1932 ကြိမ် ကြည့်ရှု့ပြီး

ဘဏ်ချေးငွေကို ဂရန်နှင့်ချေးရာ ရာဖြတ်တွင် ကြိုးပေးရာတွင် ခိုင်မာစေရန်နှင့် အပ်သူကော ရင်းနှီးမြုပ်နှံသူပါ စိတ်ချကျေနပ်မှုရှိစေရန် မည်သို့ လုပ်ဆောင်ရမည်ကို ဖြေကြားစေလိုပါသည် ခင်ဗျာ ။

မေးသူ - မျိုးသန့်ဇင်
ဘဏ်​​ငွေ​ချေးသူဘက်​က​တော့ ​မြေပိုင်​ဆိုင်​မှု ဂရန်​​ပေးရတယ်​။ ဘဏ်​ကသတ်​မှတ်​ထားတဲ့ စည်းကမ်းချက်​​တွေကို လိုက်​နာပါမယ်​ဆိုပြီး အာမခံလက်​မှတ်​ ​ရေးထိုး​ပေးရတယ်​။ တကယ်​လို့ ​ပေါင်​ထားတဲ့ဂရန်​ကို ပြန်​မ​ရွေးနိုင်​ရင်​ ဂရန်​ပိုင်​ရှင်​ကိုယ်​စား ဘဏ်​က​ဆောင်​ရွက်​နိုင်​​အောင်​ ဂရန်​ပိုင်​ရှင်​က မှတ်​ပုံတင်​ပြီး အထူးကိုယ်​စားလှယ်​လွှဲစာ လွှဲ​ပေးရပါတယ်​။
ဘဏ်​​ငွေ​ချေးတဲ့အခါ သတ်​မှတ်​တဲ့ အတိုးအရင်း ​ပေါင်းပြန်​ဆပ်​နိုင်​ရင်​ အချိန်​တန်​ ကိုယ့်​​မြေကိုယ်​ပြန်​ရတာပါဘဲ။ အဲဒီလိုမဆပ်​နိုင်​ရင်​သာ တရားစွဲပြီး မိမိပိုင်​​မြေနှင့်​အိမ်​ကို ​လေလံတင်​​ရောင်းချခံရပါတယ်​။ ဘဏ်​ကရသင့်​ရထိုက်​တာ​တွေ အားလုံးပြန်​ရပြီး ပိုလျှံတာရှိရင်​​တော့ ဘဏ်​​ချေးသူကို ပြန်​​ပေးပါတယ်​။ ဒါက ဘဏ်​အ​နေနဲ့ သူ့ဘက်​က ခိုင်​မာ​အောင်​ လုပ်​ထားတာ ​ပြောပြတာပါ။ ဒီ​တော့ အပ်​နှံသူ​ရော ရင်းနှီးမြုပ်​နှံသူ(ဘဏ်​)​ရော စိတ်​​ကျေနပ်​မှု ရှိ​အောင်​က​တော့ သူနဲ့ကိုယ်​နဲ့ ခံဝန်​ချုပ်​ကတိပြုချက်​​တွေအတိုင်း နှစ်​ဘက်​လုပ်​ကြရင်​ အဆင်​​ပြေသွားတာပါဘဲ။ အခု​ဖော်​ပြခဲ့တဲ့ အချက်​​တွေအတိုင်း ကိုယ့်​ဘက်​က အတိုး​ပေးနိုင်​ဖို့နဲ့ အရင်းပြန်​ဆပ်​နိုင်​ဖို့ အ​ရေးအကြီးဆုံး ပါဘဲခင်​ဗျာ။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)