ဆရာခင်ဗျား...မြေစာရင်းပုံစံ(၈)ရထားသော မြေကွက်အား ပုံစံ(၃၀) မလျှောက် ဘဲ ရောင်းလို့ရသည်မှာ ဟုတ်ပါ သလားခင်ဗျာ။ အကယ်၍များ ရောင်းချင်ရင် မည်သို့ လုပ်ကိုင်ရမည်ကို သိလိုပါ၍ မေတ္တာရှေ့ထားဖြေပေးပါဆရာ။
မေးသူ - ကိုပြည့်ဖြိုး မြေစာရင်းပုံစံ (၈)ဆိုတာ "မြေခွန်ပြေစာ" ကို ပြောတာ မဟုတ်လား။ အဲ့ ဒီ မြေခွန်ပြေစာနဲ့ ရောင်းလို့ ရပါတယ်။ ဝယ်တဲ့သူ က ပိုတောင် ကြိုက်သေး တယ်။ ကြိုက်တယ်ဆိုတာက မြေခွန်ပြေစာ ရှိတဲ့ လယ်သမားထံက ဝယ်ပြီး တာနဲ့ ကျေးရွာ လယ် ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ထံမှာ လယ်မြေ အရောင်း အ ဝယ် စာချုပ်ကို တင်ပြဖို့တော့ လိုတယ်။ ဒါမှ နောင်နှစ်မှာ ယခင် မြေ ခွန်ပြေ စာ အမည်ပေါက်သူနေရာမှာ ကိုပြည့်ဖြိုး အမည်နဲ့ မြေခွန် ထွက်လာပါ တယ်။ ဆောင်ရွက်ပုံ အဆင့်ဆင့်ကတော့ ကျေးရွာ/ အုပ်စု အုပ်ချုပ်ရေးမှူးနဲ့ တိုက်ရိုက်ဆွေးနွေးကြည့်လိုက်ရင် လုပ်ထုံးလုပ်နည်းတွေ ပြောပြပါလိမ့်မယ်။ ဒါက လယ် မြေ ပြေစာရှိသူထံက ဝယ်ပြီးး မိမိအမည်ပေါက် ပြေစာ ရနည်း ကို ပြောပြတာ။
ဒီလိုမဟုတ်ဘဲ မြေစာရင်းပုံစံ(၈) [မြေခွန်ပြေစာ] ရထားတဲ့ လယ်ယာမြေကို ပုံစံ(၃၀)လို့ ခေါ်တဲ့ အခြားနည်း။ လူနေထိုင် ခွင့် မလျှောက်တော့ဘဲ။ အိမ် ရာမြေကွက်တွေ ရိုက်ပြီး ရောင်းစားချင်တယ်ဆိုရင်တော့ တရားမဝင်ပါဘူး။ လယ်ယာမြေပေါ် မှာ လူနေထိုင်ခွင့် မရှိပါဘူး။ လောလောဆယ် မှာေ တာ့ ရောင်းတဲ့သူတွေ ရှိလို့ ဝယ်တဲ့သူတွေကလည်း ဝယ်နေကြတယ်လို့ သိရပါတယ်။
အကယ်၍ တရားဝင်ရောင်းချရင်တော့ လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေ အ တိုင်းပဲ လျှောက်ထားရယူရမှာပေါ့။ မြေစာရင်း ပုံစံ(ဂ) ရထားတဲ့ မြေကို ပုံစံ-၇(လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ်)ရအောင် လျှောက်ရမယ်။ ပုံစံ(၇) ရပြီး မှ ပုံစံ-၃၀(က) လယ်ယာမြေ အခြားနည်းပြုခွင့်ပြုခွင့် ရဖို့ ဆက် လက်ေ လျှာက်ယူရမယ်။ ယာမြေ၊ ဥယျာဉ်ခြံမြေ၊ စနိမြေ၊ ကိုင်း၊ ကျွန်း မြေတွေကို လည်း ဒီနည်းအတိုင်းပဲ လျှောက်ယူရမယ်။ ဗဟို လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ က ခွင့်ပြုတယ်ဆိုရင် လယ်ယာမြေများအား အခြားနည်း အသုံးပြုရန် လက် မှတ် [ပုံစံ-၁၅(ခ)] ထုတ်ပေးပါတယ်။ အဲ့ဒီလက်မှတ်ရရင် အဆောက် အဦးေ ဆာက်လို့ရပါပြီ ခင်ဗျား။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။