျိုးသူလုပ်လို့ရလား တရားဝင်သူလုပ်ပိုင်ခွင့်လားဆရာ ၊ ကျွန်တော်တို့ကောဘယ်လိုလုပ်လို့ရလဲဆရာ စိတ်တော်တော်ညစ်ရတယ်ဆရာ။ ကျေးဇူးတင်ပါတယ်ဆရာ

မေးသူ - ကိုသိန်းဇော်
မြေရှင်​ကို အိမ်​လခ​ပေးရတာက​တော့ သူ့ရဲ့​မြေကွက်​ထဲမှာ အိမ်​​ဆောက်​/တိုက်​​ဆောက်​ထားလို့ပါ။ အိမ်​လခကို​တော့ တိုးတိုးပြီး ​တောင်းချင်​တိုင်း​တောင်းလို့မရပါဘူး။ တိုး​တောင်းခဲ့ရင်​ တိုက်​ခန်းပိုင်​ရှင်​​တွေ အားလုံးသ​ဘောတူမှ ​တောင်းလို့ရပါတယ်​။ ​မြေရှင်​ကဘဲဖြစ်​ဖြစ်​၊ တိုက်​ခန်းဝယ်​​နေသူ​တွေကဘဲ ဖြစ်​ဖြစ်​၊ အိမ်​လခ​တွေ တိုး​ကောက်​တာနဲ့ ပက်​သက်​လို့မ​ကျေနပ်​ရင်​ သက်​ဆိုင်​ရာမြို့နယ်​ အ​ထွေ​ထွေအုပ်​ချုပ်​​ရေးမှူး ဦးစီးဋ္ဌာန၊ မြို့နယ်​အုပ်​ချုပ်​​ရေးမှူးထံမှာ တိုင်​ကြားရပါမယ်​။ မြို့နယ်​အုပ်​ချုပ်​​ရေးမှူးဆိုတာ အိမ်​ရှင်​/အိမ်​ငှါး ပြသာနာ​​တွေ ​ဖြေရှင်း​ပေးရတဲ့ "ငှါးရမ်းခ ကြီးကြပ်​​ရေးဝန်​"ဖြစ်​ပါတယ်​။
နောက်​တစ်​ခုက ​​မြေရှင်​ဆိုတာ အခန်း​တွေကို ​ဆောက်​ထားတဲ့ ​မြေကိုပိုင်​ဆိုင်​သူ ဖြစ်​ပါတယ်​။ ဒါ​ကြောင့်​ ​မြေကို ပိုင်​ဆိုင်​ပါတယ်​။ အခန်း​တွေက​တော့ အ​ပျောက်​၀ယ်​ထားတဲ့ သူ​တွေပိုင်​ပါတယ်​။ သူနဲ့မဆိုင်​ပါဘူး။ အိမ်​​ရှေ့မှာ ဆန်းရှိတ်​ တပ်​တာတို့၊ ​မြေညီထပ်​မှာ ဆိုင်းဘုတ်​တင်​တာတို့က စည်​ပင်​ရဲ့ ခွင့်​ပြုချက်​ယူပြီး ​ဆောက်​ရတာပါ။ စည်​ပင်​က​တော့ ​ခြေရင်း၊​ခေါင်းရင်းကို အ​နှောင့်​အယှက်​ မပြုဘူးဆိုရင်​ ဆိုင်းဘုတ်​တင်​ခွင့်​၊ ဆန်းရှိတ်​ထုတ်​ခွင့်​ ပြုပါတယ်​။ ​မြေရှင်​နဲ့​တော့ တိုက်​ရိုက်​သက်​ဆိုင်​မှု မရှိပါဘူး။ အဲဒီကိစ္စ​တွေအတွက်​ ​မြေရှင်​ကို ပိုက်​ဆံ​ပေးရတာမျိုး​တော့ မရှိပါဘူး။ ​မြေရှင်​နဲ့ အခန်းရှင်​ နှစ်​ဖက်​ ညှိလို့မရရင်​​တော့ မြို့နယ်​အ​ထွေ​ထွေအုပ်​ချုပ်​​ရေးမှူးထံမှာ တင်​ပြတာ​ကောင်းပါတယ်​။ အဲဒါဆိုရင်​​တော့ သူ့ဘက်​ကိုယ့်​ဘက်​ အဆင်​​ပြေမယ့်​ နည်းလမ်း​ကောင်း ရနိုင်​ပါတယ်​လို့ ​ဖြေကြား​ပေးလိုက်​ပါတယ်​ ညီ​လေး​ရေ။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)