1677 ကြိမ် ကြည့်ရှု့ပြီး

ကျွန်မတို့ရပ်ကွက်ထဲမှာ ခြံအလွတ်တစ်ခုရှိပါတယ်။ ရပ်ကွက်စကားအရသိထားရသလောက်က အဲဒီခြံပိုင်ရှင်အန်တီကြီးက ဆုံးသွားပြီး ခြံဂရံ(သို့)ပါမစ်က နိုင်ငံခြားရောက်နေတဲ့ သူ့သားလက်ထဲမှာပါ။ အဖေလုပ်တဲ့လူက နောက်မိန်းမယူထားပြီးတော့ သူတို့က အဲဒီခြံကိုရောင်းချင်တယ်။ သားလုပ်တဲ့သူက သူ့အမေခြံကိုမရောင်းချင်တော့ စာရွက်စာတမ်းတွေ အဖေကိုမပေးဘူး။ အဲဒါက ရပ်ကွက်ထဲမှာ သိထားသလောက်ပါ။ နောက်ကျတော့ အဲဒီခြံကိုရောင်းမယ်လို့ အိမ်ခြံမြေပွဲစားတွေက ပါမစ်မြေဆိုပြီး ကြေငြာနေတာတွေ့ရတယ်။ ၀ယ်သင့်မ၀ယ်သင့်သုံးသပ်ပေးပါရှင်။ ကျေးဇူးတင်ပါတယ်။

မေးသူ - မဝင့္ဝါ
ပါမစ်မြေပဲဖြစ်ဖြစ် ဂရန်မြေပဲဖြစ်ဖြစ် တရားဝင်ရောင်းချပိုင်ခွင့်ရှိတဲ့ ‘ အဖေ ‘ကိုယ်တိုင်ရောင်းမယ်ဆိုရင် ဝယ်လို့ရပါတယ်။ အဲ…တစ်ခုတော့ရှိတယ် ။သားထံမှာရှိတဲ့ စာရွတ်စာတမ်းမူရင်ပြနိုင်မှ ဝယ်သင့်တာပေါ့ ။ပါမစ်ဆိုရင် အတုလား အစစ်လားဆိုတာ မြို့တော်စည်ပင် မြေယာဌာနမှာ ဖြစ်စေ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှာဖြစ်စေ တရားဝင်စစ်ဆေးပြီးမှ ဝယ်သင့်ပါတယ်။
ခြံပိုင်ရှင်အမည်ပေါက်သူက ‘ အန်တီကြီး ‘ မြေဖြစ်ရင်လည်း ဇနီးသေရင် ခင်ပွန်းက အမွေဆက်ခံပိုင်ဆိုင်တယ်လေ (မွတ်ဆလင်နဲ့ ခရစ္စယာန်ဘာသာဝင်ဖြစ်နေရင်တော့ ‘ သေတမ်းစာ ‘ ရေးခဲ့သလား ၊ မေးမြန်းဖို့လိုတယ် မှတ်ပုံတင်ပြီးတဲ့ သေတမ်းစာ ရှိခဲ့ရင် သေတမ်းစာအရ ပေးတဲ့သူသာ ရမှာဖြစ်တယ်။ ဥပမာ ။ ။ သေတမ်းစာမှာ သူမသေပြီးနောက် ခြံနဲ့မြေ အား သားဖြစ်သူကိုပေးအပ်ခဲ့တယ် လို့ ပါခဲ့ရင် အန်တီကြီးရဲ့ခင်ပွန်က အဲဒီမြေနဲ့အိမ်ကို ပိုင်ခွင့်မရှိတော့ဘူးလေ ။ဒါပေမဲ့ ဇနီးမောင်နံ နှစ်ဦးစလုံး ဗုဒ္ဓဘာသာဝင်တွေဖြစ်ခဲ့ရင် အမည်ပေါက်မြေနဲ့ အိမ်ကို ခင်ပွန်ဖြစ်သူက မြန်မာဓလေ့ထုံးထမ်းဥပဒေနဲ့ အမွေဆက်ခံခြင်းအက်ဥပဒေတို့အရ အမွေဆက်ခံပိုင်ဆိုင်ပြီး ။ပြန်လည်ရောင်းချပိုင်ခွင့်ရှိပါတယ်။ ဒီတော့ ‘ မဝင့်ဝါ ‘ အနေနဲ့ ရက်ကွက်ထဲက တစ်ဆင့်ကြားစကားကိုမယုံပါနဲ့ ။အဲဒီ မြေနဲ့ခြံကို တကယ်ကြိုက်နေသလား ၊ တကယ်ဝယ်ချင်နေသလား ။အဲဒီ့ပွဲးစားတွေကို ပိုင်ရှင်ထံလိုက်ပို့ခိုင်ပြီးတောင်ကြည့်လိုက်ပေါ့ ။ ပါမစ်လား၊ ဂရန်လား ၊ သားလက်ထဲမှား တကယ်ပဲရှိနေသေးလား ၊ ဗုဒ္ဓဘာသာဝင်တွေလား မေးကြည့်လိုက်ရင် ရှင်းသွားပါလိမ့်မယ်။ တကယ်လို့ ‘ မဝင့်ဝါ ‘ ပြောသလို ဂရန်မြေ ဖြစ်နေရင်တော့ အရပ်ကတိစာချုပ်နဲ့ ဝယ်လို့မရပြန်ဘူး ။အမွေဆက်ခံပိုင်ဆိုင်သူခင်ပွန်းက အရောင်းအဝယ်စာချုပ်ချုပ်ဆိုရန်နဲ့ အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ဆိုရန်အတွက် ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန မှာ မြေပုံ (၂)မျိုး ကူးယူရပါမယ်။ အဲ့ဒီ မြေပုံ(၂)မျိုးရရင် အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်နဲ့ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ဆိုရပါတယ် ။ခင်ပွန်းကရောင်းသူအဖြစ် စာချုပ်ပေါ်မှာ လက်မှတ်ရေးထိုး ပေးမှတရားဝင်ပြီး ဝယ်ယူခြင်းဖြစ်ပါတယ် လို့ ဖြေကြားပေးလိုက်ပါတယ်။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)