1337 ကြိမ် ကြည့်ရှု့ပြီး

ကျနော်အစိုးရလေလံနှင့်ပတ်သက်၍ မေးခွင့်ပြုပါခင်ဗျာ။ ကျနော်တို့ အိမ်နှင့်တိုက်ပါသော အစိုးရလေလံ (အမွေဆိုင် နေပြည်တော်ထိ ရှုံးပြီးဟုသိရပါသည်) ကို ဆွဲခဲ့ပါသည်။ လေလံသည် အမွေဆိုင်အိမ်ရှေ့တွင် ပြုလုပ်၍ မြို့နယ်ရုံးမှလေလံအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးပါ ပါပါသည်။ လေလံအောင်ပြီး၍ ငွေအပြီးပေးချေပြီးသည်မှာ သုံး လေးလခန့်ကြာပါပြီ။ ခရိုင်တရားရုံးမှ ပိုင်ဆိုင်ခွင့်လျှောက်ထားခွင့်မပြုသေးပါ။ အမှုရှုံးမှ သီးခြားခေါင်းစဉ်ဖြင့် အမှုထပ်တင်ထားသောကြောင့်ဟု သိရပါသည်။ လျှောက်တင်ခွင့် အချိန်မည်မျှစောင့်ရနိုင်ပါသလဲဟု တရားသူကြီးအားမေးရာ လေလံမဆွဲခင် ဘာမှမလေ့လာဘူးလားဟု ပြောသောကြောင့် သေချာသိမလာရပါ။ လေလံမဆွဲခင် မေးမြန်းမှုများအရ ငွေအကြေပေးချေပြီးသည်နှင့် တစ်လအကြာတွင်တင်၍ရသည်ဟုသာ သိခဲ့ပါသည်။ ထို့ကြောင့် တရားရုံးမှ ပိုင်ဆိုင်ခွင့်ကို အချိန်မည်မျှဆွဲထားခွင့်ရှိကြောင်းနှင့် သတ်မှတ်ချိန်ထက်ပို၍အချိန်ဆွဲနေပါက မည်သို့ပြုလုပ်သင့်ကြောင်း အကြံပေးစေလိုပါသည်။ကျေးဇူးတင်စွာဖြင့်............

မေးသူ - ကိုမင်းသူ
“ ကိုမင်းသူ ” ရေ မင်္ဂလာပါ ။
ညီလေးတို့က တရားရုံးကရောင်းတဲ့ အမွေဆိုင်အိမ်လေလံ ကို ဝယ်ယူတာပေါ့နော် ။လေလံဆွဲတဲ့ အခါ အပြိုင်အဆိုင်ဆွဲကြတာ အများဆုံးပေးနိုင်ခဲ့လို့ လေလံအောင် ခဲ့တယ် အခု ငွေသွင်းပြီးတာတောင် သုံးလေးလရှိပြီပဲ ငွေ အကြေပေးချေ ပြီးတာနဲ့ တစ်လအကြာမှာရတယ်ဆိုတာလည်း မှန်ပါတယ်။ အခု လေလံတင်တဲ့ ခရိုင်တရားရုံးမှာ ပိုင်ဆိုင်မှုစာရွတ်စာတမ်း တွေ ထုတ်လို့မရသေးတာကတော့ အမှုမပြီးသေးလို့ဖြစ်မှာပေါ့ ။အခု ကိုမင်းသူတို့ ဝယ်လိုက်တဲ့ အမွေဆိုင်မြေနှင့်အိမ်ကို လက်လွှတ်လိုက်ရသူက ချက်ခြင်းမပေးချင်တော့ ၊ ဥပမာ- လေလံတင်လိုက်တဲ့ အမွေဆိုင်အိမ်ထဲမှာ သူပစ္စည်းတွေပါသွားပါတယ် ၊ အဲဒီပစ္စည်းတွေထုတ်ပေးစေလိုမှု / ပြန်ရလိုမှု စသည်ဖြင့် အကြောင်းပြကာ သီးခြားခေါင်းစဉ်တပ်ကာ ထပ်မံ တရားစွဲ တာမျိုးဖြစ်ပါတယ် ။ “ ကိုမင်းသူ ” တို့ဝယ်ထားတဲ့ မြေနဲ့အိမ်ပိုင်ဆိုင်မှုကိုတော့ မထိခိုက်ပါဘူး ။ ဘာကြောင့်လဲဆိုတော့ အမြင့်ဆုံး ရုံးရဲ့ အဆုံးအဖြတ်ဟာ အပြီးအပြတ်ဖြစ်တဲ့အတွက် မြေနဲ့အိမ်ကို နောက်ထပ်ပြန်တောင်းလို့မရပါဘူး ။ဒီတော့ တရားရုံးပိုင်ဆိုင်မှု လွှဲပြောင်းပေးဖို့ အချိန်ဆွဲထားတာတော့ မဟုတ်ပါဘူး ။ ဒီလိုအမွေမှုလို့ခေါ်တဲ့ တရားမမှု ဆိုတာတွေက အမှုရုံးချိန်တွေက (၁၄) ရက် တစ်ကြိမ်ချိန်တာဖြစ်တဲ့အတွက် အမိန့် တစ်ခု ချမှတ်ပေးဖို့ ။အနည်းဆုံး (၃)လမှ (၅)လ အထိ ကြာတက်ပါတယ် ။ အဲဒီ တရားရုံးက သီးခြားခေါင်းစဉ်နဲ့ တင်ပြတဲ့အချက်တွေ မခိုင်လုံရင် အမှုကို ပလပ်ပါလိမ့်မယ် ။အဲင်္ဒိ အမိန့်လေလံတင်တဲ့ တရားရုံးပြန်ရောက်ရင် အမှုပြီးသွားပြီ ဖြစ်လို့ ကိုမင်းသူတို့ကို လေလံအောင်တဲ့ အမွေအိမ်ရဲ့ ပိုင်ဆိုင်မှုတွေ အားလုံး တရားရုံးက လာရောက်ပေးအပ်ပါလိမ့်မယ် လို့ ဖြေကြားပေးလိုက်ပါတယ် ။ ။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)