1421 ကြိမ် ကြည့်ရှု့ပြီး

ကျွန်တော်သည် ပြင်ဦးလွင်မြို့၊ ညောင်နီကျေးရွာ၊ ရပ်ကွက်ကြီး(၁၄)တွင် မြေ ကွက်တစ်ကွက်ကို (၈လပိုင်း၊ ၂၀၁၀) ခုနှစ်က ၀ယ်ယူခဲ့ပါသည်။ အထောက် အထားအနေဖြင့် ကျွန်တော့်နာမည် ပြောင်းလဲ သီးစားချပေး သော သီးစား စာရွက်၊ ပိုင်ရှင်နှင့် အရပ် အရောင်းအ၀ယ် စာချုပ်တို့ ရရှိခဲ့ပါသည်။ ယင်းတို့အနက်မှ ကျွန်တော့် နာမည်ပြောင်းလဲ သီးစားချပေးသော သီးစား စာရွက်အား ကျွန်တော့်မိန်းမ၏ ညီမမှ ခိုးယူ သွားခဲ့ပြီး၊ အခြား တစ်ဦးထံ တွင် ပေါင်ရောင်း သဘောဖြင့် (၂၀၁၆၊ ၁၁ လပိုင်းတွင်) ပေါင်နှံကာ ထွက်ြေ ပးသွားခဲ့ပါသည်။ ထိုသို့ ပေါင်နှံရာတွင် ကျွန်တော့်မိန်းမ၏ ညီမမှ (ကျွန်ေ တ်ာမှ သူမအား ရောင်းချထားကြောင်း အရပ်အရောင်းအ၀ယ် စာချုပ် အတု တစ်ခု၊ ကျွန်တော့်နာမည်ပြောင်းလဲ သီးစားချပေးသော သီးစားစာရွက်၊ သူ မ နှင့် အပေါင်ခံသူတို၏ ပေါင်ရောင်း စာချုပ်) တို့ ပြုလုပ်ပေးခဲ့ပါသည်။ ကျွန်တော်သည် (၂၀၁၅၊ ၄လပိုင်း) မှ စပြီး ယင်းမြေကွက်ပေါ်တွင် ခြံစောင့် ထားကာ ထောပတ်ပင်များ စိုက်ပျိုးထားခဲ့ပါသည်။ ကျွန်တော်သည် (၂၀၁၇၊ ၅ လပိုင်းတွင်) ပြင်ဦးလွင်ခရိုင် မြေရုံးသို့ မြေငှားဂရန် လျှောက်ထားခဲ့ပါ သည်။ ခရိုင်ရုံးမှ မြို့နယ် မြေရုံးသို့ မြေရာဇဝင်စစ်ဆေးရန် စာပို့ခဲ့ပါသည်။ မြို့နယ်မြေရုံးမှ မြေရာဇ၀င် စစ် ဆေးရာတွင် အပေါင်ခံထားသူမှ မြို့နယ်ြေ မရုံးသို့ ကန့်ကွက်စာ တင်ခဲ့ပါသည်။ မြို့နယ်မြေရုံးမှ မြေရာဇ၀င်စစ်ဆေးခြင်းများ ဆိုင်းငံထားခဲ့ပါသည်။ ကျွန်ေ တ်ာမှ ယင်းကန့်ကွက်လွှာအား ရုတ်သိမ်းအောင် မည်သို့ ဆောင်ရွက်ပြီး၊ ဂ ရန် ရရှိအောင် မည်သို့ ဆက်လက်ဆောင်ရွက်ရမည်ကို သိလိုပါတယ် ဆရာ။ အရေးကြီးလို့ ကျေး ဇူးပြုပြီး ဖြေကြားပေးပါဆရာ။

မေးသူ - ကိုဖုန်းနိုင်
ကန့်ကွက်လွှာ ရုတ်သိမ်းဖို့အတွက် ပြင်ဦးလွင်မြို့နယ် မြေစာရင်းရုံး(မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦး စီးဌာန) ဦးစီးမှူးထံမှာ စာတင် ရမှာပေါ့။ ပိုင်ရှင်အစစ်အမှန် မည်သူဖြစ်သည်ကို အဆုံးအဖြတ်ပြုနိုင်ရန် မူလ ပိုင်ရှင် (သီးစား ချပေးထားသူ) နှင့် ကန့်ကွက်သူတို့ နှစ်ဘက်ခေါ်ယူ ညှိနှိုင်းေ ပးပါရန်ဆိုပြီး တင်ပြလျှောက်ထားရမှာပေါ့။
တစ်ဖက်က ကန့်ကွက်သူ လာခဲ့ရင် သူမရဲ့ လက်ထဲမှာ ရှိတဲ့ မြေကွက် အေ ရာင်းအဝယ် စာချုပ်ပါ ရောင်းသူရဲ့ လက်ဗွေနဲ့ လက်မှတ်တွေဟာ ညီလေးရဲ့ လက်မှတ်မဟုတ်တဲ့အကြောင်း လက်ရေး လက်မှတ် ထိုးပြလက်ဗွေနှိပ် ရှင်ြး ပနိုင်တယ်။ ဒါ ဆို အမှန်နဲ့အမှား မြေစာရင်း ဦးစီးအရာရှိက သိနိုင်တယ်။ လက်ရှိ ပိုင်ဆိုင်မှု စာရွက်စာတမ်းတွေ ကိုင်ထားသူက မလာဘူး ဆိုရင်တော့ သတင်းစာကနေ စာရွက်စာတမ်းများ ပျောက်ဆုံးသွားကြောင်း ကြေငြာသင့် တယ်။ "မ......နှင့်" သက်ဆိုင်သူများ သိစေရန် ကျွန်ုပ် အမည်ပေါက် ပြင်ဦးလွင်မြို့ နယ်၊ ညောင်နီကျေးရွာ၊ ရပ်ကွက်ကြီး(၁၄)၊ မြေကွက်အမှတ်()၊ သီးစားချ ထားပေးထားသော စာရွက်နှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများအား တစ် အိမ်တည်း အတူနေဖြစ်သူ "မ....." မှ အိမ်မှ ကျွန်ုပ်တို့မရှိခိုက် တိတ်တဆိတ် ယူသွားခဲ့ပါသည်။ ယခုအခါ အဆိုပါ စာရွက်စာတမ်းများ အား အခြားသူတစ် ဦးထံတွင် ပေါင်နှံထားသည်ဟု သိရပါသည်။ "မ....."အနေဖြင့် အထက်ပါ ကျွန်တော်ပိုင် စာရွက်စာတမ်းများ ယနေ့မှစ၍ (၇) ရက်အတွင်း လာရောက်ပေးအပ်ရန် တောင်းဆိုလိုက်ပါသည်။ အကယ်၍ သတ်မှတ်ရက်အတွင်း လာရောက် အပ်နှံခြင်းမပြုပါက မ...နှင့်တကွ အဆိုပါ စာ ရွက်စာတမ်းများအား လက်ခံသိမ်းဆည်းထားသူတို့အား ရာဇဝတ်မှုနှင့်ြ ဖစ်စေ၊ တရားမမှုဖြင့်ဖြစ်စေ တရားစွဲဆိုတော့ မည်ဖြစ်ကြောင်း မ....နှင့် စာ ရွက်စာတမ်းများ လက်ခံထားသူတို့ သိစေရန် ကြေငြာအပ်ပါသည် ဆိုပြီး သ တင်းစာမှာ ကြော်ငြာလိုက်ပေါ့။ ဒီလိုကြေငြာတဲ့အခါ ညီလေး ကိုယ်တိုင် လည်း ကြေငြာလို့ရပါတယ်။ အဲ့ဒါမှ သတ်မှတ်ရက်အတွင်း ရောက်မလာရင်တော့ မ....ကို အရေးယူပေး ဖို့ ပြင်ဦးလွင်မြို့နယ် ရဲစခန်းမှာ အမှုဖွင့်ပေ တော့၊ အမှုဖွင့်ပြီးတာနဲ့ အပေါင် ခံတွေလည်း ခိုးရာပါ ပစ္စည်းလက်ခံသူတွေ ဖြစ်ကုန်မှာပေါ့။ အဲ့ဒါမှ ရဲစခန်း မှာ နှစ်ဘက်စုံပြီး ရှင်းကြပေတော့။ စခန်းမှာလည်း နှစ်ဘက်ပြေလည်နိုင်ဖို့ တရားစွဲတင်တဲ့အထိ မရောက်ဖို့ ကျေအေးကြဖို့နဲ့ စာရွက်စာတမ်း တွေ ပြန် အပ်ဖို့ ညှိနှိုင်းဆောင်ရွက်သင့်ပါတယ်။ ပြေလည်သွားရင်တော့ ကန့်ကွက်သူကို ကန့်ကွက်ချက် ရုတ်သိမ်းကြောင်းြေ မစာရင်းရုံးမှာ စာတင်ခိုင်းပေါ့။ ဒီလို ပြေလည် သွားရင်တော့ အကောင်းဆုံး ပါ။ ဒီလိုမှ မဟုတ်ဘဲ တရားစွဲတင်ရတဲ့အဆင့် ရောက်သွားရင်တော့ မ.... အနေနဲ့ ခိုးမှုရော လက်ရေးလက်မှတ်အတုပြုလုပ်မှု၊ အပြစ်တွေ ပိုကြီးလာနို င်ပါတယ်။ ပြီးတော့ ခိုးရာပါ ပစ္စည်းလက်ခံသူ(ရောင်းပေါင်စာချုပ်နဲ့ ဝယ်ထားသူ) တွေ လည်း တရားခံ ဖြစ်သွားနိုင်ပါတယ်။ သူတို့က လည်း မခံမရပ်နိုင်ဖြစ်ပြီး မ.....ကို လိမ်လည် ရောင်းချမှုနဲ့ ပြန်လှန် တရားစွဲဆိုနိုင်ပါတယ်။ အဲ့ဒီလို "ဖားတစ်ပြန်၊ ကျား တစ်ပြန်" စွဲကြရင်တော့ မ....အနေနဲ့ကတော့ ဒယ်အိုးထဲ ထည့်ပြီး အလှိမ့်ခံရတဲ့ ဆီးဖြူသီးလို ဖြစ်တော့မှာပဲ။ တရားစွဲကြလို့ "ဥစ္စာရင်းမှန်သူသာ ပြန်ရစေ" လို့ အမိန့်ချမှတ်ပေးခဲ့ရင်တော့ ကန့်ကွက်ချက်ရှင်းပြီး ညီလေးအမည်ပေါက် ဂရန်သစ်လျှောက်လို့ရပါပြီပေါ့။ အခုပြောခဲ့သလို မာနတွေ မပြိုင်ဘဲ တရားရုံးမရောက်ခင်မှာ အပြန်အလှန် ညှိနှိုင်းမှုနဲ့ ပြေ လည်သွားကြရင်တော့ အကောင်းဆုံးပါပဲ။ အဲ့ဒီလို မဟုတ်ဘဲ မာနတွေ ပြိုင်ကြရင်တော့ ထောင်ကျသူက ကျ၊ ငွေတွေက ကုန်၊ စိတ်ပမ်း၊ လူနွမ်းတွေ ဖြစ်ကြရပါလိမ့်မယ်။ညှိနှိုင်းမှု ရယူပြီး အဖြေရှာနိုင် ကြပါစေလို့ အကြံပြုလိုက်ရပါတယ်။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)