3633 ကြိမ် ကြည့်ရှု့ပြီး

ပုံစံ၇ ကို ခိုးယူပါသည်ဟုစွပ်ဆွဲ၍ တရားရုံး၌ရင်ဆိုင်နေရပါသည် ။ ပုံစံ၇ ကခိုး၍ရပါသလား စာရွက်စိမ်းပေါ်တွင် ပြင်ယုံမျဖြင်ရနိုင်ပါသလား သိပါရစေ ။

မေးသူ - ကိုသိန်းမင်း
ပုံစံ(၇)လို့​ခေါ်တဲ့"လယ်​ယာ​မြေလုပ်​ပိုင်​ခွင့်​ လက်​မှတ်​ "ကို ပိုင်​ရှင်​က မ​ပေးဘဲ၊ မရိုးမ​ဖြောင့်​​သောသ​ဘောနဲ့ တိတ်​တဆိတ်​ ယူလိုက်​မယ်​ဆိုရင်​"ခိုးမှု"ဖြစ်​ပါတယ်​။ စာရွက်​စိမ်းတာ၊စာရွက်​ဖြူတာနဲ့ မဆိုင်​ပါဘူး။ နိုင်​ငံ​တော်​အစိုးရက တရားဝင်​သတ်​မှတ်​​ပေးတဲ့ တန်​ဖိုးနဲ့သာ သက်​ဆိုင်​ပါတယ်​။
အဲဒီလိုတရားဝင်​သတ်​မှတ်​​ပေးထားတဲ့ ပစ္စည်းဖြစ်​တဲ့ပုံစံ(၇)စာရွက်​ကို ခိုးယူပြီး အခြားသူတစ်​ဦးကို တန်​ဖိုးတစ်​ခုသတ်​မှတ်​ပြီး ပြန်​​ရောင်းစားရင်​ မူလပိုင်​ရှင်​မှာ ကြီးမား​သောနစ်​နာဆုံးရှုံးမှု ဖြစ်​သွားမှာပါ။ ညီ​လေးကို ခိုးယူပါတယ်​လို့ မူလပိုင်​ရှင်​က စွပ်​စွဲပြီးတရားစွဲခဲ့ရင်​ ခိုးယူတာမဟုတ်​ပါဘူး၊ ဥပမာ။ ​ကောက်​ရလို့ယူထားတာပါ။ ပိုင်​ရှင်​​ပေါ်လာရင်​ ပြန်​​ပေးဖို့ဆုံးဖြတ်​ထားပါတယ်၊ ဆိုပြီး တရားမစွဲခင်​ကတည်းက သတင်းစာမှာ​ကြော်​ငြာ၍ဖြစ်​​စေ၊ သက်​ဆိုင်​ရာ ရပ်​ကွက်​အုပ်​ချုပ်​​ရေးမှူးထံမှာဖြစ်​​စေ၊ ကြိုတင်​အ​ကြောင်းကြားထားမယ်​ဆိုရင်​ ခိုးမှု မ​မြောက်​ပါဘူး။ ရိုး​ဖြောင့်​တဲ့သ​ဘောဖြစ်​လို့ ခိုးယူခြင်းမ​မြောက်​ပါဘူးလို့ ရှင်းပြ​ပေးလိုက်​ပါတယ်​။ အခုညီ​လေး​ပြောပုံအရ ပုံစံ(၇)စာရွက်​ထဲမှာပါတဲ့ အ​ရေးအကြီးဆုံး အမည်​​ပေါက်​နာမည်​ကို မိမိအမည်​​ပေါက်​ နာမည်​အဖြစ်​"ဖျက်​ပြီး"ပြင်​တာမျိုးဖြစ်​ရင်​​တော့ မရိုးမ​ဖြောင့်​တဲ့သ​ဘောဖြစ်​လို့ ရာဇ၀တ်​မှုဖြစ်​ပါတယ်​။ ဒီအမှုနဲ့တရားရုံးမှာ ရင်​ဆိုင်​​နေရတယ်​ဆိုရင်​​တော့ ဥပ​ဒေကျွမ်းကျင်တဲ့"​ရှေ့​နေ"ငှါးပြီး ​ဖြေရှင်း​ဆောင်​ရွက်​တာ အ​ကောင်းဆုံးပါဘဲလို့ အ​ကြံ​ပေးလိုက်​ပါတယ်​။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)