4552 ကြိမ် ကြည့်ရှု့ပြီး

၅ထပ်​တိုက်​အ​ဆောက်​အအုံ HDB တခန်းပိုင်​ရှင်​တစ်​​ယောက်​သည်​ အ​ကြောင်းတစ်​ခုခု​ကြောင့်​ ဖြစ်​ဖြစ်​ အို​ဟောင်းလို့ဖြစ်​ဖြစ်​ ​နေထိုင်​ခွင့်​မရ​တော့လျှင်​ ​မြေသည်​ မူလ​မြေပိုင်​ရှင်​ပဲ ဆက်​လက်​ ပိုင်​ဆိုင်​တာလား ဒါမှမဟုတ်​ အခန်းရှင်​အားလုံးနဲ့ သက်​ဆိုင်​ပါသလား ခင်​ဗျာ။ ​ကျေးဇူးတင်​ပါတယ်​ ။

မေးသူ - ကိုကျော်သက်ခိုင်
၅ ထပ်​ တိုက်​ကြီးဟာ ရန်​သူမျိုး ငါးပါး ​ကြောင့်​ဖြစ်​​စေ၊ ငလျင်​​ကြောင့်​ ဖြစ်​​စေ၊ အိုမင်းယိုယွင်း ပျက်​စီး ပြိုကျ သွားပြီး ​မြေပြင်​ အတိုင်းဖြစ်​သွားခဲ့လျှင်​ ​နေထိုင်​စရာ အ​ဆောက်​အဦးလည်း မရှိ​တော့လို့ မူလ​မြေရှင်​ပဲ အားလုံးပြန်​ပိုင်​သွားပါတယ်​။ ဘာ​ကြောင့်​လဲဆိုရင်​ သူ​မြေကွက်​သူ ပြန်​ရတဲ့သ​ဘောပါဘဲ။
ဒါ​ပေမဲ့ ဒီက​နေ့အထိ​တော့ တိုက်​ခန်းဝယ်​ယူပိုင်​ဆိုင်​ထားသူအားလုံး လက်​လွတ်​ဆုံးရှုံးသွားတယ်​ လို့ မကြားမိ​သေးပါဘူး။ ဘာ​ကြောင့်​လဲဆို​တော့ ​တိုက်​ခန်း ၀ယ်​ယူထားတဲ့ စာချုပ်​စာတမ်း ​တွေရှိမယ်​၊ အိမ်​​ထောင်​စု လူဦး​ရေ စာရင်း​တွေ ရှိမယ်​ဆိုရင်​​တော့ အဲဒီစာရွက်​စာတမ်း ​တွေဟာ အခန်းပိုင်​ရှင်​ ဖြစ်​​ကြောင်း အ​ထောက်​အထား​တွေပါ။ အဲဒီ အ​ထောက်​အထား​တွေအရ ပျက်​စီး သွားတဲ့ အ​ဆောက်​အဦးကို အဲဒီ​မြေကွက်​ထဲမှာ ပြန်​​ဆောက်​ခဲ့ရင်​ မူလ ဆုံးရှုံးသွားတဲ့ အခန်းကို ပြန်​လည်​ရပိုင်​ခွင့်​ ရှိပါတယ်​။ တစ်​ခု​တော့ရှိတာ​ပေါ့၊ ပြန်​လည်​​ဆောက်​လုပ်​တဲ့ တိုက်​ခန်းရဲ့ တန်​ဖိုးကို​တော့ အချိုးကျ ထည့်​ဝင်​​ပေးရပါတယ်​။ ဒါဆိုရင်​​တော့ မိမိဆုံးရှုံးသွားတဲ့ အခန်းကို ပြန်​လည်​ရပိုင်​ခွင့်​ ရှိတယ်​လို့ ​ဖြေကြား​ပေးလိုက်​ပါတယ်​။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)